သတိလေးတော့ ခဏရ။
ပျောက်ကွယ်တဲ့ မြက်ဖျားနှင်းလို..
သူ တနေ့ မှာ..ရက်စက်မလား..
ရင်ထဲ စိုးရိမ်။
လေပြေတိုးချိန်..
ရွေ့ လျှားမဲ့ ထက်ဖျား မိုးတိမ်
သူ တနေ့ မှာ..ပြောင်းလဲမလား..
ရင်ထဲ စိုးရိမ်။
မနာလို အတင်းတွေ..
ပြောတတ်တဲ့ လူ့ သဘောမနောမှာ.
သူလေ.နားယောင်..စွန့် ပစ်မလား။
ရင်ထဲ စိုးရိမ်။
ပူပင်ရအမှန်..
သိပ် ချစ်သူသာ..စိတ်ပူရတယ်။။
ပိုတယ်ပြောစေ..
ကျမချစ်တာ အကုန်လုံးသိတယ်။
ဝေးနေတဲ့အချိန်..
အစဉ်အမြဲ မောင်သတိရနော်။
မိုးသားရဲ့အခြေ..
သက်တန့် အခြေ..
ဒီနေရာမှာ..ကိုယ် ရှိတယ်..
လာလည်ပါနော်..ချစ်သူ။။
မ
No comments:
Post a Comment