Honey! I am Home.
အလုပ်တွေများ ပင်ပန်းပြီး..
အိမ်ပြန်လာမဲ့ မောင့်ကို..
မအိပ်ဘဲ စောင့်နေတယ်။
ဒီနေ့ 
မောင် နောက်ကျမယ်တဲ့။
အမောပြေ..ရေအေးအေး..
အမောပြေ..အနမ်းကလေး.
လှလှပပ..မွှေးမွှေးကလေး
ထမင်း စားပွဲပြင်ပြီး ကျမကကြို
လွန်ခဲ့တဲ့ နှစ် ၃၀ က
အိမ်လှေခါးရင်း..
အမေက..အဖေ့ကိုကြို..
“ မောနေလားမောင် “တဲ့.
ကျမ ခုထိ သတိရတယ်..။
မောင့်အမောတွေ အဆုံးသတ်အောင်..
အချိုဆုံး အပြုံး
အကြင်နာမျက်လုံးတွေနဲ့ 
ရင်ခုန်စွာ..ကျမမျှော်နေဆဲ
ရင်ခုန်စွာ.ကျမစောင့်နေဆဲ..
ကြားချင်တယ်..
“Honey .. I am home.”
ဆိုတဲ့ အချိုဆုံး မောင့်အသံ။
စုစု
No comments:
Post a Comment