Monday, August 20, 2007

ဗိုလ်နေမြဲ..ကျားနေမြဲ


နေပစေလေ..
ထားခဲ့တော့..မင်းရက်စက်တတ်ရင်လဲ..
လွမ်းခွင့်မပိုင်..ဖယ်ရှောင်..အဝေးမင်းနေဆဲ..

ကိန္ဒရာတွေ..မိုးည..တယောက်တဖက်ဆီကွဲ..
လွမ်းရဖြေမဆည်..ရက်ပေါင်းများစွာ. ငိုဆဲ...

အချစ်သက်သေ..ဒို့ အချစ်ညများစွာထဲ..
ခုတွေး..မက်မပြေ..အိမ်မက်ထည်း..မင်းလာမြဲ

ထားခဲ့တယ်လေ
ဂတိတရား..ကိုယ်စီရင်ထဲ..
ခုတော့ကြွေ..လေလွင့်မြော..ရွက်တေလေ၀ဲ

သွားရစ်တော့လေ..
ခွင့်လွတ်တော့..မချစ်နိုင်တာလည်း
ထားခဲ့နော်.. ဗိုလ်နေမြဲ..ကျားနေမြဲ

ရက်စက်တယ်.
ဆိုချင်လည်းမင်းဆိုတော့..သိလိုက်တာ..
ဘယ်တော့မှ..မင်းမချစ်ခဲ့ဘဲ။

ထားခဲ့နော်..
အဝေးနယ်…တယောက်တကွဲစီကွဲ
လွမ်းခွင့်မရှိသာ.. ဗိုလ်နေမြဲ..ကျားနေမြဲ

(ချစ်ပါသော်လည်း..မဖြစ်နိုင်..

ဝေးနေသော်လည်း..ဒို့ မနီးနိုင်..
သမုဒ္ဒရာတွေခြား..ဝေးတမြေ..

နီးချင်သော်လည်း…ကံနည်း သူ..
ထားရစ်ခဲ့တော့လေ…

ကျမတို့ဘ၀တွေ..
ဟိုအရင်လိုဘဲ.. ဗိုလ်နေမြဲ..ကျားနေမြဲ)

(စုစုကဗျာ ) ၈။၂၀။၂၀၀၇

Thursday, July 12, 2007

မနမ်းဘူးသေးတဲ့..ဒီ..ပါးပြင်။

ကိုယ်တခါမှ….မနမ်းဘူးသေးတဲ့..ဒီပါးပြင်
ကြင်နာစွာ..နမ်းခွင့်လေး ..တော့ ခွင့်တောင်းချင်
ချယ်ရီရောင် ..ရှက် မို့ မို့ သန်း ..ဒီပါးပြင်
ဖြုဝါ၀ါ..အကြော့စိမ်း ရှက်တဲ့..ဒီပါးပြင်

ခင်တွယ်သူကို .. တွေးပွေ့ တယုယ မောင်နမ်းချင်
ယုံပါနော် အသက်ထက်ချစ်တဲ့ ချစ်ဦးခင်..
မထင်စေချင်..ပျားပိတုန်း ၀ဲလာ.လှည့်စားအသွင်
ဒ်ီမောင်ရင်ခွင်..အသဲထက်ကဗျည်းထိုးစာတမ်းတင်

သန္တာရောင်..နှုတ်ခမ်းထက် အနမ်းကပူပြင်းလျှင်
ဖြူစင်စွာ.မင်းပါးမို့ မို့  ကိုယ်နမ်းချင်.
ကြည်ဖြူ စွာ..ခွင့်ပြု လှဲ့ တော့ ချစ်ဦးခင်

ဆံနွယ်တွေ..ဖုံးအုပ်မထားနဲ့ .ဒီပါးပြင်
ညင်သာစွာ။။ထွေးပွေ့  တယုတယပိုက်ထွေးစဉ်..
ရင်ခုန်စရာ..နူးညံ့လှပ အဖြူအနမ်းတွင်..
ဆိုစေချင်..မိုးလောက်ချစ်တာ..မောင်ကြားချင်

တုန်ရီ..ရင်ခွင်..အနမ်းပန်းခူးမလို့ .စိတ်ကူးယဉ်..
ရင်ခုန်သံ..မိုးထိပေါက်မတတ်..ရင်ထဲတုန်ရင်..
ဒီအပျိုစင်..ပါးလေးနမ်းဖို့ ..မ၀ံ့မရဲ ပင်
ဆင်စွယ်ရောင်..နူးညံ့ လှပ..ဒိီပါးပြင်.

မညိုမညင်..ခွင့်ပြုလှဲ့ တော့..ချစ်ဦးသခင်
ဒီမောင်ရင်ခွင်..မေ့မရ... အိမ်မက်..လမင်းရှင်
ကြင်နာလျှင်..နမ်းခွင့်လေးတခု….ခွင့်ပေးအစဉ်...

(စုစုကဗျာ ) ရ။၁၂။၂၀၀၇

ငရဲတောင်လိုက်ရဲတယ်..

မင်းဘယ်ကို..သွားသွား မင်းအနားမှာမခွါ..
အရိပ်ကလေးလိုသာ..ကိုယ်လိုက်ပါရစေ။

မင်းဘယ်ဆီရောက်ရောက်..မင်းအပါးမှာသာ..
ဖ၀ါးထပ်တူသာ..ကိုယ်လိုက်ပါရစေ။

မင်းမကြည်ဖြူလဲနေ..ကိစ္စမရှိဘူးမေ..
မျက်နှာကလေးမြင်..စိတ်ဘ၀င်ကြည်မြေ့အစဉ်.
အများရဲ့ အမြင်..အကဲပိုတယ်..ထင်ချင်ထင်...

ကြားလေတို့ သွေးရင်..အိပ်တောင် မပျော်ဘူးလေ..
အမြဲတမ်းထာဝစဉ်…အနားနားနေချင်..
မင်းအပါးမှာပင်..ကိုယ်..သားကောင်ကလေးလိုပင်။

မင်းသာမပါခဲ့ရင်..နိဗ္ဗါန်ဆိုလည်း..မခင်..
မင်းရင်ခွင်ထဲတွင်..အမြဲပျော်မွေ့ပြီးရွှင် ….
သူများတွေ..အတင်းဆို…ပြောချင်ရာ.. ပြောပစေ.
မင်းသာ..ကိုယ်ချစ်နေ..တခြားသူမရှာဘူးမေ
ငရဲသွားရင်တောင်။။မကြောက်မရွံ မညိုမငြင်

မင်းအပါးမှာပင်..ကိုယ်..သားပိုက်ကောင်ကလေးလိုပင်။
မင်းအပါးမှာပင်..ကိုယ်..သားပိုက်ကောင်ကလေးလိုပင်။

(စုစုကဗျာ ) ရ။၃။၂၀၀၇

Sunday, June 17, 2007

မြပန်းလွှာရုံ..အလှနှင်းဆီငုံ


ငုံတ၀င့်ဝင့်..မှုန်ရွှေပန်းမြင့်
လေအစွင့်ပွင့်..မြလွှာရုံ

ဝတ်ရည်ထုံထုံ..ပွင့်ချပ်အာငုံ
အာရုဏ်မရေးတရေး..
နေခြည်မှာ..လန်းပွင့်..ပန်းရဂုံ..

အားမာန်သစ်ဝင့်ဝင့်ထယ်ထယ်..
တင့်တယ်ပါပေသည်..
ဆူးများနဲ့ဝန်းရံထားတဲ့..ဒီမှုန်ရွှေနှင်းဆီ..
ထုံဝေကြိုင်သင်းကြည်..
ချုရဲ့သူ..ချုလာလှဲ့တော့..ပန်းအလှဝတီ..ဆူးနဲ့မြနှင်းဆီ..

ဝတ်လွှာနု ..ပွင့်ချပ်ကေသွယ်..
အလှကြွယ်ရှာပါပေသည်။
ဆူးများနဲ့ကာရံထားတဲ့..ဒီမှုန်ရွှေနှင်းဆီ..
လို ချင်သူပေါသည်။
ချစ်သူကို.ကြည်ဖြုခှဲ့ပေါ့..နမ်းထိုက်ပြီ..ဆူးမဲ့မြနှင်းဆီ....

ကြိုတလင့်လင့် ချုသူလှမ်းစွင့်
ဆူးများနှင့်..နှင်းဆီငုံ..

အလှသွေးစုံစုံ..ပန်းမြလွှာရုံ..
ခိုင်မာရည်သွေး..
နေရောင်မှာ..လန်းစွင့်တင့်တယ်ဂုဏ်

(စုစုကဗျာ) ၆။၁၇။၂၀၀၇

ညီမလေး..မြလွှာရုံဆိုတဲ့နံမည်လေးကိုချစ်မိသွားလို့ ရေးပါတယ်.။ မြန်မာသံစဉ်လေးပါ.
ကြားချင်ရင်..ဆိုပြပါမယ်ရှင့်

မ..ရယ်..

မ..ရယ်.. မောင်.သိပ်ချစ်တယ်နော်...
ယုံကြည်အောင်..ဘယ်လိုလုပ်လို့ ပြရမယ်..
မ…ရယ်..မတွေ့ ရ..မနေနိုင်..
အချစ်ရူးသူ..အစိမ်းသက်သက်..မ…မောင်လေ..

မ..ရယ်..ဖွင့်ပြောဖို့ ကြံစည်ရွယ်..
သိနှင့်သူ…အရှောင်အတိမ်းနဲ့ လွဲဖယ်..
မ..ရယ်..ဘာတွေဘဲတားဆီးပစေ..
အချိန်မှန်ဆို..အရောက်..မောင်..ပန်းတော်ဆက်မယ်..

မ..ရယ်..ခြေအေးဝမ်းယောင်..မောင်လေ..
မ..အပြုံးမြင်..ကြည်နုးချွေးသိပ်ပျော်ရွှင်….
မရယ်..ဘာကြောင့်များ..အိပ်ချင်ယောင်…ဆောင်..
မောင်ချစ်တာ..သိသားရက်..နှုတ်ဆိတ်နေ..

အသက်ချင်းမတူ..အရွယ်မတူဘူး..မညင်းနဲ့ နော်..
နတ်သျှင်နောင်..ဓါတု..ကိုချစ်တယ်..
အရွယ်ကြီးငယ်..အချစ်စစ်နဲ့ ..လုံးဝမဆိုင်..
မောင်မျှော်မှန်းတာ..မတယောက်ဘဲ..ရင်ထဲ..ယုံ..

(မ..ရယ်.. ချစ်လှဲ့ ပါ..ဒီမောင့်ကို…
မ..ရယ်.ကြွေလှဲ့ တော့…မောင့်ရင်ခွင်..
နတ်သျှင်နောင်..ဘ၀ဆုံးထိ..ချစ်မဲ့မောင်…
ယုံကြည်ပါ…နော်..မောင့်မမ…ဓါတုကလျှာ…)၂

(စုစုကဗျာ) ၆။၁၇။၂၀၀၇

Monday, June 11, 2007

မောင်…ကဗျာရေးတဲ့ည..

ဟင်း…အိပ်လို့ လည်းမပျော်တော့ဘူး..
မင်းအကြောင်းလေးတွေဘဲ…တွေး..တွေးမိနေ..
ခက်နေပြီ..အချစ်လေး…
မောင်…..မင်းနဲ့ဝေးတဲ့….ညကလေး..

မင်း…မျက်လုံးလေးတွေကို..ကိုယ်..ချစ်မိနေပြီ..
စားလို့ လည်းမရဘူး..မင်းအကြောင်းဘဲ..ကိုယ်တွေးမိနေ..
ချစ်သူနဲ့ ..ဖေါ်ကွာဝေး..မောင်..ဆွေးတဲ့..ဒီညလေးတည..

မင်း…အသံကလေးတွေကို..ကိုယ်..ကြားမိနေပြီ..
တားလို့ လည်းမရဘူး..မင်းက..ကိုယ်နားအမြဲ..နေ..
ချစ်သူရဲ့ ..အကြောင်းကိုတွေး….သံစဉ်..ဝေးတဲ့..ဒီညလေးတည..

မင်း…အတွေ့ ကလေးတွေကို..ကိုယ်ခံစားမိနေပြီ..
အနားမှာနေပါဦး…မင်းမှမင်းသာစွဲလန်းနေ
အချစ်ရည်ရစ်မူး .မောင်အတွေ့ ထူးတဲ့..ဒီညလေးတည..

မင်း…ရနံ့ လေးတွေကို..ကိုယ်..သတိရနေပြီ..
သွားပါနှင်လို့ လည်းမရဘူး..မင်းစိတ်ကြောင့်.ကိုယ်ရူးမိနေ.
လမင်းဆီမျှော်ကာငေး…မောင်..ကဗျာရေးတဲ့..ဒီညလေးတည..

(စုစုကဗျာ) ၆။၁၂။၂၀၀၇

အုံ့ ပုန်းရှက်ရှက်..ခက်နေတဲ့မောင်..

အကြည့်ချင်း ဆုံ..ဒီ မျက်လုံးလေးတွေ
လှိုက်ကနဲ ခုန်..အသက်ရှုလေး..ရပ်သွားခဲ့ပြီ..
ဒိတ်ကနဲ ဆို..ကိုယ် သိလိုက်တာလေ..
သူလေး ဟာ..ပုံပြင်ထဲ က..ဖူးစာရှင်

ချိုပွင့် ငုံ..အချစ်ပန်း များပွင့်ခဲ့ပြီ
မပြောလဲ ယုံ…ဒီရင်မှာ..သိပ်ချစ်မိတာ..
ဘယ်လို လုပ်ခါ…သူသိအောင်ပြောဖို့ ရာ..
အရဲစွန့် ကာ..ဖြစ်နိုင်ပါ့မလား..လေ..

(မင်းအိမ်နံဘေးမှာ..ကိုယ်ခဏ..ခဏ aယာင်လည်လည်..
ည..ည..လူခြေတိတ်ချိန်..မင်းကြားအောင်..သီချင်းလေး ဆို
ခွေးကလေး ကဟောင်..ကြောက်ဒူးတောင်..တုန်မိတယ်..
အိပ်ထဲမှာ..အဆင်သင့်ပါ စာကလေးက.တစ်စောင်..
မပေးဖြစ်တာ…၆ လတောင်..စွန်းခဲ့ပြီ
မျက်စောင်းတို့ ညို ညို..မကြည့်နဲ့နော်..အသည်းကွဲရအောင်..
မပြောရဲတာ..ကိုယ်..အုံ့ ပုန်းမောင်…) ၂

(စုစုကဗျာ) ၆။၁၂။၂၀၀၇

Sunday, June 10, 2007

တဖန်ပြန်လည်..ကြိုးစားခြင်း

ရဲရင့်လေ.ရဲရင့်စေ. မင်းရဲရင့်တော့လေ

အတိတ်ဟောင်းက..နှောင်းခဲ့ပြီဘဲ
ပုံရိပ်ဟောင်းလည်း..ပြောင်းခဲ့ပြီဘဲ..
နိမိတ်ကောင်းဟာ..ဒို့ နဲ့ အတူတူတွဲ..
မင်းရဲရင့်ဘို့ ဘဲလိုအပ်တယ်.

ဒါဏ်ရာဟောင်းက..ကျက်ခဲ့ပြီဘဲ
အမှောင်လမ်းများ..လင်းခဲ့ပြီဘဲ..
သံစဉ်ဟောင်းလဲ..ပြောင်းခဲ့ပြီဘဲ
မင်းရဲရင့်ဘို့ ဘဲလိုအပ်တယ်..

ကံအကြောင်းမပါ..အသဲကိုယ်စီကွဲ
အမှန်အကြောင်းအရာ..ရှုံးနိုမ့်ခဲ့လဲ
အချိန်ကောင်းဟာ..ခုရောက်ပြီဘဲ
မင်းရဲရင့်ဘို့ ဘဲလိုအပ်တယ်.

အာရုဏ်ဦးဟာ..လက်တကမ်းမှာဘဲ
ရောင်နီမြူးဟာ..လင်းလက်စွာရဲ
ကံအကြောင်းသာ..ဒို့ တွေ့ ပြီဘဲ..
မင်းရဲရင့်ဘို့ ဘဲလိုအပ်တယ်..

လေပြေထွေးသာ..နွေးထွေးရင်ထဲ
ချိုအနမ်းဖြာ..မေ့မရပြီဘဲ
ရင်ခွင်နွမ်းမှာ..အချစ်စပြီဘဲ..
မင်းရဲရင့်ဘို့ ဘဲလိုအပ်တယ်..
ရဲရင့်လေ.ရဲရင့်စေ. မင်းရဲရင့်တော့လေ

(စုစုကဗျာ)

Saturday, June 9, 2007

တစုံတဦးအတွက်. ရင်ထဲကဒီတစုံတရာ

ညလေပြေရူးမှာ…ဆောင်ယူလာတဲ့..သဲ့သဲ့လေသံ..
မင်းခေါ်သံလား…..၀ိုးတ၀ါး..မရေမရာ..အတွေးနယ်..

လရောင်တွေဆမ်းတဲ့..ပန်းများရဲ့..ချိုသင်းရနံ့ ..
မင်းရနံ့ တွေလား..စိုးမိုးရင်မှာမွှေးတယ်..

ညအမှောင်အရိပ်လမ်းက..တာရာကြယ်ရဲ့..ယဲ့ယဲ့..အရောင်
မင်းပေါ်လာမလား..မရဲတရဲ..ကြင်နာ..အဆွေးကြွယ်..

မင်းဘယ်မှာလဲ..မောင်တစုံတဦးရယ်..
အတွေးနယ်ပယ်ထဲ….စိတ်ကူးယဉ်ခဲ့..
ပျောက်သူရှာတွေ့ ဘို့ ..ကိုယ်ကြိုးစားနေဆဲ..
မင်းဘယ်မှာလဲ..အချစ်ရယ်..လွမ်းတယ်..

တနေ့ နေ့ ..တချိန်ချိန်..တနေရာရာမှာ..တွေ့ လိမ့်မယ်..
မျက်လုံးတွေထဲ..ဖွေရှာဆဲ.. တစုံတဦးရယ်
တွေ့ မယ်..ရှိမယ်..ကိုယ်သိတယ်..

ကြင်နာမျက်လုံးတွေနဲ့ …ကြည့်မဲ့ တစုံတဦးရယ်.
ညင်သာအနမ်းတွေနဲ့ ..နမ်းမဲ့ တစုံတဦးရယ်.
ရင်ခွင်ထက်မှာ..ရယ်မောနေမဲ့ ..မောင့်ရဲ့ တစုံတဦးရယ်.ရှိမယ်..

ပေးဖို့ ..ဒီရင်မှာ..သိမ်းထားတယ်..
ဒီ တစုံ တရာ မောင့်ရင်မှာ..နွေးထွေးစွာ..အကြင်နာ
မောင့်အချစ်ပါ။

Friday, June 8, 2007

သိပ်ဆိုးတဲ့..ချာတိတ်ကောင်ကလေး..

မလာနဲ ကွာ..ဟောက်တိုင်း.. သူ သနားစရာကလေး
မျက်ရည်ဝဲ အားငယ်တာ..ချာတိတ်..ကလေး
မနှင်ပြန်ရင်....ချွဲ ပူဆာ...သိပ်မုန်းစရာလေး..
အရွယ်မတူ.. မချစ်နဲ့ ဆို သူ့ စိတ်ကောက်ကွေး

ငယ်ရွယ်ရွယ်..ချစ်ရူးရူး..မူးမူးမိုက်..ကလေး..
လူတွေမြင်..ကဲ့ရဲ့မှာ..မမ..ကြောက်သေး..
ကောင်မလေးတွေဝိုင်းကြိုက်နေ..လေတော်တော်သွေး
ဒါဆိုရင်.. လာမကြိုက်နဲ့ ..ဒို့ ကောင်မလေး..

ဂျီတွေကျ..ဆရာလုပ်နေ..ကြည့်မရသေး
ဝေးဝေးသာ..သွားနေကွာ…မင်းခလေး..လေး..
ဒီမှာဆရာပေါက်စမို့ ..လူကြီးဟန်ပေး..
တီတီတာ..မင်းချွဲတောင်..စိတ် မပါသေး..

အဖေဆူမယ်…အိမ်မလာနဲ့ ..ဟဲ့..ကောင်လေး.
အရွယ်မတူုသူ..မစဉ်းစားချင်..ဝေးဝေးရှောင်ပြေး
ကိုကို..သူ..ရှိနှင့်ပြီ..ကန်တော့ဆွမ်းကြွေး
ငိုချင်ရင်…မအောင့်နဲ့ လေ..ငိုလိုက်..မောင်လေး

စိမ်းကားလို့ အသဲကွဲတောင်.မသေနိုင်သေး
အရွယ်တူသူရှာနိုင်မှ.. မင်းစိတ်လေး.အေး..
မင်းကိုမြင်..စိတ်ကူးယဉ်..ဒို့ ညီမလေး..
သူချစ်လို့  ဒို့ မချစ်တာ.. နားလည်ထားပေး..

မောင်လေးလို..ချစ်မိတာ..အပြစ်မယူကြေး
ဖြူဖြူစင်..ရိုးသား..စွာချစ်လိုက် မောင်လေး
ကြင်နာစွာ..ဆိုလိုက်ပြီ.. ..မချစ်နိုင်သေး
စိတ်နာကာ..မုန်းသွားရင်..ဘွာတေး.. ဘွာတေး
ဒို့ မချစ်လို့ ..အသဲကွဲရင်..ဘွာတေး.. ဘွာတေး
စိတ်နာကာ..မုန်းသွားရင်..ဘွာတေး.. ဘွာတေး

(စုစုကဗျာ) 6/8/2007

သူ့ အနမ်း.နဲ့ ရင်ဆိုင်ရဲပြီ..အရာရာ.

သူ့ ရဲ့ အနမ်းလေး..
ဆောင်းနှင်းပွင့်..ဖွေးဖွေးလေး..လို
ရင်ထဲမှာ..အသဲစိမ့်အောင်..အေးမြလွန်းတယ်..

သူ့ ရဲ့ အနမ်းလေး..
ကျောက်စက်ရေ..အေးအေးလေး..လို
ရင်ထဲမှာ..အမောပြေ..တမ်းတတမပြေ

သူ့ ရဲ့ အနမ်းလေး..
ပျားရည်စက်…ချိုမွေးမွေး.လို
ရင်ထဲမှာ..မေ့မရအောင် စွဲလန်းလွန်းတယ်..

သူ့ ရဲ့ အနမ်းလေး..
ဆားငန်ရေ..သောက်လေငတ်မပြေ
ရင်ထဲမှာ..ဖြတ်မရအောင် ရူးသွပ်မိပြီ။

မထားခဲ့နဲ့နော်..နင်မရှိရင်..ဒီမှာ..ဟာတာတာ..အရူးကြီးဖြစ်နေ..
မရက်စက်ကြေးဟာ…အဆင်မပြေတာ..ဆွေးနွေးပြုပြင်..
တကယ်လက်တွေ့ ဘ၀ဟာ..အမြဲတမ်း..ရွှေရောင်စဉ်နေ့ တို့ မဖြစ်နိုင်.
ကြိုးစားကြမယ်.ဒို့ အတူလေ..ပန်းတိုင်ရောက်အောင်..

အနမ်းကလေးတွေ..အချစ်လေးတွေ..အလွမ်းလေးတွေ..သတိတရနဲ့ လေ
သယ်ဆောင်ကာသွားကြမယ်..နေ့ သစ်သို့ လေ။
(စုစုကဗျာ) ၆။၈။၂၀၀၇

Thursday, June 7, 2007

မင်းမငိုနဲ့ 

အမှောင်မိုက်ထဲမှာ…မင်းမငိုနဲ့ ..ခလေးရယ်..
တကယ်ဆိုရင်…ဘ၀ဆိုတာ…သက်တမ်းတိုတိုရယ်..
အချိန်ကောင်းများကို….သုံးစေချင်တယ်..
အလင်းရောင်ကို မင်းရင်ဆိုင်ကွယ်..

အယောင်ဆောင်လောကထဲမှာ…မင်းမနေနဲ့ ..ခလေးရယ်..
တကယ်ဆိုရင်…ရိုးသားမှုဟာ…ဘ၀ မှာလိုတယ်
ရှင်းလင်းလိုက်ပါ..မင်းဝိဥာဉ်မြူစင်
ငြိမ်းချမ်းမှုဟာ…မင်းရင်ခွင်တွင်..

လှောင်တိုက်ထဲမှာ…မင်းမပျော်နဲ့..ခလေးရယ်..
တကယ်ဆိုရင်…နာရီရွှေ့ တာ..သိပ်မြန်ဆန်တယ်။.
မနက်ဖြန်ဆိုတာ..သိပ်မသေချာကွယ်...
စက္ကန့် တိုင်းဟာ..အသုံးဝင်ပါတယ်။.

ထောင်ချောက်ထဲမှာ…မင်းမနေနဲ့ ..ခလေးရယ်..
တကယ်ဆိုရင်…စွမ်းအားဆိုတာ…မင်းပိုင်ဆိုင်တယ်..
ဥာဏ်အားကိုးကာ..လွတ်အောင်ကြံကွယ်
လွတ်ငြိမ်းမှုဟာ..မင်းထိုက်တန်တယ်..။

အလင်းရောင်ထဲမှာ…မင်းပျော်တော့..ခလေးရယ်..
တကယ်ဆိုရင်…ပြောင်းလဲမှုဆိုတာ…လုပ်သင့်တယ်နော်..
ပန်းပေါင်းပွင့်တစ်ရာ….ဖူးပွင့်မြေ၀ယ်..
မင်းကြိုးစားတာ..သိပ်ကိုမှန်တယ် ။

(စုစုကဗျာ) ၆။၃။၂၀၀၇

ညီမလေး…zuzin အတွက်

Wednesday, June 6, 2007

အဖေါ်ကောင်းတွေ့ ပြီ..မင်းကံကောင်းပြီမှတ်

ရွှေပင်လယ်ကိုသွားဖို့ ခေါ်မလား။။
ဟင့်အင်း.. ဟင့်အင်း.လိုက်ချင်ဘူး
သက်တောင့်သက်တာရှိတဲ့ဘ၀..ဘာများအရသာရှိမလဲနော်..
ရွှေစော်နံ ပြန်လိုက်အုံး…ဘိုင့်ဘိုင်..မင်းဖာသာသွား

ပန်းခင်းလမ်းကိုသွားဖို့ ခေါ်မလား။။
တော်ဘီ..တော်ဘီ.လိုက်ချင်ဘူး
မွေးပျံ့တဲ့ပန်းရနံ့ တွေကြား..ကြိုးစားချင်တဲ့စိတ်တွေပျက်ပြား
ပန်းစော်နံ ပြန်လိုက်အုံး…ထားခဲ့တော့..မင်းဖာသာသွား

မီးပင်လယ်ကိုဖြတ်ဖို့ ခေါ်မလား။။
လာလေကြာတယ်..အခုခေါ်မလား
စိတ်ဝင်စားဖို့ကောင်းတဲ့လမ်း..ဘ၀ရဲ့သတ္တိများနော်..
စိမ်ခေါ်ရင်လေ..ဘွာမကူတမ်း..အိုကေ..အိုကေသွားမယ်လာ..

ဆူးခင်းလမ်းသွားဖို့ ခေါ်မလား။။
နွေကန္တာပူလောင်ပြင်းတောင် ဒို့ မကြောက်ဖူး
မင်းလက်ကလေးကို..ဒို့ အတူတွဲ..ငရဲတောင်သွားရဲတယ်နော်
ကြည်ဖြူပါတယ်..ဒီအချစ်လမ်း..
ဟာ ဟာ့ ဟာ ဟာ့ ဒို့ အတူလှမ်း

( ပင်လယ်ပြင်မှာလှေမှောက်လည်း..မကြောက်ဖူး မင်းနဲ့ အတူတူ
ကန္တာလွင်ပြင် ဆယ်နေစင်း.. မပူပါဘူး မင်းနဲ အတူတူ
ဆူးများလည်းကြမ်းပစေ..နောက်မဆုတ်ဘူး
ဒီလို.. ဒီလို ကိုယ်မိုက်ရဲ.. မခွဲဖူး မင်းနဲ့ အတူတူ
စစ်မှန်တဲ့သတ္တိများ..အခက်အခဲတွေဖြတ်ကျော်ရဲတယ်နော်..

လာလေလာလေ သွားစို့ လား.. OK OK သွားမယ်နော်..
ဟာ ဟာ့ ဟာ ဟာ့ ဒို့ အတူလှမ်း… ဟာ ဟာ့ ဟာ ဟာ့ ဒို့  မကြောက်ဖူး
OK ရယ်ဒီ သွားစို့ လား.. ဟာ ဟာ့ ဟာ ဟာ့ သွားမယ်နော်
ဟာ ဟာ့ ဟာ ဟာ့ ဒို့ အတူလှမ်း… ဟာ ဟာ့ ဟာ ဟာ့ မင်းနဲ့တွဲ..
ဟာ ဟာ့ ဟာ ဟာ့ ဒို့ အတူဘဲ… ဟာ ဟာ့ ဟာ ဟာ့ ဒို့  မကြောက်ဖူး
(စုစုကဗျာ)

Tuesday, June 5, 2007

စက္ကူလှေကလေးများမှ..တဆင့်

စက္ကူလှေကလေးချိုးကာ...ရေထဲကို..မျှောချခဲ့တယ်..
ကမ္ဘာတခြမ်းတိုင်..ရွက်လွင့်ကာ..
သူ့ ဆီကိုသယ်သွားမဲ့.. ပန်းလှေ.

ဆပ်ပြာဘူဘောင်းလေးကို.. လေထဲမှုတ်ထုတ်ခဲ့တယ်.
ကမ္ဘာတခြမ်းတိုင်..မြောလွင့်ကာ..
သူ့ ဆီကိုပြောပြမဲ့.. ကိုယ့် အလွမ်းတွေ..
 
ငယ်..ငယ်ချစ်လေးရေ..
အရှေ့ နဲ.့အနောက် ကမ္ဘာ ..တကယ်ဆို ဝေးကွာ..
နေ့  နဲ့  ညအခါ..ကိုယ်တို့ ကြားမှာ..
ဆောင်းနှင်းပွင့်တွေ..ကြွေလွင့်မျောနေချိန်..
လွမ်းမိတယ်ဆို..မင်းယုံတော့နော်..

မိုးပျံဘော်လုံးလေးကို... ဝေဟင်ဆီ.ပျံလွှတ်ခဲ့တယ်
ကမ္ဘာတခြမ်းတိုင်..လေဟုန်စီးကာ..
သူ့ ဆီကိုအရောက်သွားဖို့ .. အချစ်တွေ..

ချိုးဖြူ ဌက်ကလေးတို့ ကို  မိုးယံဆီ စေလွှတ်ခဲ့တယ်။
ဟို အဝေး နယ်  တောင်ပန်ဖြန့် ကာ
သူ့ ဆီကိုပေးလိုက်တဲ့ ကိုယ့် အနမ်းတွေ


ငယ်..ငယ်ချစ်လေးရေ..
ချစ်ရက် နဲ့ ဝေးကွာ..ပုံပြင် မဟုတ်ပါ..
အသဲချင်း နားလည်...အိမ်မက်ထည်း မှာ
ချယ်ရီပွင့်တွေ..ဝေနေတဲ့အချိန်..
သတိရတယ်ဆို..မင်းယုံတော့နော်...


ငယ်..ငယ်ချစ်လေးရေ..
ထားခဲ့တဲ့ သစ္စာ..ကိုယ်ကြေကွဲ စရာ..
မရဲတရဲနဲ့ လွမ်းနေ ..ကိုယ် အဝေး မှာ
နေကြာပန်း လို  နေအလာယိမ်းနေ
အရိပ်လို လိုက်ပါ ..မင်းယုံတော့နော်...

(စုစုကဗျာ) ၆။၎။၂၀၀၇

Sunday, June 3, 2007

မချစ်တော့ဘူး..သတ်ချင်..သတ်ပစ်လိုက်

လာ..လာ..မမေး..နဲ့ 
မပြောတော့ဘူး..နှုတ်ပိတ်ထား.တယ်.

လာ..လာ..မချွဲ..နဲ့ 
မပြုံးတော့ဘူး..ဆုံးဖြတ်ထား..တယ်..

လာ..လာ..မနမ်း..နဲ့ 
မလွမ်းလောက်ဘူး..စိတ်မှတ်ကြီး..တယ်..

လာ..ပြန်..မချစ်..နဲ့ 
အမုန်းဆုံးလို့ ..သတ်မှတ်ထား..တယ်..

ကြောက်သွားပြီ…မင်းအချစ်က အဆိပ်တက်လွန်းတယ်..
ချိုပျားရည်…ဒါးသွားမြ..အသွားထက်ဆီ..
မှတ်သွားပြီ..အရှုံးခါးသက်..ဒီအရသာ..

( လာ..လာ..မရှုပ်..နဲ့ ..သေထိတောင်..မချစ်တော့ဘူး.လေ။
သတ်ချင်..သတ်လိုက်.. မပြောတော့ဘူး..သိပ်..သိပ်..ချစ်တာ.
သတ်ချင်..သတ်လိုက်.. မနမ်းတော့ဘူး..သိပ်မုန်းတယ်
သတ်ချင်..သတ်လိုက်.. မပြုံးတော့ဘူး..ရက်စက်တတ်လာ.
သတ်ချင်..သတ်လိုက်.. မုန်းတတ်အောင်..မင်းသင်ပေးတယ်)၂

သတ်ချင်..သတ်လိုက်.. အားလုံးကိုမေ့ထားခဲ့ပြီ။

(စုစုကဗျာ) ၆။၃။၂၀၀၇

ဒီပခုံးပေါ်….ပါးလေးအပ်ကာ

(ဒီရင်ခွင်မှာ…မေးလေးတင်..
အရင်လို.အိပ်စက်ခွင့်…ရပါ့ရစေ…

ဒီပခုံးပေါ်….ပါးလေးအပ်ကာ
အရင်လို.ကိုယ်ချွဲ.ပါ့ရစေ…


(ချစ်…ခဲ့မိသူ..လေပြေထည်း ဘယ်ဆီမှာ
ဝိုးတ၀ါး အရိပ် တောင်...... ရှာမတွေ့ ဖူး မောင်
အနေ ဝေး..တစိမ်းပြင်…ကိုယ်စိတ်အား..ငယ်ငယ်..
မေ့မရ
နာကျင်….ကိုယ်..တဦးထဲ.)၂.

ဒီမျက်လုံးတွေ..ငေးကြည့်ကာ
အရင်လို...ရင်ခုန်.ပါ့ရစေ…

ဒီစကားတွေ….နားဝတွင်
အရင်လို…ချိုမြိန်.ပါ့ရစေ…

လွမ်း…ခဲ့မိတာ..အချစ်ဆုံး ဘယ်ဝယ်ဆီ
ပြောပြဖို့ တောင်…စာ မမီဘူး ယုံ..
ရေဝေး..လို့ ကမ်းတင်…ဗေဒါလေး..ငယ်ငယ်..
သွေ့ ခြောက်နာကျင်….ကိုယ်လေ..တဦးထဲ.)၂.
(စုစုကဗျာ) ၆။၃။၂၀၀၇

သူငယ်ချင်းကို…ယုံလို့ စုံလုံးကန်း

ယုံကြည်တာ..ကိုယ်မှားသွားပြီလား
ငယ်ငယ်ကတည်းက..ချစ်ရတဲ့သူငယ်ချင်းရေ
ဘာမဆို..လှို့ဝှက်ချက်..တိုင်ပင်ဖေါ်
မင်းကိုယုံ…စုံလုံးကန်းပြီ။

သူငယ်ချင်းရေ…ကိုယ်ရည်းစားရခဲ့တာ..
ကြွားချင်ချင်..မိတ်ဆက်လို့ ပေးတာ
ယုံကြည်တယ်..ကိုယ်စိတ်ချ..အ..တယ်နော်
မျက်လုံးချင်းဆုံ..မင်းတို့ နှစ်ယောက်ချစ်မိသွားတာ..
မသိဘူးနော်..အဖြူသက်သက်ရိုးသားသူ
သံသယအမြင်မရှိခဲ့တာ..ကျမရဲ့အလွန်
ယူသွားပြီ..ကျမအသည်းလေးခိုးသွားတာ
အချစ်ဆုံးလေ..ကျမရဲ့ သူငယ်ချင်းသူ။

ယုံကြည်တာ..ကိုယ်မှားခဲ့ပြီနော်
ငယ်ငယ်ကတည်းက..ပေါင်းခဲ့တဲ့သူငယ်ချင်းရေ
ဘာမဆို.. တိုင်ပင်ဖက်.တိုင်ပင်ဖေါ်
မင်းကိုယုံ…စုံလုံးကန်းပြီ။
ကိုယ်…မင်းကိုယုံ…စုံလုံးကန်းပြီ။

(စုစုကဗျာ) ၆။၂။၂၀၀၇

မောင်လေး…သီချင်းသည်

ညတိုင်းဆို..ဒီအချိန်မှာ..ရောက်ရောက်လာပြီ
ကိုယ့်အိပ်ရာဝင်..သီချင်းလေးနဲ့ ချော့သိပ်သူ..
သံစဉ်များ..ရင်ကြားထိ…တိုးဝှေ့ ဝင်..
သူ့ အသံမကြားရင်..အိပ်လို့ တောင်..ပျော်တော့ဘူးနော်..
သူမလာခင်..စာတွေပြီးအောင်..ကျက်ထားတယ်..
သူလာချိန်..ပြူတင်းပေါက်က..စောင့်ကြည့်နေ

သူ..ဘယ်သူလဲ..အတန်းထဲက..ကောင်လေးလား
ဂစ်တာလွယ်..အမှောင်ရိပ်ကသီချင်းသည်

သူ..ဘယ်သူလဲ..ရွာထဲက..ကောင်လေးလား
ကျွန်းပင်အောက်..တယောက်ထဲဘဲ သီချင်းလေးဆို

သူ..ဘယ်သူလဲ..ရည်ရွယ်လား..သူများကို
အဆောင်ထဲမှာမိန်းခလေးတွေ..အများကြီးလေ

( ကိုယ်စွဲနေ..ဘယ်သူဘဲဖြစ်ဖြစ်လေ..
အမှောင်ရိပ်က ချိုသီချင်းတွေဆိုတဲ့သူ
မုန့် လေးဝယ်..အဆောင်စောင့်ကြီးပေးခိုင်းတာ..
သူပြောတယ်..”ကျေးဇူးပါဘဲ..မရယ်”
ဘယ်သူလဲ..မောင်..ကိုယ်သိပ်သိချင်တယ်
ရင်သိမ့်ခုန်.. အမှောင်ရိပ်ကသီချင်းသည်
ညှို့စွဲနေ.. အမှောင်ရိပ်ကမောင်လေးရယ်)၂

(စုစုကဗျာ) ၆။၂။၂၀၀၇

Friday, June 1, 2007

မောင်တော်ချစ်တဲ့..စုဖုရားလက်..


နေညိုချိန်..တောင်စွယ်နောက်သို့ .. နေမင်းကသက်..
ဂေါဝိန်ဧရာမြစ်ဆိပ်..သင်္ဘောပေါ်သို့အတက်..
နွမ်းလျလျ..ပူလောင်ပြင်း..မောင်တော်ရဲ့ အရှက်..
ပျက်လုလု..ရာဇအိနြေ္ဒ..နန်းကျဘုရင်ရဲ့ခံစားချက်.
ကြေကွဲပြီ..နုတ်ဆက်ခဲ့..ဗမာပြေ ရယ်..
ရတနာပုံကနောက်ဆုံးရက်..

ကြင်နာစွာ..သူလေ တယုတယ..ကမ်းလင့်တဲ့လက်..
ခိုင်မာစွာ..နှောင်တွယ်တိုးလို့ ..အားပေးမဲ့လက်..
မှိန်မှောင်မှောင်..အလင်းကင်းမဲ့..အနာဂတ်များအတွက်..
ဆိုးတူ..ကောင်းဘက်..မောင်ချစ်ရတဲ့..စုနှမလက်..

ရာဇ၀င်ရဲ့ကြား…အမည်ဆိုးနဲ့ လက်..
လိုချင်တာ..အရယူသော..လောဘနဲ့ လက်..
လက်ညှ်ိုးညွန်ရာ..ရေဖြစ်..အာဏာနဲ့ လက်.
အများရဲ့..ပါးစပ်ဖျား..ပြည်ဖျက်တဲ့လက်..

တကယ်ဆို နားလည်မလား..စုဖုရားရဲ့ဘက်.
နန်းလယ်ဘွားလိုတာရ..ရွှေမင်းသမီးလက်..
မဟေသီ..ဒေ၀ီမရဲ့..နုဖယောင်းလက်..
အိမ်နိုမ့်စံမောင်တော်အပါး..သေတပန်ခစားလျှက်..

ငယ်ရွယ်စဉ်..အမှားများနဲ့ .သူမရဲ့လက်..
အရွယ်အိုစဉ်..တရားပွါးတဲ့စိတ်ပုတီးလက်.
စစ်မှန်စွာ..အကြင်နာကြီးတဲ့..အိမ်ရှင်မလက်..
အနိုမ့်ဘ၀မှာ..ရောင့်ရဲမှုနဲ့ ..ဇနီးကောင်းရဲ့လက်..
မောင်တော်သီပေါရဲ့..ကြင်ယာတော်ဖက်
ချစ်ရပါသော စုဖုရားလက်...
(စုစုကဗျာ) ၆။၁။၂၀၀၇

အာဏာရှင်ကိုကို..

သူုဆရာ..လာ လုပ်ခဲ့
ဘာညာ..ဘာညာ မလုပ်နဲ့ တဲ့
ချဉ်ချဉ် ငန်ငန်..မစားနဲ့ တဲ့
မှောင်နေ အပြင်မထွက်နဲ့ တဲ့
( ဟေ့..အပြောကောင်းတယ်..ချုပ်ချယ်တာ..သူ
စိတ်ညစ်တယ်တကယ်..ငိုမိတော့မယ်။)

ရောင်စုံမိတ်ကပ်…မလိမ်းနဲ့ 
အမြင်မတော်တာ..မ၀တ်ရတဲ့
ဆံပင်ရှည်ထားမှချစ်မတဲ့..
မြန်မာဆန်ဆန်လေးမှကြိုက်သတဲ့.
(ဟေ့…လွန်တယ်ပြောမယ်..သ၀န်တိုတာ..သူ
စိတ်သိပ်ညစ်တာ..မုန်းမိတော့မယ်)

စာတွေမှန်မှန်..ကျက်ပေါ့တဲ့
TV ကြာကြာ…အမြဲမကြည့်နဲ့ 
ကောင်လေးတွေ.နားမသွားရတဲ့
သူ့ တယောက်ဘဲချစ်ရမတဲ့.
(ဟေ့ ကြာကြာလေခက်နေ..အာဏာရှင်…သူ
လွတ်လပ်မှုမရှိရင်..ဆက်ချစ်ဖို့မလွယ်)

(အာဏာရှင်ကိုကို..ပါဝါ..ပိုပို..ဘာလိုလို.)၂.
တော်ပြီ မုန်းတယ်…သပိတ်မှောက်ပြီ..
(စုစုကဗျာ)

Thursday, May 31, 2007

ဗျောင်..နောင်..နောင်..ပေ..ပေ..ဂျိ…

ကိုယ်နဲ့ မင်း ဟာ.တရပ်တည်း ဖွားဘက်တော်.
အတူတူကျောင်းနေ..ရန်ဖြစ်ဖက်ရဲမက်အဖေါ်..
ဘော်လုံးပွဲမှာ..ကိုယ်တို့ နှစ်ဦိး အချိတ်အဆက်တော်
ညီအကို အရင်းထက်တောင်..
ရင်းနှီးတယ် သွေးသောက်ညီနောင်..

ကံခေတယ်ခေါ်မလား…ကံပေါ်တာလား.
တွေ့ ရတဲ့..ချစ်စရာ..ကောင်မလေးချို
ရင်ညိအောင်ချစ်မိ..နှစ်ယောက်သားပြိုင်တူ
မင်းလည်းအသဲတုန်..ကိုယ်ရင်ခွင်..ပုဇွန်ဆိတ်ခုန်

ယှဉ်ပြိုင်မယ်..မမောမပန်း
စိမ်ခေါ်မယ်..ဘွာမခတ်တမ်း.. ဟေ့
နိုင်နိုင်သူ..ယူလှည့်စတမ်း
ယောက်ျားဆိုရင် အားမလျှော့နဲ့ပေါ့..

သေနတ်ကိုကိုင်..ယှဉ်ပြိုင်ပြီးပစ်ကြတော့မလား..
ဒါးခုတ်လှံထိုး..ဘယ်သူမှမလုပ်ရဲဘူးနော်..
လက်ဝှေ့ ထိုး. မဘက်လိုက်..မိုက်တော့ရှက်တယ်.
လက်ပြိုင်လှဲ..သားရည်ပွဲ..ထပ်ထပ်ကျနေ..

မျောက်ပန်းလှန်..ဘယ်သူကခေါင်းဖက်ကျမှာ
ကျား..ဗိုလ်ဆွဲ..ဘယ်သူကကျားကြီးလဲ..
ဂျန်ကင်ပိုး (JanKenPo)…စက္ကူလား..ကျောက်ခဲလေးလား
ယှဉ်ပြိုင်ရေး..ဘာနည်းလမ်းကောင်းရွေးမလည်း..
အတွေးခက်သည်..ရွေးခဲ့ပြီ…နှစ်ဦးသဘောတူညီ..

ဗျောင်..နောင်..နောင်..ပေ..ပေ..ဂျိ…

(စုစုကဗျာ)

Wednesday, May 30, 2007

တူ..တူ..ရေ..၀ါး..


အကယ်ဒမီမင်းသမီးလေးလို..
မင်းဟန်ဆောင်သိပ်ကောင်းတယ်နော်.ဒို့ ရဲ့အချစ်ကို မသိဟန်ဆောင်…မင်းလေးက တရှောင်ရှောင်

ခြေရာပျောက်ပြီးပြေးလို.မင်းသိပ်ဆိုးလွန်းတယ်နော်..
ဒို့လိုက်ရှာမှာ..သိသယောင်ယောင်..
ဘာလို့ များ ပုန်းကွယ်ရှောင်.

စုံထောက်ကြီး ဦးရှံစားလို..ဒို့ စုံထောက်တကယ်တော်
ပုန်းနေတဲ့ မင်းနေရာ..
ဘယ်ဆီမှာ..ရှာမတွေ့ တွေ့ အောင်

မင်းလေးကဘယ်ဆီမှာ.ခြေရာခံလို့ လိုက်ရှာ..
ဟိတ်..တွေ့ ပြီလေ..ဒီမှာ..
ဒီစုံထောက်ကြီးက အကျော်မော်..
အကယ်ဒမီ မင်းသမီးလေးတော့ မပျော်.

ဖမ်းလို့ မိခဲ့ပြီ.. မင်းမုံလာဥ လုပ်ဖို့ အချိန်မမှီ
ပျောက်သူတွေ့ ခဲ့ပြီ..အချစ်ထောင်ချဖို့ ရည်။ သူခိုးပုလိပ်…ကစားခဲ့သည်။
လှမ်းလို့ ဖမ်းတော့မည်။
ပုန်းနေတဲ့ မင်းဆီ.. လျှပ်တပြက်ရောက်ခဲ့ပြီ..

[*( ရှက်နေတဲ့. မင်းမျက်နှာကလေးက..ခပ် မူ မူ.
လွင့်သွားတဲ့..ထိတ်လိပ်ပြာ ကလေးက ကလူ..ကလူ..
ပျက်နေတဲ့.မင်းမျက်နှာကလေးက..ခပ် ကြူ ကြူ..
ထိတ်သွားတဲ့..လန့် လိပ်ပြာ ကလေးက ကလူ..ကလူ.).

လှန့် လိုက်ပြီ..ပုန်းနေတဲ့ချစ်သူ..
ဟိတ်…တူ..တူ..ရေ..၀ါး ]၂

(စုစုကဗျာ)

Tuesday, May 29, 2007

ပလီပလာ..ညာကိုကို

ကိုကို..လာလာချွဲမနေနဲ့..
ရင်မှာ..မကြေတာတွေ..ပြောချင်ရဲ့
ဟိုမှာ ဒီမှာ..အယောက်ထည်လဲ
ကိုကို..ညာတာ သိနေခဲ့
အူကြောင်ကြောင်လာ..သူမသိသလိုချွဲ
မဖြေချင်သလို…မလုပ်နဲ့ သွား..

ပလီပလာ..တီတာတာ..လာပြောမနေနဲ့ 
မှန်မှန် ကန်ကန်..ပြောနိုင်မလား..
လူကွယ်ရာမှာ..အသစ်နဲ့တွဲ..
ကိုကိုညာတာ..ဒို့မကြိုက်ဖူး..
ဟန်ဆောင်ပန်ဆောင်လာချစ်မနေနဲ့ ..
ရင်မှာနာကျင်..မုန်းတယ်..သွား

( ပန်းစည်းကလေးထဲကစာ…ခွင့်လွှတ်ဖို့ ပြောပြခဲ့တာ..
ပန်းပေးတိုင်း..ခွင့်လွတ်ကြေးလား..
ရည်းစားလေး သက်စေ့ထားသူ…
ခွင့်လွှတ်လို့ မရဘူး..ကိုယ့်လူ.. ပန်းစည်းလည်း..လွှင့်ပစ်ခဲ့ပြီ.
ဒို့ အချစ်နဲ့.လုံးဝမထိုက်သူ..ရှင်းရှင်းဘဲ ဖြတ်ပစ်လိုက်မယ်.အမုန်းကြီးလဲ…မုန်းခဲ့ပြီ..

ပန်းစည်းကလေးထဲကစာ…ခွင့်လွှတ်ဖို့ ပြောပြခဲ့တာ..
ပန်းပေးတိုင်း..ခွင့်မလွှတ်ဖူးနော်..
ရည်းစားများ ပွစာကြဲသူ….
မေ့ပျောက်မရ မုန်းအဆိပ်ကဆူ. ပန်းကလေးလဲ..နွမ်းခြောက်ခဲ့ပြီ
ဒို့ အချစ်နဲ့. ထိုက်မှမထိုက်တာ..ရှင်းရှင်းဘဲ မေ့ပစ်ခဲ့တယ်. အမုန်းကြီးလဲ…မုန်းခဲ့ပြီ

(ထား..ခဲ့တော့..ဘာမှမလွမ်းချင်…
သွား..သွားတော့ ဘာမှမကြားချင်)၂

(စုစုကဗျာ)

မိုးတိမ်တို့ ပြိုရင်..လွမ်းနေ

တောင်အရပ်ဆီမှာ…မိုးသားတို့ ညိုပြီ.
ပြိုတော့မဲ့..မိုးတိမ်တွေ..
မုတ်သုန်မိုးရေ..နှိပ်စက်လွန်းနေ.
မိုးရေမှာ ထီးကမပါ.ရွှဲစိုနေတာ.ဘ၀မှာ

လျှပ်ပန်းနွယ်တွေ..ချိုးခြိမ့်ခြိမ့်မြည်နေ..
ထစ်ချုန်းတဲ့..ကောင်းကင်ယံအခြေ..
ချမ်းတုန်ကြောက်နေ..တယောက်တနယ်ဝေးစဉ်..
ချစ်သူရင်ခွင်နဲ့လွဲကာ..အားငယ်နေတဲ့..ဘ၀မှာ

မိုးရက်များစွာ…မိုးညများစွာ..
ဖြတ်ကျော်လာရာ..ဘ၀မှာ..
ချစ်သူပါခဲ့ရင်..အားအင်ပိုရှိကာ..ချစ်သူသာရှိရင်..မိုးစိုမှာမကြောက်ပါ
တယောက်မျက်နှာ.. တယောက်ကြည့်ကာသာ…
အေးနေတာတွေ..ချမ်းနေတာတွေ..မမှုပါ.
လွမ်းတယ်..အချစ်ကလေးရာ..တယောက်တကမ္ဘာဆီ အဝေးမှာ
မိုးတွေရွာတဲ့အခါ..မင်းရင်ခွင်ထဲမှာ.
ထွေးပွေ့အကြင်နာ..နွေးထွေးအစဉ်သာ
အမှတ်တယရင်မှာ..လွမ်းတာ…

(မိုးတိမ်တို့ ပြိုရင်လွမ်းနေ..အချစ်ရင်ခွင်သို့အလွမ်းပြေ)၂
(အပြေးကလေး အရောက်လာချင်..ထွေးပွေ့ လှဲ့ ပါအစဉ်..
အချစ်ရင်ခွင်ထဲ..နားခိုချင်)၂

(စုစုကဗျာ)

အရောင်ပြောင်းသွားတဲ့..အချစ်ရဲ့ အဓိပ္ပါယ်

( အိမ်မက်မေ.. အိမ်မက်မေ.. မောင့်.....အိမ်မက်မေ..) ၂

မောင်..အရွယ်ငယ်စဉ်…ညအိပ်မက်ထဲ..
ဝေ့၀ါးစွာ….အတွေးရိပ်မှောင်မည်း
စိတ်ကူးဖြာ..သူ့ ရုပ်သွင်မရဲတရဲ..
အတွေးထဲ..က..ချစ်ဦးမေ။

ရွှေရောင်စဉ်..နေ့ ရက်တွေထဲ..
မဝေခွဲသာ… အချစ်ရဲ့ အဓိပ္ပါယ်လွဲ
မိုက်ရူးစွာ..အချစ်တခုသာဘဲ
ရွှေရေးထားတဲ့..ပန်းပုမေ

နိုမ့်ပါးစဉ်…တွေ့ ရပြီဘဲ..
ရှောင်ပြေးကာ..မင်းမျက်နှာလွဲ..
ဘ၀လမ်းမှာ..ရှုံးနိုမ့်ကြေကွဲ.
စိမ်းကားရက်စက်..ကြော့မှူးကဝေ

နောက်ဆုံးအချိန်..နှောင်းရက်တွေထဲ
ဘ၀ဟောင်းက..အမှားများပြင်ဆဲ…
ကံထူးစွာ..တွေ့ ခဲ့ရ..သူပဲ
နွေးထွေးလက်နဲ့ ..သက်မှူးမေ..

ရောင်နီဦးအပြင်မှာ…လင်းလက်အရောင်ရဲ
နောက်ဆုံးအချိန်..ရောက်ရှိခဲ့သော်လည်း..
ခိုင်မြဲစွာ. သူ့ ရဲ့လက်ကိုတွဲ..
ဘ၀ထဲက..အကြင်နာမေ...

( အိမ်မက်မေ.. အိမ်မက်မေ.. မောင့်.....အိမ်မက်မေ..) ၂
(စုစုကဗျာ)

Monday, May 28, 2007

မောင့်ရဲ့မယ်မဒ္ဒီ

စွဲမိနေပြီလေ..
အကြင်နာပိုတဲ့….မျက်လုံးညိုညိုတွေ..
နားလည်ဖွေရှာ….သိတတ်သူရေ
နူုးညံ့ချိုသာ…..အပြောတတ်သူုရေ
အချစ်တွေပေးဝေ…အသဲနင့်အောင်စွဲမြဲခဲ့ပြီလေ။

စွဲမိနေပြီလေ..
ချိုသာပြုံးတဲ့….နှုတ်ခမ်းလေးတွေ..
ပြုံးရွင်ကြည်သာ….ဖြူစင်တဲ့သူရေ
မာနကင်းစွာ…..နှိမ့်ချတဲ့သူုရေ
သစ္စာထားနေ…မခွဲတမ်းသာချစ်ခဲ့ပြီလေ။

စွဲမိနေပြီလေ..
ညင်သာတယုတယ….ထိတွေ့ မှုတွေ..
နွေးထွေးကြိုနေ..ရင်ခွင်ထက်မှာမှေးစက်တဲ့သူရေ..
ဖြုစင်ရှင်းစွာ..သစ္စာမြဲသူရေ
မေတ္တာပွင့်ဝေ….မခွဲတမ်းသာ …သက်ဆုံးတိုင်စေမေ။

*( အပြစ်ကင်း..ချစ်ခြင်း..စံနမူထိုက်သူပေ…
မဒ္ဒီမလို..ခြောက်ပြစ်ကင်းစင်စေ..
သမ္ဘူလလို..ဂရုဏာအချင်းတွေဝေ..
အမရာ..ကိန္နရီ..အဖိုးထိုက်တဲ့ မဒီလို..
ဘ၀မှာစာတင်…တော်ဝင်ထိုက်ပြီ….သဇင်..
ပျော်ရွှင်..ဘ၀မှာ..မောင်နဲ့ထာဝစဉ်.
သက်ဆုံးထိတိုင်..ကြင်နာမခွဲအတူနေ..
ယုံကြည်ပါစေ..ကဗျည်းထိုးတင်ချစ်ခဲ့မိပေ..
မောင်ရင်ထဲမှာ..မြတ်နိုးယုယ..မောင့်နှမ..ငယ်ရေ)..
(စုစုကဗျာ)

ဖန်ပြာခွက် နဲ့  ကျောက်စက်ရေပြာပြာ

ကန္တာရခရီးရှည်..ဖြတ်ကျော်ခဲ့ရ..မောင့်ဘ၀မှာ
ဖွေရှာခဲ့လည်း…မတွေ့တဲ့ရေသီတာ..
ဆာလောင်မွတ်သိပ်.. တမ်းတကာဖွေရှာ
ဘယ်ဆီမှာလည်း..စမ်းရေပြာ...

ဖန်ပြာခွက် နဲ့ ကျောက်စက်ရေပြာပြာ.
ရည်ရွယ်ကမ်းလှင့်တဲ့…သူဘယ်ဆီမှာ..
ဆာလောင်မွတ်သိပ်…တမ်းတရှာဖွေသူမှာ..
အချစ်ရေ..မောင်ရင်ထဲ..လာ

တံလှပ်များလား တင်စရာ..
ဒီဖန်ပြာပြာ နဲ့ ကျောက်ခွက်ရေသီတာ
ဖေါ်ဖေါ်ရွေ ကမ်းလင့်တဲ့…သူရာ.
အမောပြေခဲ့ပြီ..ရင်တဲမှာ..

နွေးထွေး အကြင်နာ..ဂရုဏာ
မေ့မရ..တမ်းတမ်းတ..အချိန်ခါခါ..
နားလည်ပါ ချစ်သူလေးရာ..
မောင့်ဘ၀ အတွက်..အေးရိပ်ခိုစရာ..
တွေ့ခဲ့ပြီ..ဒီတခါ
ဖန်ပြာခွက် နဲ့ ကျောက်စက်ရေပြာပြာ

*( ဒီဖန်ပြာခွက် နဲ့ ကျောက်စက်ရေ
ကြည်လင်တယုတယ..ကမ်းခဲ့တဲ့မေ..
ရင်ကိုထိ အေးမြ..အပန်းပြေပြေ..
သောက်မိမက်မပြေ…အချစ်အေးရေရေ.)
(စုစုကဗျာ)

Saturday, May 26, 2007

အမေ..


(မြင့်မိုရ်တောင်ဦး..မကကြူးသား…ကျေးဇူးရှင်..
ရေကြည်တပေါက်မခ..ကျွေးမွေးပြီးသုတ်သင်
အတိုင်းမသိ….ဂရုဏာရင်ခွင်
မွေးအမိ..မာတာမိခင်..လက်ဆယ်ဖြာမိုး..
ရှစ်ခိုး..ပန်ထွာဦးတင်…)*

ကိုးလလွယ်..ဆယ်လဖွား..သားမောင်လူမမယ်..
မှက်ခြင်..ယင်မသန်း..မပင်ပန်းရအောင်ပင်
နို့ ချိုတိုက်ကြွေး..ပြုစုပေးခဲ့လျှင်..
သားမောင်လူဖြစ်..အောင်မြင်ခြင်းရဲ့နယ်
မော်ကြွားနိုင်ပြီ..
အမေ့ရဲ့..မေတ္တာဂုဏ်ရည်..
မော်ကွန်းတင်..ကဗျည်းတင်ထိုက်သည်။

ငယ်ရွယ်စဉ်..ပုခက်တွင်း..ကြားခဲ့တဲ့အမေ့တေးသံကြည်ကြည်..
သားမောင်ရင်တွင်း..အေးမြခြင်း..ပကတိနဲ့ ..အိပ်မောကျခဲ့..
ငယ်ရက်များသည်…ပေးခဲ့ပါသည်..ရင်တွင်းမှာယနေ့ တိုင်ရှိသည်..။ အမေ့သတ္တိ..အမေ့ဇွဲမာန်သည်..
ဘယ်နေရာရောက်ရောက်..ဘယ်တော့မှ.သားလေးမမေ့သာပြီ..။

(..)*(စုစုကဗျာ)

ခေတ်…


အချစ်ရူးလို့ ..ဆိုချင် ဆို
ကိုယ်ကတော့…သူမှ…သူ..
အဖေအမေလဲ..ဆူမှ..ဆူ
အကိုမောင်ဘွား..တွေငြူစူ
ဘယ်လိုလုပ်မလဲ..ချစ်တဲ့သူ…လာခေါ်မှာလား..

အချစ်အားကိုး…မိုက်တော့မယ်..
အသက်လည်းဘဲ..ပြည့်ခဲ့ပြီ
မင်းနဲ့သာ..ဒို့ ဝေးရင်.. တဘ၀လုံး..လွမ်းရမှာ..
လူငယ်လေးမို့ ..ခေတ်အလိုက်ဆင်..
ဝတ်စားလို့ ..ကြည့်မရရင်..
ငယ်ငယ်က..အဖေ့..ဆံပင်ရှည်..
အဖွားလဲ..မုန်းခဲ့တာ..
သူ့ ခေတ်နဲ့ သူဒီဇိုင်းပေါ်..ရေစီးကြောင်းထဲကလူ
နားလည်ပေးပါလားနော်…

ရင်ထဲမှသူဘဲ..သူ..
သမီးမိုက်တယ်..ဆိုနဲ့နော်..
ကျမကို..တကယ်ချစ်တာ.
ယုံကြည်တယ်..သူ့ အချစ်ကို..
လိုက်ခဲ့မှာ..နော်...

(စုစုကဗျာ)

စူဠသု့ ဘဒ္ဒါ

ကောင်မလေးတယောက်ဖြင့်…..ချောင်မှာငို
ဂရုမစိုက်ဘူး…...ဒီကိုကို.
သူ့ သတင်းကြား….ဘာလိုလို..
ချစ်လွန်းလို့ …ကိုယ်သ၀န်တို..
မဟုတ်ဘူးတဲ့…သူ..ပလီပို
လိုက်ကြည့်မယ်..အရိပ်ကလေးလို..
ပက်ပင်းတိုး..မျက်နှာညို…
(မုန်းလိုက်တာ..ဟေ့)

(စူဠသု့ ဘဒ္ဒါ…စူဠသု့ ဘဒ္ဒါ.).အချစ်ကြီးလို့..အမျက်ကြီးပြီ.
(စူဠသု့ ဘဒ္ဒါ…စူဠသု့ ဘဒ္ဒါ.).မိန်းမရိုင်းတဲ့..ဒီနံမည်....
(စူဠသု့ ဘဒ္ဒါ…စူဠသု့ ဘဒ္ဒါ.).သေထိတောင်.မကြေဘူးနော်.
(စူဠသု့ ဘဒ္ဒါ…စူဠသု့ ဘဒ္ဒါ.)

အချစ်ရှုံးမ…ကြေကွဲနေ..
မုန်းအမျက်တိုး..ရင်မီင်္းလောင်....
ကျိတ်ခဲမရ..တကယ်မမေ့သာ..
မျက်ကန်းမိုက်…ချစ်လိုက်မယ်
ချိုအချစ်ပြယ်…ခါးခဲ့ရင်..
ဂလဲ့စားရဲ့..ဒီအရသာ…
စေလိုက်ပြီ… သောနုတ္တို…
(မုန်းလိုက်တာ..ဟေ့)

(စူဠသု့ ဘဒ္ဒါ…စူဠသု့ ဘဒ္ဒါ.).အချစ်ရှုံးမ..အမှောင်ဖုံးပြီ ။
(စူဠသု့ ဘဒ္ဒါ…စူဠသု့ ဘဒ္ဒါ.).အဆိပ်ခါးတို့  သင့်ခဲ့အခါ။....
(စူဠသု့ ဘဒ္ဒါ…စူဠသု့ ဘဒ္ဒါ.).အမုန်းမျှားတို့ စေခဲ့တယ်.
(စူဠသု့ ဘဒ္ဒါ…စူဠသု့ ဘဒ္ဒါ.)

(စုစုကဗျာ)

အမေ့အိမ်မှာ..မောင်..မပျော်

တကူကူ..ကူးနဲ့  ချွဲတဲ့ ဂျိုး…ငယ်..
ပင်ပျို..မြရိပ်တို့ ရဲ့ …အလယ်..
ဖော်ကွာဝေးလို့ ..လွမ်းတဲ့နေ့ရယ်..
နွေနေ..ဆယ်စင်းသဖွယ်…

ကြွေရွက်မြူးတဲ့..နေ့ ရာသီရယ်..
အိမ်ပြန်မဲ့ ရက်..တသက်သက်ကွယ်..
နွေရက်…ကျောင်းပိတ်တိတ်ဆိတ်နေမယ်..
ကြင်သူဝေးတဲ့..ရက်များရယ်..

အိမ်အပြန်လမ်း..နုတ်ဆက်သူရယ်..
တခဏလေးတော့..ခွဲဖို့ ကြုံမယ်..
တနယ်ဆီဝေးတဲ့..ကျောင်းပိတ်ချိန်ဝယ်
စာအပြန်အလှန်ရေးမယ်…

(နွေကျောင်းပိတ်လို့ ..ပြန်တဲ့အချိန်
ရင်ထဲဆို့ နစ်..တကယ်ကိုလွမ်းတယ်..
ပြန်တွေ့ မဲ့ရက်..လက်ချိုး..မျှော်..
သူလည်းဘဲလွမ်းလို့ ..အိပ်လည်းမပျော်..
ညတိုင်း..ထ..ထ..ကြည့် လမင်းပေါ်..
အချစ်လေးလွမ်းရ..ကိုယ်မပျော်ဘူးနော်..
ပြန်ကျောင်းတက်မဲ့..အချိန်များမျှော်…
အမေ့အိမ်မှာ…မပျော်ဘူးနော်…)၂
(စုစုကဗျာ)

သိပ်လွမ်းရတဲ့..ကိုကို

ရေပြာလှိုင်းနဲ့ ..ကျောက်ဆောင်အခြေ..
လေပြေညှင်းက..ဆော့မြှူနေ…
ပင်လယ်ပြာနဲ့ ..ကမ်းစပ်မြေ..
ဖော်ကွာဝေး..တကိုယ်ရည်…

နဒီကမ်းကလွမ်းမိနေ…ပင်လယ်ချစ်တဲ့ကမ်းမြို့မေရေ..
စာသင်သွားတဲ့..တိုင်းတခြားတမြေ..
မျှော်ကာငေး..ကိုကို..လေ..

ပျော်ရွှင်ခဲ့တဲ့နေ့ ရက်တွေ.. ဒီသောင်ပြာတန်းကလွမ်းလို့မပြေ..
ချိုမျက်ဝန်းနဲ့ ..ကိုယ့်နှမရေ..
နွေမှာပြန်လာခဲ့မေ..

ရင်မှာအမြဲတမ်း..တောင်းဆုချွေ.. အနေဝေးလို့ ..တခြားအသစ်ရှာဖွေ..
ပူပန်ကြောင့်ကျ..စိုးထိတ်နေ..
ကိုကို အချစ်ရူးတေလေ
အချစ်ရူးပြီလေ..

လေယာဉ်ကြီးက..ဆိုက်ခဲ့ပြီ..
လုံခြုံနွေးထွေး..ကိုယ့်အရပ်ဆီ..
စာသင်သွားတဲ့…မောင့်ညီမအပြန်ဆီ..
ကိုကို..ကြိုလင့်ပြီ.

(စုစုကဗျာ)

ဗိုလ် …တကာ့.. ဗိုလ်

အိမ်မှာဆို…ကိုကိုဟာ…တကဲ့.. ဗိုလ်
အဖေ..အမေ..အလိုလိုက်ခံရ..တဲ့ .. ကိုယ်..
လိုချင်ရာ..အခုပူဆာ..ရခဲ့တယ်..ဘယ်အရာမဆို..
တကယ်ဆို..ကိုယ့်ဘ၀ဟာ..အကောင်းဆုံး.. ဗိုလ်

ချစ်နဲ့ဆို…ကိုကိုဟာခေါင်းငုံလို..
ချစ် ရဲ့ အလို..ညင်သာစွာ..ခေါင်းညိတ်လို..
ချစ် အတွက်ဆို..ဘာမဆိုရဲဝံ့လို..
တကယ်ဆို.. ချစ်လေးဟာ.. ကိုကို့ ရဲ့ ကြိုးဆွဲ. ဗိုလ်

အနိုင်မယူလို…အရှုံးပေးမှာ..၀ဋ်လိုက်တဲ့ကိုကိုဗိုလ်
တုံရီစွာ.. ကြောက်ရွံ့ နေ.. ချစ်စိတ်ဆိုးမှာကို…
အဖေ..အမေ..တွေကျီစယ်ကာ..လှောင်ပြုံးလိုက်ကြမဲ့..ဒီလူကို
တကယ်ဆို..ကိုကိုဟာ.. ချစ်လေးရဲ့..ရုပ်သေး.. ဗိုလ်

(သခင်မ အလို..အပျော်ဆက်မဲ့ ကိုယ်ရံတော် ဗိုလ်
ကျန်စစ်လို..အသက်စွန့် မဲ့.. တပ်မှူး ဗိုလ်
ခင်ဦးကို.. ချစ်မိတဲ့…ဒီမောင်.. ဗိုလ်
နောက်ဆုံးမှာ..အသဲမကွဲလို…. ကိုကိုဗိုလ်။)၂
အသဲကွဲ..ပြီ .... ကိုကိုဗိုလ်။
(စုစုကဗျာ)

ပိဂုတ္တရလုလင်လို့  ဆိုချင်လည်းဆို..

ချောင်းကလေးခြားခဲ့ပြီ…ကူးဖြတ်လို့ လည်းမမှီ..
ရက်စက်တဲ့ ကံကြမ္မာသည်…ဒို့ နှစ်ဦးကိုဝေးအောင်ခြားနေပြီ..

စည်းကလေးတားခဲ့ပြီ…ကူးဖြတ်ဖို့ လည်းခက်သည်..
ရိုက်နှက်တဲ့ လောကဓံသည်…ဒို့ နှစ်ဦးကိုဆွေးအောင်ပြုနေသည်။

ဂုဏ်တံတိုင်းကာဆီး..နီးရက်နဲ့  ဝေးခဲ့ကြသည်…
မြေပြင်လူသား…ထိပ်ဖျားကြယ်ကိုမမှီ..
လှအားရက်သူ..အချစ်ဆုံးပျော်ဖို့ ရွယ်ရည်..
ကိုယ့်အသည်းတောင်…စတေးရက်ပါသည်…

( သူပြုံး..နိုင်ပါစေ။… သူမုန်း..နိုင်ပါစေ။
ကိုယ်ဘာဖြစ်ဖြစ်… သူပျော်…ဖြစ်ပါစေ။)၂
အညတြကိုယ့်..လူ..ဒီရွှေခွက်ကိုမယူလို..
ထိုက်တန်သူသာ…ပန်ရိုးထုံးစံ..လေ…
ရင်၌နင့်စွာတိတ်တိတ်ကလေး…အသဲကြွေ..
ခင်နှမမူယာ..ရွှေနန်းထိုက်စေလေ..

အဝေးရပ်မှာ…နေ..သတင်းစကားရှာဖွေ..
ခင်မ..ပြုံးစေ..သူပျော်ထိုက်ပြီလေ..
ပိဂုတ္တရလုလင်....ဆိုချင်လည်းဆိုကြပစေ…
ကိုယ်ဂရုမစိုက်ပါမေ…မိဖုရားဘ၀မှာ..မင်းပျော်နိုင်စေ..
ထားခဲ့တဲ့မောင့်စေတနာတွေ..
လူမသိ..သူမသိ..မောင့်ဘ၀ရဲ့လွမ်းရာဇ၀င်ပေ..

(စုစုကဗျာ)

ကမ္ဘာ့ဆွဲအားထက်တောင် ပိုတယ်.

စတွေ့လိုက်ချင်း..ရင်ထိတ်ဖိုအေးစက်ခဲ့ပြီ
မင်းအကြည့်တွေ..ပြုစားခဲ့ပြီလေ..
ဝေဟင်ပေါ်ဝဲတဲ့ဝိညာဉ်..ဌက်တောင်ပံအသွင်..
ကိုယ့်ဘ၀လွင့်ပြီ..တေလေ.

စ..ချစ်လိုက်ခြင်း..အသဲထဲနွေးထွေးလှိုက်နေ..
မင်းအကြည့်တွေ..ပြုစားခဲ့ပြီလေ..
မုန်တိုင်းထဲလွင့်စင်..ယော်ရွက်ကလေးရဲ့အသွင်..
ကိုယ့်ဝိဥာဏ်တွေ..လွင့်ပျံပြီမေ.

စ..ချစ်ရေးဆို…စိုးထိတ်ကြောင့်ကျကဲနေ
မျှော်လင့်ချက်တွေ…စုထားမိပြီမေ.
ခလေးလေးလို..ဆရာမရှေ့မှာ..ကြောက်ရွံစွာပေ
မင်းအဖြေကို..လိုချင်ကြားသူလေ..

မင်းမှ မင်းသာလေ.. မင်းမှ မင်းသာလေ..
ဆွဲငင်မှုအား..သံလိုက်ထက်ပိုနေ..

မင်းမှ မင်းသာလေ.. မင်းမှ မင်းသာလေ..
ဆွဲညှ်ို့မှုအား..လျှပ်စစ်ထက်ပိုနေ..

မင်းမှ မင်းသာလေ.. မင်းမှ မင်းသာလေညှို့ငင်တဲ့အား..
ကမ္ဘာ့ဆွဲအားထက်အဆများစွာပိုပိုလို့..သာနေ..

(စုစုကဗျာ)

ပျားရည်ဆမ်းခရီးရဲ့..ဟာဝိုင်ရီ..

ဆည်းဆာချိန်..နေရီရီ..
ပင်လယ်ဆီ..နေမင်း..ရေဆင်းသောက်ခဲ့ပြီ..
တိမ်မိလ္လာရောင်နီနီ..ဝေဟင်ဆီထင်လင်း
ကြယ်များထွက်တော့မည်။

မောင့်နှမမြကေသရီ..နေ၀င်ချိန်အလှထူး
ပန်းလေမြူးသို့..ဝေစီစီ..

ကျက်သရေထူးတဲ့..ပျိုမဒီ
လှိုင်းခေါင်းဖြူ…အလှသွေး..
ဆေးရေးလို့..မပီ့..တပီ…..
နတ်ပန်းချီ လည်း..မမှီ့..တမှီ..
လှခေါင်ထွဋ်ဦး.. ဆည်းဆာနောက်ခံဆီ..

ပင်လယ်ပြာနဲ့..မိုးကောင်ကင်သည်..
မိုးကုတ်စက်ဝိုင်း၌…ထိဆုံတွေ့ပြီ..
ပင်လယ်လေညှင်း..ဆားနံ့ဝေသည်…၀ိုင်ကီကီကမ်းခြေဆီ..
နေရောင်မှာထူးတင့်တယ်သည်..ချစ်ရဆုံးမြကေသရီ..

(သောင်ပြင်မှာ..သီချင်းဆိုကြမည်..ချုပ်ညရီ..ကြယ်ရောင်မပီတပီ
လမင်းကပုန်းကွယ်အားသည်..မင်းအလှအတွက်..သ၀န်တိုဟန်ချီ..
ပျားရည်ဆမ်းခရီးလေးသည်..မောင်ဘ၀မှာပျော်ရွှင်ချိုကြည်..
ဟာဝိုင်ယီဆည်းဆာအလှပန်းချီ..မင်းအလှကဖြည့်စွက်ခဲ့ပါပြီ)၂

(စုစုကဗျာ)

နေရာတိုင်းမှာ..မင်းမျက်နှာ..နေရာတိုင်းမှာ..မင်းခြေရာ.


အိမ်မက်ထဲမှာ..မင်းရှိတယ်..တိမ်ပြာတွေထဲမှာ..မင်းရှိတယ် နေရာတိုင်းမှာ..မင်းရှိနေ. မင်းရဲ့ခြေရာတွေ...

ဝေဟင်ထဲမှာ..မင်းရှိတယ်..လေပြေထဲမှာ..မင်းရှိတယ် အရာရာတိုင်းမှာ..မင်းရှိနေ. မင်းရဲ့သံစဉ်တွေ...

T.V.ထဲမှာ..မင်းရှိတယ်..ကော်ဖီထဲမှာ..မင်းရှိတယ် မျက်လုံးမှိတ်ထားတောင်..မင်းရှိနေ. မင်းရဲ့အရိပ်လေးတွေ..

ကိုယ်တော့ရူးနေ..ဘယ်နေရာဘဲသွားသွားစေ
ဘာတွေဘဲလုပ်နေ. လုပ်နေ..မင်းကိုဘဲမြင်နေ.

ကိုယ်တော့ရူးနေ..ကြည်လင်တဲ့မျက်လုံးရှင်ရေ
အသံချိုများကြားမိကာနေ.. မင်းကိုဘဲစွဲနေ

ကိုယ်တော့ရူးနေ..မင်းပေးတဲ့ဒီအဖြေ..
ရင်တွေထဲတလှပ်လှပ်ခုန်နေ...အပျော်ကြီးပျော်မိနေ..

(စုစုကဗျာ)

ဒီသောင်ယံကမခွါနိုင်..

သောင်ပြင်သာနဲ့ပင်လယ်ပြာ…..လေပြေလာတဲ့..ကမ်းခြေမှာ
ကိုယ်တယောက်ထဲ..လမ်းလျောက်လာ..
တွေ့ရတယ်..ကျွန်းသူမေကဗျာ..

ဖြူစင်စွာနဲ့..နှုတ်ဆက်လာ…အကြင်နာပါတဲ့အပြုံးကတစ်ရာ..နှစ်ရာ
ကိုယ်တယောက်ထဲခုမဟုတ်တော့ပါ။
ချစ်မိတယ်..ဒီသောင်ယံမှာ..

ကြည်လင်တဲ့မိုးကောင်းကင်မှာ..ခုနှစ်ဖြာ..လှပသက်တန့်ပေါ်အလာ.
ကိုယ်နဲ့မင်းချစ်ခဲ့ပြီ…သောင်ပြင်မှာ..
မေ့မရနိုင်တာ..ဟာဝိုင်ရီမှာ

ညဆည်းဆာ..သောင်ယံဦးမှာ.အတူတူပျော်..ကိုယ်မမေ့ဘူးကွာ..
ပုဇွန်ဆီရောင်..ငွေတိမ်တောက်ချိန်
ချစ်ခဲ့မိပြီ..ပင်လယ်ပြာပြာ

မငိုစေချင်..မောင်ပြန်တဲ့အခါ…..နှုတ်ဆက်ပါ..ချစ်အနမ်းနဲ့သာ..
ဂတိပေးတယ်..ပြန်လာခဲ့မှာ
ဟာဝိုင်ရီက .. ကြိုနေပါ.

(စုစုကဗျာ)

တိတ်တိတ်ကလေးထွက်သွားလဲ..ကျန်ခဲ့တဲ့ခြေရာလေးများ


ခြေရာလေးတွေ…ထင်ကျန်ရစ်ခဲ့ပြီ..
ဖြူဖွေးလွ..သဲသောင်ယံဆီ..
ဒါဏ်ရာလေးတွေ..ရင်မှာနင့်ခဲ့သည်…
ထွက်ပြေးတဲ့ချစ်သူဆီ..

ပြာရေလှိုင်းနဒီ..နာကျင်စွာကမ်းသို့..ပုတ်ရိုက်ခဲ့ပြီ..
မျက်ရည်ဝိုင်းလည်..မဖြေသာပြီ..အလွမ်းကြီးလွမ်းခဲ့သည်.
ဇင်ယော်လေးတွေ…ဝေဟင်မှာ..
အိပ်တန်းတက်..ညသို့အပြန်ဆီ
ယော်ဝါရွက်လို..ဒီရင်မှာ..နှလုံးသားနွမ်းလျကြေပြီ..အချစ်ဦးဒါလီ…

ကိုယ်..ဘာလုပ်မိခဲ့သလဲလေ..အတွေးများ..
ချာချာလည်..ရူးပြီ.
တွေးမိ..အဖြေရှာ..မရှင်းတဲ့ အချစ်ပုစ္ဆာ...
သူမပြောပြ..နှုတ်မဆက်ပါ..
တိတ်တိတ်ကလေးနဲ့သာ…
အဝေးကို..ထွက်ပြေးပြီ..
(ကိုယ့်နှလုံးသားမှာခြေရာ..
ခုထိဖျက်မရပါ..အချစ်ရယ်..လွမ်းတယ်)၂


(စုစုကဗျာ)

နှင်းခါးရိုက်လို့..ကြွေတဲ့ပန်းကလေးများ

အေးစက်စက်..ဆောင်းမနက်လေ..
မှုန်ရီမရေးတရေး..မြူတံတိုင်းနဲ့တောင်ခြေ..
နှင်းခါးမှုန်တသဲသဲ…မတိုးရဲတဲ့.. နေခြည်တွေ..
ပန်းရိုင်းပေါ်..အအေးသက်
ကြွေပျက်တဲ့ရာသီ…ဆောင်းရယ်..နှိပ်စက်အားသည်.။

အေးစက်စက် မင်းအကြည့်တွေ..
မကြုံချင်လည်း..ကြုံခဲ့တဲ့နေ့တွေ..
အချိုဆုံးအချစ်များ..ခါးသီးခဲ့တဲ့..ဒီအချိန်ရယ်။
ကြားကလေတိုးဖျက်….အသဲပျက်ခဲ့ရပြီ..
မင်းရယ်..ရက်စက်လွန်းသည်။

နှင်းခါးရိုက်လို့ကြွေတဲ့ပန်းကလေးလို..
မင်းကမုန်းရက်လေတဲ့…ကိုယ့်အချစ်တွေ..
ကြွေနေပြီ.. ကြွေနေပြီ. ကြွေနေပြီ..
ဆောင်းရဲ့မနက်ဆီ.

စိမ်းကားတဲ့ စကားလေးတွေ…..လမ်းခွဲဖို့.. အစပြုနေ.
အေးစက်စက်..ဆောင်းရဲ့လေ.. နှိပ်စက်တဲ့နှင်းခါးတွေ
ပန်းကလေးတွေ……ကြွေ.. ကြွေ.. ကြွေ..
အသည်းလေးတွေ….ကြွေ.. ကြွေ.. ကြွေ..
နှင်းခါးတွေ..ဝေ…ဝေ…ဝေ
အမုန်းစကားတွေ..ရင်မှာတစ္ဆေ…ကိုယ်..သွေးပျက်ခဲ့ပြီမေ..

(စုစုကဗျာ)

ပိတောက်သင်းတဲ့… သင်္ကြန်ည


ခေါင်းခါး..ကိုယ်လက်ဟန်ညီညီ.. ဟေ့…သင်္ကြန်ကကြမည်
ချိုသံသာ ဂီတသီချင်းရွေးဖွဲ့လို့…သံစဉ်ကြည်ကြည်..
နှစ်သစ်မှာရေတွေလောင်း..အေးချမ်းစေကြောင်းရည်.
ကြွလာသူမိတ်အပေါင်းကို..နှုတ်ခွန်းချွေသမည်။

မိုးဝတ်မှုန်ရီပုလဲ…ဆင့်ဖြန်းပက်ခဲ့ပြီ..
စိမ်းမြရည်သစ်ရွက်ကြားမှာ..ပိတောက်များဖူးတံချီ

*(လှပပေသည်..ထူးသစ်ဝေစီ..
အလှရဲ့နွေရာသီ..နှစ်သစ်မဟာဆီ.
ကြိုဆိုပါသည်..ဒို့နွဲပျော်မည်။)၂

ပန်းရနံ့ဝတ်ရည်ဦး..ကြိုင်သင်းရနံ့တို့ကြည်
တေးဆိုမည်.. သင်္ကြန်ဒီည..ပျော်ကြရအောင်အတည်.
စည်းချက်သံ..ဘယ်ညာတိမ်း.. ယိမ်းကတဲ့ပျိုမဒီ..
ပြောင်းသွဲ့ကာ လှရက်အား..လက်ဖျားအလှပန်းချီ
ပန်းလေပြေ.. သင်္ကြန်လေရူး..ဆော်သွေးကစားခဲ့ပြီ..
အေးသီတာရေစင်လောင်းပက်..ရင်ထဲအေးစေမည်။
*()

(စုစုကဗျာ)

ရင်ထဲစွဲငြိ…ပိတောက်မေ..

တပင်ထည်း..ရင်ထဲကပန်းတပွင့်နွယ်..
ကြာခဲ့လည်း..အခုထိတောင်လွမ်းမပြယ်.
ကြာ.. ကြာ..လေခိုင်မြဲ..တယောက်တည်းဘဲချစ်တယ်..
ယုံကြည်ချစ်ဦး…ယနေ့တိုင်ချစ်တယ်..

နွေပုရစ်ဖူး…ပိတောက်ပန်းနံ့မွှေးတယ်.
သင်္ကြန်ခါဦး..တွေ့ဘူးခဲ့ညီမငယ်..
ကြည်သမင်မျက်ဝန်း..အခုတိုင် ညိတွယ်..
သင်္ကြန်မှာ..ချစ်ဖူးခဲ့သူရယ်.
.
*( ဆံနွယ်ကြော့ထက်က..ပိတောက်ကလေးဝါ၀ါ..
ချိုကြည်ရွန်းလဲ့.တောက်ပမျက်ဝန်းပြာပြာ
ရင်ကိုထိရှ..အေးမြအလှထူးသူရာ..
ပန်းများနဲ့အပြိုင်..လှနိုင်သူပါ.) ၂

ဖွေရှာနေဆဲ. ပိတောက်ပွင့်တို့ အရိပ်ဝယ်..
ရင်မှာတိတ်တခိုး..မျှော်လင့်မိသူမယ်..
တနေ့နေ့တွေ့မယ်..မောင်ယုံကြည်တယ်...

(စုစုကဗျာ)

ရက်စက်မိုးသားပစ္စုန်


(ပစ္စပ္ပုန်မိုးရှင်….ထက်မိုးအာကာတွင်
အုံ့ကာညိုမည်း မှိုင်းညို့ညို့ရှစ်ခွင်..
မိုးသက်လေနှင်..သုတ်ဖြူးကာပင်..
အေးစိမ့်စိမ့် ခိုက်တုန်ချမ်း
ဖော်ကွဲသူ..လွမ်းစေဖို့ဖန်လျှင်..)၂

မိုးသားတိမ်ပြို…ချွေရက်ပြီ..မိုးပုလဲပန်းတွင်..
လျှပ်ပန်းဆင့်ကဲ..ထစ်ချုန်းမိုးတခွင်..
မိုးရိပ်ခိုချင်..ချစ်သူရဲ့ရင်ခွင်
တမ်းတမျှော်မှန်း..အလွမ်းမိုးတရာ..စာစီမကုန်လွမ်းလျှင်

(ရွှေပင်လယ်တွေ.. ခြားခဲ့ပြီမေ..
မိုင်ထောင်ချီစေ..တနယ်စီဝေးကွာနေ
မိုးဝဿာန်နေ့များ..ဖော်ကွာဆွေူးမပြေ..
အလွမ်းဌက်တေလေ..
ကိုယ်နဲ့ မင်းရဲ့ဘ၀…အိမ်မက်ထည်းမှာဘဲ…နေ.)၂

(စုစုကဗျာ)

မအေးမြတော့တဲ့ သင်္ကြန်ရေ..

ယော်ဝါရွက်ခြောက်များတို့….ကြွေ
အတာမိုးဦး..သင်းရနံဝေ..
ညိုလွင်မိုးသား..တစစကြွေနေ..
သင်္ကြန် လက်ဆေးမိုးရေ.

ချိုလွင်မြရည်ဖူးငုံ..ပိတောက်ဖူးဝေ
ရောင်ဝါရွှန်းပ.ထွန်းလင်း..ရွှေရည်ဝင်းစေ
အတာနှစ်ဦးမို့..ပျော်ရွှင်တဲ့နွေ..
သင်္ကြန် ရောက်ခဲ့ပြီလေ။ )၂

ပျော်ရွှင်ဘူးတဲ့..နှောင်းအတိတ်တွေကိုပြန်လည်
အကြင်နာဦးလေး…ပျောက်ရှနေပြီကွယ်
ဆယ်မြေ….ဒီပါ…..ရှာလည်းမလွယ်။

(ပိတောက်ဖူးတို့သင်းရနံ့…. ဝေနေစေ
ပန်သူမဲ့ခဲ့…တစစ…မြေပေါ်ကြွေ..
ပူလေပြင်းပြ….နှိပ်စက်..ကျီစယ်နေ..
သင်္ကြန်ရေစိုတောင်..ဘယ်မအေးပေ) ၂

(စုစုကဗျာ)

သုံးရာသီမျှော်မှန်း..လွမ်းရတဲ့အမိမြေ..


ပင်လယ်က်ုဖြတ်ကျော်လာတဲ့ တောင်အရပ်မုတ်သုန်လေ
မြေပြင်ကို..လာထိနမ်းတဲ့ မိုးပုလဲဝေေ၀..
မြကမ္ပလာ ရောင်ဖြာစိမ်းတဲ့ ရိုးမတောင်ခြေ..
အမိဗမာပြေ..လွမ်းမိတာရှည်..
မုတ်သုန်မိုးဦးနဲ့အတူ..မမေ့ဘူးငယ်ချစ်မြေ
တမ်းတမျှော်ရည်..အဝေးရောက် ကိုယ်မှာလေ

မြောက်ပြန်လေ ဆော်ကာမြုးတဲ့….ဟေမာန်နှင်းလေပြေ
ဝန်းကျင်တခို..မှုန်ပျဆိုင်းတဲ့ မြူခိုးဝေေ၀
နှင်းဇာပုဝါ.. ပြာညိုမှိုင်းတဲ့ တောနဲ့တောင်ခြေ..
အမိဗမာပြေ..လွမ်းညတာရှည်..
နှင်းပွင့်ယွန်းများနဲ့အတူ..မမေ့ဘူးငယ်ချစ်မြေ
လွမ်းလျှမျှော်နေ..အဝေးက ကိုယ်မှာလေ

ပတ်ကြားအက်လယ်ကွင်းပြင်က..ဝေ့၀ဲလေပွေ
တံလျှပ်တခို..အရောင်ဖြာလက်တဲ့ သရုပ်ဖော်နွေ..
ပိတောက်ပွင့်ဝေ..ပုရစ်ဖူးများနဲ..တောနဲ့တောင်ခြေ..
အမိဗမာပြေ..လွမ်းရခါခါလေ
နွေလေပြေရူးကလေးနဲ့အတူ မမေ့ဘူးငယ်ချစ်မြေ
မှန်းဆတကိုယ်ရည်...အဝေးက ကိုယ်မှာလေ

နွေရယ်..မိုးဆောင်း..ရာသီတွေပြောင်းလဲမမေ့ပေ
မုတ်သုန်မိုးရေ..နှင်းစက်အေးတွေ.. ပိတောက်ပွင့်ကလေးများနဲ့အတူ
ပျော်ရွှင်စရာ…ငယ်ဘ၀တွေ
အဝေးကလွမ်းနေ..ဗမာပြည်..ပြန်ခဲ့ချင်ပြီလေ..

(စုစုကဗျာ)

 
/* EOT ----------------------------------------- */