Friday, June 1, 2007

မောင်တော်ချစ်တဲ့..စုဖုရားလက်..


နေညိုချိန်..တောင်စွယ်နောက်သို့ .. နေမင်းကသက်..
ဂေါဝိန်ဧရာမြစ်ဆိပ်..သင်္ဘောပေါ်သို့အတက်..
နွမ်းလျလျ..ပူလောင်ပြင်း..မောင်တော်ရဲ့ အရှက်..
ပျက်လုလု..ရာဇအိနြေ္ဒ..နန်းကျဘုရင်ရဲ့ခံစားချက်.
ကြေကွဲပြီ..နုတ်ဆက်ခဲ့..ဗမာပြေ ရယ်..
ရတနာပုံကနောက်ဆုံးရက်..

ကြင်နာစွာ..သူလေ တယုတယ..ကမ်းလင့်တဲ့လက်..
ခိုင်မာစွာ..နှောင်တွယ်တိုးလို့ ..အားပေးမဲ့လက်..
မှိန်မှောင်မှောင်..အလင်းကင်းမဲ့..အနာဂတ်များအတွက်..
ဆိုးတူ..ကောင်းဘက်..မောင်ချစ်ရတဲ့..စုနှမလက်..

ရာဇ၀င်ရဲ့ကြား…အမည်ဆိုးနဲ့ လက်..
လိုချင်တာ..အရယူသော..လောဘနဲ့ လက်..
လက်ညှ်ိုးညွန်ရာ..ရေဖြစ်..အာဏာနဲ့ လက်.
အများရဲ့..ပါးစပ်ဖျား..ပြည်ဖျက်တဲ့လက်..

တကယ်ဆို နားလည်မလား..စုဖုရားရဲ့ဘက်.
နန်းလယ်ဘွားလိုတာရ..ရွှေမင်းသမီးလက်..
မဟေသီ..ဒေ၀ီမရဲ့..နုဖယောင်းလက်..
အိမ်နိုမ့်စံမောင်တော်အပါး..သေတပန်ခစားလျှက်..

ငယ်ရွယ်စဉ်..အမှားများနဲ့ .သူမရဲ့လက်..
အရွယ်အိုစဉ်..တရားပွါးတဲ့စိတ်ပုတီးလက်.
စစ်မှန်စွာ..အကြင်နာကြီးတဲ့..အိမ်ရှင်မလက်..
အနိုမ့်ဘ၀မှာ..ရောင့်ရဲမှုနဲ့ ..ဇနီးကောင်းရဲ့လက်..
မောင်တော်သီပေါရဲ့..ကြင်ယာတော်ဖက်
ချစ်ရပါသော စုဖုရားလက်...
(စုစုကဗျာ) ၆။၁။၂၀၀၇

3 comments:

THET NAI TUN said...

စာလုံးရွေးတာ နက်နဲတယ်။

Yan said...

ကောင်းလိုက်တာဗျာ.
စာသားလေးတွေ သိပ်လှတယ်. အဆုံးသတ်စကားလုံးလေးတွေကို ညင်ညင်သာသာလေးနဲ့ သတ်ပေးနိုင်ရင် ဖတ်ရတာ ပိုပြီးပျော့ပျောင်းသွားမယ်လို့ ခံစားမိတယ်..

ဒီလိုစာကောင်းကောင်းလေးတွေ ဖတ်လိုက်ရတဲ့ နေ့ဟာ မင်္ဂလာရှိသောနေ့ပါပဲ. ဆက်လက်ကြိုးစားရေးသားသွားပါဦးခင်ဗျာ...
အားပေးနေပါမယ်...

Layma said...

စုဖုရားက်ု သူများတွေလိုမမြင်ဘဲ အမြင်တမျိုးနဲ့ ကြည့် ပေးလို့ ....
Thank u ...

 
/* EOT ----------------------------------------- */