တစုံတဦးအတွက်. ရင်ထဲကဒီတစုံတရာ
ညလေပြေရူးမှာ…ဆောင်ယူလာတဲ့..သဲ့သဲ့လေသံ..
မင်းခေါ်သံလား…..၀ိုးတ၀ါး..မရေမရာ..အတွေးနယ်..
လရောင်တွေဆမ်းတဲ့..ပန်းများရဲ့..ချိုသင်းရနံ့ ..
မင်းရနံ့ တွေလား..စိုးမိုးရင်မှာမွှေးတယ်..
ညအမှောင်အရိပ်လမ်းက..တာရာကြယ်ရဲ့..ယဲ့ယဲ့..အရောင်
မင်းပေါ်လာမလား..မရဲတရဲ..ကြင်နာ..အဆွေးကြွယ်..
မင်းဘယ်မှာလဲ..မောင်တစုံတဦးရယ်..
အတွေးနယ်ပယ်ထဲ….စိတ်ကူးယဉ်ခဲ့..
ပျောက်သူရှာတွေ့ ဘို့ ..ကိုယ်ကြိုးစားနေဆဲ..
မင်းဘယ်မှာလဲ..အချစ်ရယ်..လွမ်းတယ်..
တနေ့ နေ့ ..တချိန်ချိန်..တနေရာရာမှာ..တွေ့ လိမ့်မယ်..
မျက်လုံးတွေထဲ..ဖွေရှာဆဲ.. တစုံတဦးရယ်
တွေ့ မယ်..ရှိမယ်..ကိုယ်သိတယ်..
ကြင်နာမျက်လုံးတွေနဲ့ …ကြည့်မဲ့ တစုံတဦးရယ်.
ညင်သာအနမ်းတွေနဲ့ ..နမ်းမဲ့ တစုံတဦးရယ်.
ရင်ခွင်ထက်မှာ..ရယ်မောနေမဲ့ ..မောင့်ရဲ့ တစုံတဦးရယ်.ရှိမယ်..
ပေးဖို့ ..ဒီရင်မှာ..သိမ်းထားတယ်..
ဒီ တစုံ တရာ မောင့်ရင်မှာ..နွေးထွေးစွာ..အကြင်နာ
မောင့်အချစ်ပါ။
No comments:
Post a Comment