Tuesday, February 19, 2008

စိတ်နာတယ်.


မသေချာတော့ဘူး..
မင်းကို..ကိုယ် ဆက်ချစ်ဖို့ ရာ

မရေရာ တော့ဘူး..
မင်းနဲ့ု..ကိုယ် ဘ၀လမ်း လျှောက်စရာ

ချာချာလည်မူး ..
မင်း..ကိုယ် ကို အရူးလုပ်ခဲ့တာ

မလွမ်းလောက်ပါဘူး
ချစ်တာတွေ..ပြန်သိမ်းသွားပြီ..

နာကြင် ရင်ထဲ..
ပြောမထွက်အောင် ရင်ဆို့ နင်စေ။
လျှာကို ကိုက်ဆဲ..မပြောမိအောင်..ကိုယ် တင်းထားခဲ့တယ်

မတန်ချင်တဲ့ အခါ
အချစ်ဆိုတာ..မြူတမှုန်..မရဘူး.
မူမမှန်တဲ့အခါ..
လွမ်းခွင့်တောင်..ခွင့်မပြုခဲ့ ချင်

နေပစေတော့..မလွမ်းဘူး..
သေပစေတောင်..မချစ်ဘူး
ရင်တွင်းက အတွင်းနာ
စိတ်ကလေးလည်း မာ
မင်းနဲ့ငါ..တကယ် ပြတ်သွားပြီ။
ပြန်ချစ်မရ တကယ်..ပြတ်သားသည်။


စုစုကဗျာ ( ၂။ ၁၉။၂၀၀၈)

Wednesday, February 13, 2008

အချစ်ည..


ငွေသဲသောင်ခြေ…လာထိတဲ့ လှိုင်းပုတ်သံ
လေပြေအလာ…လှုပ်ခါတဲ့  သစ်ရွက်ပွတ်သံ
ချိုညင်သာ..အနားနားက..သူတီးတိုးသံ
“ ချစ်တယ်နော်.”
ပြောမပြနိုင်.. ခုန်တဲ့ ဒီရင်။

ညှင်းလေပြေ…ဆော့မြူးလာ.ပန်းသင်းရနံ့ ဝေ
နေခြည်တွေ တိမ်တောက်တဲ့  ညကမ်းခြေ
ချိုမှုန်ဝေ..မွေးပျံ့ တဲ့ သင်းတဲ့ဆံနွယ်
“ လွမ်းတယ်နော်.”
သွေးဆူဆူ ခုန်ဟိုက် ဒီရင်။

တဒိတ်ဒိတ်..ကိုယ်ရင်….မင်းလေးနားဆင်..
ချစ်လို့ နမ်းမယ်…မင်းပါးပြင်..
အမှတ်တရ…ညကို.မပြီးဆုံးစေ့ချင်..
ချစ်လိုက်ကြမယ်…ချစ်သူ့ ရင်ခွင်။

ပိုးစုန်းကြူးတွေ..ချောင်းကြည့်ခဲ့ ရင်..
မရှက်နဲ့ နော်..ကိုယ့် မင်းအနားတွင်..
အချစ်ရဲ့ …ညကို.မပြီးဆုံးစေ့ချင်..
မိုးသောက်ရောင်နီ..အလိုက်သိစေ့ချင်။

စုစုကဗျာ (၂။၁၃။၂၀၀၈)

Wednesday, January 30, 2008

လာ..ရော့ယူ။


ပေးချင်တယ်..
အပြုံးတွေ..အကြင်နာတွေ
မင်းနှစ်သက်တတ်ရင်..
လာလေ..ရော့ယူ။

ပေးချင်တယ်..

ဂရုဏာရယ်တွေ..မေတ္တာရယ်
မင်းကြိုက်တတ်ရင်..
ဒီမှာလေ..ရော့ယူ။

ပေးချင်တယ်..

ဖြေသိမ့်မှုတွေ..ချွေးသိပ်မှုတွေ
မင်းငိုတဲ့အချိန်..
ဒီရင်ခွင်မှာ..လာအနားယူ။

ကြွေးချင်တယ်..

မင်းနှစ်ခြိုက်မဲ့အစားအစာ..အရသာ
ကိုယ်ချက်ကြွေးမယ်..
မင်းစားမြိန်..ပျော်ရွှင်စေ။

ခွင့်လွှတ်နားလည်
မင်းအလိုကျ..အနားမှနေ
တာဝန်နဲ့  ၀တ္တရားကျေ...

ပေးချင်တယ်..
လွတ်လပ်.ပျော်ရွှင်ရာ
နှောင်ကြိုးမပါ

လွတ်လပ်မဲ့အချစ်မျိုးလေ...

(လာလေ..ရော့ယူ။
လာလေ..ရော့ယူ။.
လာလေ..ရော့ယူ။.)
ယူတော့ …လေ../ ချူတော့ စေ


စုစုကဗျာ( ၁။၃၀။၂၀၀၈)

Monday, August 20, 2007

ဗိုလ်နေမြဲ..ကျားနေမြဲ


နေပစေလေ..
ထားခဲ့တော့..မင်းရက်စက်တတ်ရင်လဲ..
လွမ်းခွင့်မပိုင်..ဖယ်ရှောင်..အဝေးမင်းနေဆဲ..

ကိန္ဒရာတွေ..မိုးည..တယောက်တဖက်ဆီကွဲ..
လွမ်းရဖြေမဆည်..ရက်ပေါင်းများစွာ. ငိုဆဲ...

အချစ်သက်သေ..ဒို့ အချစ်ညများစွာထဲ..
ခုတွေး..မက်မပြေ..အိမ်မက်ထည်း..မင်းလာမြဲ

ထားခဲ့တယ်လေ
ဂတိတရား..ကိုယ်စီရင်ထဲ..
ခုတော့ကြွေ..လေလွင့်မြော..ရွက်တေလေ၀ဲ

သွားရစ်တော့လေ..
ခွင့်လွတ်တော့..မချစ်နိုင်တာလည်း
ထားခဲ့နော်.. ဗိုလ်နေမြဲ..ကျားနေမြဲ

ရက်စက်တယ်.
ဆိုချင်လည်းမင်းဆိုတော့..သိလိုက်တာ..
ဘယ်တော့မှ..မင်းမချစ်ခဲ့ဘဲ။

ထားခဲ့နော်..
အဝေးနယ်…တယောက်တကွဲစီကွဲ
လွမ်းခွင့်မရှိသာ.. ဗိုလ်နေမြဲ..ကျားနေမြဲ

(ချစ်ပါသော်လည်း..မဖြစ်နိုင်..

ဝေးနေသော်လည်း..ဒို့ မနီးနိုင်..
သမုဒ္ဒရာတွေခြား..ဝေးတမြေ..

နီးချင်သော်လည်း…ကံနည်း သူ..
ထားရစ်ခဲ့တော့လေ…

ကျမတို့ဘ၀တွေ..
ဟိုအရင်လိုဘဲ.. ဗိုလ်နေမြဲ..ကျားနေမြဲ)

(စုစုကဗျာ ) ၈။၂၀။၂၀၀၇

Thursday, July 12, 2007

မနမ်းဘူးသေးတဲ့..ဒီ..ပါးပြင်။

ကိုယ်တခါမှ….မနမ်းဘူးသေးတဲ့..ဒီပါးပြင်
ကြင်နာစွာ..နမ်းခွင့်လေး ..တော့ ခွင့်တောင်းချင်
ချယ်ရီရောင် ..ရှက် မို့ မို့ သန်း ..ဒီပါးပြင်
ဖြုဝါ၀ါ..အကြော့စိမ်း ရှက်တဲ့..ဒီပါးပြင်

ခင်တွယ်သူကို .. တွေးပွေ့ တယုယ မောင်နမ်းချင်
ယုံပါနော် အသက်ထက်ချစ်တဲ့ ချစ်ဦးခင်..
မထင်စေချင်..ပျားပိတုန်း ၀ဲလာ.လှည့်စားအသွင်
ဒ်ီမောင်ရင်ခွင်..အသဲထက်ကဗျည်းထိုးစာတမ်းတင်

သန္တာရောင်..နှုတ်ခမ်းထက် အနမ်းကပူပြင်းလျှင်
ဖြူစင်စွာ.မင်းပါးမို့ မို့  ကိုယ်နမ်းချင်.
ကြည်ဖြူ စွာ..ခွင့်ပြု လှဲ့ တော့ ချစ်ဦးခင်

ဆံနွယ်တွေ..ဖုံးအုပ်မထားနဲ့ .ဒီပါးပြင်
ညင်သာစွာ။။ထွေးပွေ့  တယုတယပိုက်ထွေးစဉ်..
ရင်ခုန်စရာ..နူးညံ့လှပ အဖြူအနမ်းတွင်..
ဆိုစေချင်..မိုးလောက်ချစ်တာ..မောင်ကြားချင်

တုန်ရီ..ရင်ခွင်..အနမ်းပန်းခူးမလို့ .စိတ်ကူးယဉ်..
ရင်ခုန်သံ..မိုးထိပေါက်မတတ်..ရင်ထဲတုန်ရင်..
ဒီအပျိုစင်..ပါးလေးနမ်းဖို့ ..မ၀ံ့မရဲ ပင်
ဆင်စွယ်ရောင်..နူးညံ့ လှပ..ဒိီပါးပြင်.

မညိုမညင်..ခွင့်ပြုလှဲ့ တော့..ချစ်ဦးသခင်
ဒီမောင်ရင်ခွင်..မေ့မရ... အိမ်မက်..လမင်းရှင်
ကြင်နာလျှင်..နမ်းခွင့်လေးတခု….ခွင့်ပေးအစဉ်...

(စုစုကဗျာ ) ရ။၁၂။၂၀၀၇

ငရဲတောင်လိုက်ရဲတယ်..

မင်းဘယ်ကို..သွားသွား မင်းအနားမှာမခွါ..
အရိပ်ကလေးလိုသာ..ကိုယ်လိုက်ပါရစေ။

မင်းဘယ်ဆီရောက်ရောက်..မင်းအပါးမှာသာ..
ဖ၀ါးထပ်တူသာ..ကိုယ်လိုက်ပါရစေ။

မင်းမကြည်ဖြူလဲနေ..ကိစ္စမရှိဘူးမေ..
မျက်နှာကလေးမြင်..စိတ်ဘ၀င်ကြည်မြေ့အစဉ်.
အများရဲ့ အမြင်..အကဲပိုတယ်..ထင်ချင်ထင်...

ကြားလေတို့ သွေးရင်..အိပ်တောင် မပျော်ဘူးလေ..
အမြဲတမ်းထာဝစဉ်…အနားနားနေချင်..
မင်းအပါးမှာပင်..ကိုယ်..သားကောင်ကလေးလိုပင်။

မင်းသာမပါခဲ့ရင်..နိဗ္ဗါန်ဆိုလည်း..မခင်..
မင်းရင်ခွင်ထဲတွင်..အမြဲပျော်မွေ့ပြီးရွှင် ….
သူများတွေ..အတင်းဆို…ပြောချင်ရာ.. ပြောပစေ.
မင်းသာ..ကိုယ်ချစ်နေ..တခြားသူမရှာဘူးမေ
ငရဲသွားရင်တောင်။။မကြောက်မရွံ မညိုမငြင်

မင်းအပါးမှာပင်..ကိုယ်..သားပိုက်ကောင်ကလေးလိုပင်။
မင်းအပါးမှာပင်..ကိုယ်..သားပိုက်ကောင်ကလေးလိုပင်။

(စုစုကဗျာ ) ရ။၃။၂၀၀၇

Sunday, June 17, 2007

မြပန်းလွှာရုံ..အလှနှင်းဆီငုံ


ငုံတ၀င့်ဝင့်..မှုန်ရွှေပန်းမြင့်
လေအစွင့်ပွင့်..မြလွှာရုံ

ဝတ်ရည်ထုံထုံ..ပွင့်ချပ်အာငုံ
အာရုဏ်မရေးတရေး..
နေခြည်မှာ..လန်းပွင့်..ပန်းရဂုံ..

အားမာန်သစ်ဝင့်ဝင့်ထယ်ထယ်..
တင့်တယ်ပါပေသည်..
ဆူးများနဲ့ဝန်းရံထားတဲ့..ဒီမှုန်ရွှေနှင်းဆီ..
ထုံဝေကြိုင်သင်းကြည်..
ချုရဲ့သူ..ချုလာလှဲ့တော့..ပန်းအလှဝတီ..ဆူးနဲ့မြနှင်းဆီ..

ဝတ်လွှာနု ..ပွင့်ချပ်ကေသွယ်..
အလှကြွယ်ရှာပါပေသည်။
ဆူးများနဲ့ကာရံထားတဲ့..ဒီမှုန်ရွှေနှင်းဆီ..
လို ချင်သူပေါသည်။
ချစ်သူကို.ကြည်ဖြုခှဲ့ပေါ့..နမ်းထိုက်ပြီ..ဆူးမဲ့မြနှင်းဆီ....

ကြိုတလင့်လင့် ချုသူလှမ်းစွင့်
ဆူးများနှင့်..နှင်းဆီငုံ..

အလှသွေးစုံစုံ..ပန်းမြလွှာရုံ..
ခိုင်မာရည်သွေး..
နေရောင်မှာ..လန်းစွင့်တင့်တယ်ဂုဏ်

(စုစုကဗျာ) ၆။၁၇။၂၀၀၇

ညီမလေး..မြလွှာရုံဆိုတဲ့နံမည်လေးကိုချစ်မိသွားလို့ ရေးပါတယ်.။ မြန်မာသံစဉ်လေးပါ.
ကြားချင်ရင်..ဆိုပြပါမယ်ရှင့်

မ..ရယ်..

မ..ရယ်.. မောင်.သိပ်ချစ်တယ်နော်...
ယုံကြည်အောင်..ဘယ်လိုလုပ်လို့ ပြရမယ်..
မ…ရယ်..မတွေ့ ရ..မနေနိုင်..
အချစ်ရူးသူ..အစိမ်းသက်သက်..မ…မောင်လေ..

မ..ရယ်..ဖွင့်ပြောဖို့ ကြံစည်ရွယ်..
သိနှင့်သူ…အရှောင်အတိမ်းနဲ့ လွဲဖယ်..
မ..ရယ်..ဘာတွေဘဲတားဆီးပစေ..
အချိန်မှန်ဆို..အရောက်..မောင်..ပန်းတော်ဆက်မယ်..

မ..ရယ်..ခြေအေးဝမ်းယောင်..မောင်လေ..
မ..အပြုံးမြင်..ကြည်နုးချွေးသိပ်ပျော်ရွှင်….
မရယ်..ဘာကြောင့်များ..အိပ်ချင်ယောင်…ဆောင်..
မောင်ချစ်တာ..သိသားရက်..နှုတ်ဆိတ်နေ..

အသက်ချင်းမတူ..အရွယ်မတူဘူး..မညင်းနဲ့ နော်..
နတ်သျှင်နောင်..ဓါတု..ကိုချစ်တယ်..
အရွယ်ကြီးငယ်..အချစ်စစ်နဲ့ ..လုံးဝမဆိုင်..
မောင်မျှော်မှန်းတာ..မတယောက်ဘဲ..ရင်ထဲ..ယုံ..

(မ..ရယ်.. ချစ်လှဲ့ ပါ..ဒီမောင့်ကို…
မ..ရယ်.ကြွေလှဲ့ တော့…မောင့်ရင်ခွင်..
နတ်သျှင်နောင်..ဘ၀ဆုံးထိ..ချစ်မဲ့မောင်…
ယုံကြည်ပါ…နော်..မောင့်မမ…ဓါတုကလျှာ…)၂

(စုစုကဗျာ) ၆။၁၇။၂၀၀၇

Monday, June 11, 2007

မောင်…ကဗျာရေးတဲ့ည..

ဟင်း…အိပ်လို့ လည်းမပျော်တော့ဘူး..
မင်းအကြောင်းလေးတွေဘဲ…တွေး..တွေးမိနေ..
ခက်နေပြီ..အချစ်လေး…
မောင်…..မင်းနဲ့ဝေးတဲ့….ညကလေး..

မင်း…မျက်လုံးလေးတွေကို..ကိုယ်..ချစ်မိနေပြီ..
စားလို့ လည်းမရဘူး..မင်းအကြောင်းဘဲ..ကိုယ်တွေးမိနေ..
ချစ်သူနဲ့ ..ဖေါ်ကွာဝေး..မောင်..ဆွေးတဲ့..ဒီညလေးတည..

မင်း…အသံကလေးတွေကို..ကိုယ်..ကြားမိနေပြီ..
တားလို့ လည်းမရဘူး..မင်းက..ကိုယ်နားအမြဲ..နေ..
ချစ်သူရဲ့ ..အကြောင်းကိုတွေး….သံစဉ်..ဝေးတဲ့..ဒီညလေးတည..

မင်း…အတွေ့ ကလေးတွေကို..ကိုယ်ခံစားမိနေပြီ..
အနားမှာနေပါဦး…မင်းမှမင်းသာစွဲလန်းနေ
အချစ်ရည်ရစ်မူး .မောင်အတွေ့ ထူးတဲ့..ဒီညလေးတည..

မင်း…ရနံ့ လေးတွေကို..ကိုယ်..သတိရနေပြီ..
သွားပါနှင်လို့ လည်းမရဘူး..မင်းစိတ်ကြောင့်.ကိုယ်ရူးမိနေ.
လမင်းဆီမျှော်ကာငေး…မောင်..ကဗျာရေးတဲ့..ဒီညလေးတည..

(စုစုကဗျာ) ၆။၁၂။၂၀၀၇

အုံ့ ပုန်းရှက်ရှက်..ခက်နေတဲ့မောင်..

အကြည့်ချင်းဆုံ..ဒီမျက်လုံးလေးတွေ
လှိုက်ကနဲခုန်..အသက်ရှုလေး..ရပ်သွားခဲ့ပြီ..
ဒိတ်ကနဲဆို..ကိုယ်သိလိုက်တာလေ..
သူလေးဟာ..ပုံပြင်ထဲက..ဖူးစာရှင်

ချိုပွင့်ငုံ..အချစ်ပန်းများပွင့်ခဲ့ပြီ
မပြောလဲယုံ…ဒီရင်မှာ..သိပ်ချစ်မိတာ..
ဘယ်လိုလုပ်ခါ…သူသိအောင်ပြောဖို့ ရာ..
အရဲစွန့် ကာ..ဖြစ်နိုင်ပါ့မလား..လေ..

(မင်းအိမ်နံဘေးမှာ..ကိုယ်ခဏ..ခဏယောင်လည်လည်..
ည..ည..လူခြေတိတ်ချိန်..မင်းကြားအောင်..သီချင်းလေးဆို
ခွေးကလေးကဟောင်..ကြောက်ဒူးတောင်..တုန်မိတယ်..
အိပ်ထဲမှာ..အဆင်သင့်ပါစာကလေးက.တစ်စောင်..
မပေးဖြစ်တာ…၆ လတောင်..စွန်းခဲ့ပြီ
မျက်စောင်းတို့ ညို ညို..မကြည့်နဲ့နော်..အသည်းကွဲရအောင်..
မပြောရဲတာ..ကိုယ်..အုံ့ ပုန်းမောင်…) ၂

(စုစုကဗျာ) ၆။၁၂။၂၀၀၇

Sunday, June 10, 2007

တဖန်ပြန်လည်..ကြိုးစားခြင်း

ရဲရင့်လေ.ရဲရင့်စေ. မင်းရဲရင့်တော့လေ

အတိတ်ဟောင်းက..နှောင်းခဲ့ပြီဘဲ
ပုံရိပ်ဟောင်းလည်း..ပြောင်းခဲ့ပြီဘဲ..
နိမိတ်ကောင်းဟာ..ဒို့ နဲ့ အတူတူတွဲ..
မင်းရဲရင့်ဘို့ ဘဲလိုအပ်တယ်.

ဒါဏ်ရာဟောင်းက..ကျက်ခဲ့ပြီဘဲ
အမှောင်လမ်းများ..လင်းခဲ့ပြီဘဲ..
သံစဉ်ဟောင်းလဲ..ပြောင်းခဲ့ပြီဘဲ
မင်းရဲရင့်ဘို့ ဘဲလိုအပ်တယ်..

ကံအကြောင်းမပါ..အသဲကိုယ်စီကွဲ
အမှန်အကြောင်းအရာ..ရှုံးနိုမ့်ခဲ့လဲ
အချိန်ကောင်းဟာ..ခုရောက်ပြီဘဲ
မင်းရဲရင့်ဘို့ ဘဲလိုအပ်တယ်.

အာရုဏ်ဦးဟာ..လက်တကမ်းမှာဘဲ
ရောင်နီမြူးဟာ..လင်းလက်စွာရဲ
ကံအကြောင်းသာ..ဒို့ တွေ့ ပြီဘဲ..
မင်းရဲရင့်ဘို့ ဘဲလိုအပ်တယ်..

လေပြေထွေးသာ..နွေးထွေးရင်ထဲ
ချိုအနမ်းဖြာ..မေ့မရပြီဘဲ
ရင်ခွင်နွမ်းမှာ..အချစ်စပြီဘဲ..
မင်းရဲရင့်ဘို့ ဘဲလိုအပ်တယ်..
ရဲရင့်လေ.ရဲရင့်စေ. မင်းရဲရင့်တော့လေ

(စုစုကဗျာ)

Saturday, June 9, 2007

တစုံတဦးအတွက်. ရင်ထဲကဒီတစုံတရာ

ညလေပြေရူးမှာ…ဆောင်ယူလာတဲ့..သဲ့သဲ့လေသံ..
မင်းခေါ်သံလား…..၀ိုးတ၀ါး..မရေမရာ..အတွေးနယ်..

လရောင်တွေဆမ်းတဲ့..ပန်းများရဲ့..ချိုသင်းရနံ့ ..
မင်းရနံ့ တွေလား..စိုးမိုးရင်မှာမွှေးတယ်..

ညအမှောင်အရိပ်လမ်းက..တာရာကြယ်ရဲ့..ယဲ့ယဲ့..အရောင်
မင်းပေါ်လာမလား..မရဲတရဲ..ကြင်နာ..အဆွေးကြွယ်..

မင်းဘယ်မှာလဲ..မောင်တစုံတဦးရယ်..
အတွေးနယ်ပယ်ထဲ….စိတ်ကူးယဉ်ခဲ့..
ပျောက်သူရှာတွေ့ ဘို့ ..ကိုယ်ကြိုးစားနေဆဲ..
မင်းဘယ်မှာလဲ..အချစ်ရယ်..လွမ်းတယ်..

တနေ့ နေ့ ..တချိန်ချိန်..တနေရာရာမှာ..တွေ့ လိမ့်မယ်..
မျက်လုံးတွေထဲ..ဖွေရှာဆဲ.. တစုံတဦးရယ်
တွေ့ မယ်..ရှိမယ်..ကိုယ်သိတယ်..

ကြင်နာမျက်လုံးတွေနဲ့ …ကြည့်မဲ့ တစုံတဦးရယ်.
ညင်သာအနမ်းတွေနဲ့ ..နမ်းမဲ့ တစုံတဦးရယ်.
ရင်ခွင်ထက်မှာ..ရယ်မောနေမဲ့ ..မောင့်ရဲ့ တစုံတဦးရယ်.ရှိမယ်..

ပေးဖို့ ..ဒီရင်မှာ..သိမ်းထားတယ်..
ဒီ တစုံ တရာ မောင့်ရင်မှာ..နွေးထွေးစွာ..အကြင်နာ
မောင့်အချစ်ပါ။

Friday, June 8, 2007

သိပ်ဆိုးတဲ့..ချာတိတ်ကောင်ကလေး..

မလာနဲ ကွာ..ဟောက်တိုင်း.. သူ သနားစရာကလေး
မျက်ရည်ဝဲ အားငယ်တာ..ချာတိတ်..ကလေး
မနှင်ပြန်ရင်....ချွဲ ပူဆာ...သိပ်မုန်းစရာလေး..
အရွယ်မတူ.. မချစ်နဲ့ ဆို သူ့ စိတ်ကောက်ကွေး

ငယ်ရွယ်ရွယ်..ချစ်ရူးရူး..မူးမူးမိုက်..ကလေး..
လူတွေမြင်..ကဲ့ရဲ့မှာ..မမ..ကြောက်သေး..
ကောင်မလေးတွေဝိုင်းကြိုက်နေ..လေတော်တော်သွေး
ဒါဆိုရင်.. လာမကြိုက်နဲ့ ..ဒို့ ကောင်မလေး..

ဂျီတွေကျ..ဆရာလုပ်နေ..ကြည့်မရသေး
ဝေးဝေးသာ..သွားနေကွာ…မင်းခလေး..လေး..
ဒီမှာဆရာပေါက်စမို့ ..လူကြီးဟန်ပေး..
တီတီတာ..မင်းချွဲတောင်..စိတ် မပါသေး..

အဖေဆူမယ်…အိမ်မလာနဲ့ ..ဟဲ့..ကောင်လေး.
အရွယ်မတူုသူ..မစဉ်းစားချင်..ဝေးဝေးရှောင်ပြေး
ကိုကို..သူ..ရှိနှင့်ပြီ..ကန်တော့ဆွမ်းကြွေး
ငိုချင်ရင်…မအောင့်နဲ့ လေ..ငိုလိုက်..မောင်လေး

စိမ်းကားလို့ အသဲကွဲတောင်.မသေနိုင်သေး
အရွယ်တူသူရှာနိုင်မှ.. မင်းစိတ်လေး.အေး..
မင်းကိုမြင်..စိတ်ကူးယဉ်..ဒို့ ညီမလေး..
သူချစ်လို့  ဒို့ မချစ်တာ.. နားလည်ထားပေး..

မောင်လေးလို..ချစ်မိတာ..အပြစ်မယူကြေး
ဖြူဖြူစင်..ရိုးသား..စွာချစ်လိုက် မောင်လေး
ကြင်နာစွာ..ဆိုလိုက်ပြီ.. ..မချစ်နိုင်သေး
စိတ်နာကာ..မုန်းသွားရင်..ဘွာတေး.. ဘွာတေး
ဒို့ မချစ်လို့ ..အသဲကွဲရင်..ဘွာတေး.. ဘွာတေး
စိတ်နာကာ..မုန်းသွားရင်..ဘွာတေး.. ဘွာတေး

(စုစုကဗျာ) 6/8/2007

သူ့ အနမ်း.နဲ့ ရင်ဆိုင်ရဲပြီ..အရာရာ.

သူ့ ရဲ့ အနမ်းလေး..
ဆောင်းနှင်းပွင့်..ဖွေးဖွေးလေး..လို
ရင်ထဲမှာ..အသဲစိမ့်အောင်..အေးမြလွန်းတယ်..

သူ့ ရဲ့ အနမ်းလေး..
ကျောက်စက်ရေ..အေးအေးလေး..လို
ရင်ထဲမှာ..အမောပြေ..တမ်းတတမပြေ

သူ့ ရဲ့ အနမ်းလေး..
ပျားရည်စက်…ချိုမွေးမွေး.လို
ရင်ထဲမှာ..မေ့မရအောင် စွဲလန်းလွန်းတယ်..

သူ့ ရဲ့ အနမ်းလေး..
ဆားငန်ရေ..သောက်လေငတ်မပြေ
ရင်ထဲမှာ..ဖြတ်မရအောင် ရူးသွပ်မိပြီ။

မထားခဲ့နဲ့နော်..နင်မရှိရင်..ဒီမှာ..ဟာတာတာ..အရူးကြီးဖြစ်နေ..
မရက်စက်ကြေးဟာ…အဆင်မပြေတာ..ဆွေးနွေးပြုပြင်..
တကယ်လက်တွေ့ ဘ၀ဟာ..အမြဲတမ်း..ရွှေရောင်စဉ်နေ့ တို့ မဖြစ်နိုင်.
ကြိုးစားကြမယ်.ဒို့ အတူလေ..ပန်းတိုင်ရောက်အောင်..

အနမ်းကလေးတွေ..အချစ်လေးတွေ..အလွမ်းလေးတွေ..သတိတရနဲ့ လေ
သယ်ဆောင်ကာသွားကြမယ်..နေ့ သစ်သို့ လေ။
(စုစုကဗျာ) ၆။၈။၂၀၀၇

Thursday, June 7, 2007

မင်းမငိုနဲ့ 

အမှောင်မိုက်ထဲမှာ…မင်းမငိုနဲ့ ..ခလေးရယ်..
တကယ်ဆိုရင်…ဘ၀ဆိုတာ…သက်တမ်းတိုတိုရယ်..
အချိန်ကောင်းများကို….သုံးစေချင်တယ်..
အလင်းရောင်ကို မင်းရင်ဆိုင်ကွယ်..

အယောင်ဆောင်လောကထဲမှာ…မင်းမနေနဲ့ ..ခလေးရယ်..
တကယ်ဆိုရင်…ရိုးသားမှုဟာ…ဘ၀ မှာလိုတယ်
ရှင်းလင်းလိုက်ပါ..မင်းဝိဥာဉ်မြူစင်
ငြိမ်းချမ်းမှုဟာ…မင်းရင်ခွင်တွင်..

လှောင်တိုက်ထဲမှာ…မင်းမပျော်နဲ့..ခလေးရယ်..
တကယ်ဆိုရင်…နာရီရွှေ့ တာ..သိပ်မြန်ဆန်တယ်။.
မနက်ဖြန်ဆိုတာ..သိပ်မသေချာကွယ်...
စက္ကန့် တိုင်းဟာ..အသုံးဝင်ပါတယ်။.

ထောင်ချောက်ထဲမှာ…မင်းမနေနဲ့ ..ခလေးရယ်..
တကယ်ဆိုရင်…စွမ်းအားဆိုတာ…မင်းပိုင်ဆိုင်တယ်..
ဥာဏ်အားကိုးကာ..လွတ်အောင်ကြံကွယ်
လွတ်ငြိမ်းမှုဟာ..မင်းထိုက်တန်တယ်..။

အလင်းရောင်ထဲမှာ…မင်းပျော်တော့..ခလေးရယ်..
တကယ်ဆိုရင်…ပြောင်းလဲမှုဆိုတာ…လုပ်သင့်တယ်နော်..
ပန်းပေါင်းပွင့်တစ်ရာ….ဖူးပွင့်မြေ၀ယ်..
မင်းကြိုးစားတာ..သိပ်ကိုမှန်တယ် ။

(စုစုကဗျာ) ၆။၃။၂၀၀၇

ညီမလေး…zuzin အတွက်

Wednesday, June 6, 2007

အဖေါ်ကောင်းတွေ့ ပြီ..မင်းကံကောင်းပြီမှတ်

ရွှေပင်လယ်ကိုသွားဖို့ ခေါ်မလား။။
ဟင့်အင်း.. ဟင့်အင်း.လိုက်ချင်ဘူး
သက်တောင့်သက်တာရှိတဲ့ဘ၀..ဘာများအရသာရှိမလဲနော်..
ရွှေစော်နံ ပြန်လိုက်အုံး…ဘိုင့်ဘိုင်..မင်းဖာသာသွား

ပန်းခင်းလမ်းကိုသွားဖို့ ခေါ်မလား။။
တော်ဘီ..တော်ဘီ.လိုက်ချင်ဘူး
မွေးပျံ့တဲ့ပန်းရနံ့ တွေကြား..ကြိုးစားချင်တဲ့စိတ်တွေပျက်ပြား
ပန်းစော်နံ ပြန်လိုက်အုံး…ထားခဲ့တော့..မင်းဖာသာသွား

မီးပင်လယ်ကိုဖြတ်ဖို့ ခေါ်မလား။။
လာလေကြာတယ်..အခုခေါ်မလား
စိတ်ဝင်စားဖို့ကောင်းတဲ့လမ်း..ဘ၀ရဲ့သတ္တိများနော်..
စိမ်ခေါ်ရင်လေ..ဘွာမကူတမ်း..အိုကေ..အိုကေသွားမယ်လာ..

ဆူးခင်းလမ်းသွားဖို့ ခေါ်မလား။။
နွေကန္တာပူလောင်ပြင်းတောင် ဒို့ မကြောက်ဖူး
မင်းလက်ကလေးကို..ဒို့ အတူတွဲ..ငရဲတောင်သွားရဲတယ်နော်
ကြည်ဖြူပါတယ်..ဒီအချစ်လမ်း..
ဟာ ဟာ့ ဟာ ဟာ့ ဒို့ အတူလှမ်း

( ပင်လယ်ပြင်မှာလှေမှောက်လည်း..မကြောက်ဖူး မင်းနဲ့ အတူတူ
ကန္တာလွင်ပြင် ဆယ်နေစင်း.. မပူပါဘူး မင်းနဲ အတူတူ
ဆူးများလည်းကြမ်းပစေ..နောက်မဆုတ်ဘူး
ဒီလို.. ဒီလို ကိုယ်မိုက်ရဲ.. မခွဲဖူး မင်းနဲ့ အတူတူ
စစ်မှန်တဲ့သတ္တိများ..အခက်အခဲတွေဖြတ်ကျော်ရဲတယ်နော်..

လာလေလာလေ သွားစို့ လား.. OK OK သွားမယ်နော်..
ဟာ ဟာ့ ဟာ ဟာ့ ဒို့ အတူလှမ်း… ဟာ ဟာ့ ဟာ ဟာ့ ဒို့  မကြောက်ဖူး
OK ရယ်ဒီ သွားစို့ လား.. ဟာ ဟာ့ ဟာ ဟာ့ သွားမယ်နော်
ဟာ ဟာ့ ဟာ ဟာ့ ဒို့ အတူလှမ်း… ဟာ ဟာ့ ဟာ ဟာ့ မင်းနဲ့တွဲ..
ဟာ ဟာ့ ဟာ ဟာ့ ဒို့ အတူဘဲ… ဟာ ဟာ့ ဟာ ဟာ့ ဒို့  မကြောက်ဖူး
(စုစုကဗျာ)

Tuesday, June 5, 2007

စက္ကူလှေကလေးများမှ..တဆင့်

စက္ကူလှေကလေးချိုးကာ...ရေထဲကို..မျှောချခဲ့တယ်..
ကမ္ဘာတခြမ်းတိုင်..ရွက်လွင့်ကာ..
သူ့ ဆီကိုသယ်သွားမဲ့.. ပန်းလှေ.

ဆပ်ပြာဘူဘောင်းလေးကို.. လေထဲမှုတ်ပစ်ခဲ့တယ်.
ကမ္ဘာတခြမ်းတိုင်..မြောလွင့်ကာ..
သူ့ ဆီကိုပြောပြမဲ့.. ကိုယ့်အလွမ်းတွေ..

မိုးပျံဘော်လုံးလေးကို... ဝေဟင်ဆီ.ပျံလွှတ်ခဲ့တယ်
ကမ္ဘာတခြမ်းတိုင်..လေဟုန်စီးကာ..
သူ့ ဆီကိုအရောက်သွားဖို့ .. အချစ်တွေ..

ငယ်..ငယ်ချစ်လေးရေ..
အရှေ့ နဲ.့အနောက် ကမ္ဘာ ..တကယ်ဆို ဝေးကွာ..
နေ့  နဲ့  ညအခါ..ကိုယ်တို့ ကြားမှာ..
ဆောင်းနှင်းပွင့်တွေ..ကြွေလွင့်မျောနေချိန်..
လွမ်းမိတယ်ဆို..မင်းယုံတော့နော်..

ငယ်..ငယ်ချစ်လေးရေ..
ချစ်ရက် နဲ့ ဝေးကွာ..ပုံပြင်မဟုတ်ပါ..
အသဲချင်းနားလည်...အိမ်မက်ထည်းမှာ
ချယ်ရီပွင့်တွေ..ဝေနေတဲ့အချိန်..
သတိရတယ်ဆို..မင်းယုံတော့နော်...

(စုစုကဗျာ) ၆။၎။၂၀၀၇

Sunday, June 3, 2007

မချစ်တော့ဘူး..သတ်ချင်..သတ်ပစ်လိုက်

လာ..လာ..မမေး..နဲ့ 
မပြောတော့ဘူး..နှုတ်ပိတ်ထား.တယ်.

လာ..လာ..မချွဲ..နဲ့ 
မပြုံးတော့ဘူး..ဆုံးဖြတ်ထား..တယ်..

လာ..လာ..မနမ်း..နဲ့ 
မလွမ်းလောက်ဘူး..စိတ်မှတ်ကြီး..တယ်..

လာ..ပြန်..မချစ်..နဲ့ 
အမုန်းဆုံးလို့ ..သတ်မှတ်ထား..တယ်..

ကြောက်သွားပြီ…မင်းအချစ်က အဆိပ်တက်လွန်းတယ်..
ချိုပျားရည်…ဒါးသွားမြ..အသွားထက်ဆီ..
မှတ်သွားပြီ..အရှုံးခါးသက်..ဒီအရသာ..

( လာ..လာ..မရှုပ်..နဲ့ ..သေထိတောင်..မချစ်တော့ဘူး.လေ။
သတ်ချင်..သတ်လိုက်.. မပြောတော့ဘူး..သိပ်..သိပ်..ချစ်တာ.
သတ်ချင်..သတ်လိုက်.. မနမ်းတော့ဘူး..သိပ်မုန်းတယ်
သတ်ချင်..သတ်လိုက်.. မပြုံးတော့ဘူး..ရက်စက်တတ်လာ.
သတ်ချင်..သတ်လိုက်.. မုန်းတတ်အောင်..မင်းသင်ပေးတယ်)၂

သတ်ချင်..သတ်လိုက်.. အားလုံးကိုမေ့ထားခဲ့ပြီ။

(စုစုကဗျာ) ၆။၃။၂၀၀၇

ဒီပခုံးပေါ်….ပါးလေးအပ်ကာ

(ဒီရင်ခွင်မှာ…မေးလေးတင်..
အရင်လို.အိပ်စက်ခွင့်…ရပါ့ရစေ…

ဒီပခုံးပေါ်….ပါးလေးအပ်ကာ
အရင်လို.ကိုယ်ချွဲ.ပါ့ရစေ…

ဒီမျက်လုံးတွေ..ငေးကြည့်ကာ
အရင်လို...ရင်ခုန်.ပါ့ရစေ…

ဒီစကားတွေ….နားဝတွင်
အရင်လို…ချိုမြိန်.ပါ့ရစေ…

လွမ်း…ခဲ့မိတာ..အချစ်ဆုံးဘယ်ဝယ်ဆီ
ပြောပြဖို့တောင်…စာမမီဘူး ယုံ..
ရေဝေး..လို့ ကမ်းတင်…ဗေဒါလေး..ငယ်ငယ်..
သွေ့ ခြောက်နာကျင်….ကိုယ်လေ..တဦးထဲ.)၂.

(စုစုကဗျာ) ၆။၃။၂၀၀၇

သူငယ်ချင်းကို…ယုံလို့ စုံလုံးကန်း

ယုံကြည်တာ..ကိုယ်မှားသွားပြီလား
ငယ်ငယ်ကတည်းက..ချစ်ရတဲ့သူငယ်ချင်းရေ
ဘာမဆို..လှို့ဝှက်ချက်..တိုင်ပင်ဖေါ်
မင်းကိုယုံ…စုံလုံးကန်းပြီ။

သူငယ်ချင်းရေ…ကိုယ်ရည်းစားရခဲ့တာ..
ကြွားချင်ချင်..မိတ်ဆက်လို့ ပေးတာ
ယုံကြည်တယ်..ကိုယ်စိတ်ချ..အ..တယ်နော်
မျက်လုံးချင်းဆုံ..မင်းတို့ နှစ်ယောက်ချစ်မိသွားတာ..
မသိဘူးနော်..အဖြူသက်သက်ရိုးသားသူ
သံသယအမြင်မရှိခဲ့တာ..ကျမရဲ့အလွန်
ယူသွားပြီ..ကျမအသည်းလေးခိုးသွားတာ
အချစ်ဆုံးလေ..ကျမရဲ့ သူငယ်ချင်းသူ။

ယုံကြည်တာ..ကိုယ်မှားခဲ့ပြီနော်
ငယ်ငယ်ကတည်းက..ပေါင်းခဲ့တဲ့သူငယ်ချင်းရေ
ဘာမဆို.. တိုင်ပင်ဖက်.တိုင်ပင်ဖေါ်
မင်းကိုယုံ…စုံလုံးကန်းပြီ။
ကိုယ်…မင်းကိုယုံ…စုံလုံးကန်းပြီ။

(စုစုကဗျာ) ၆။၂။၂၀၀၇

 
/* EOT ----------------------------------------- */