Saturday, April 16, 2016

သာမန်လူသာ အကောင်းဆုံး

မြေသျှိုးမိုးပျံ..အစွမ်းထက်တဲ့ သူရဲကောင်းကို
ကျမ မလိုပါဖူး
မိမိ အပေါ်သစ္စာတည်ကြည်မဲ့
သာမန် ယောက်ျားကောင်းဘဲ လိုချင်တယ်။

ဥစ္စာ စည်းစိမ် ဓန ရွှေမှုန်ကြဲဘ၀..
ရှင်ဘုရင်ကတော် လည်း မဖြစ်ချင်ဖူး..
လင်တစ်ထမ်း..မယားတစ်ရွက်..
ဒိုးတူဘောင်ဘက် အဖေါ်ကောင်းဘဲ လိုတယ်။

သူ လဲတဲ့ အခါ ထူမဲ့ ကျမလက်..
ကျမ လဲတဲ့အခါ ကမ်းပေးမဲ့သူ့ လက်..
သူ စိတ်အားငယ်ရင် ဖြေသိမ့်မဲ့ ကျမ.
ကျမ ငိုရင်..ထွေးသိမ့် မဲ့ သူ့ ပုခုံးတဖက်
အချစ်သည်သာ
ဘ၀အတွက် ထာဝရအသက်ပေါ့..
သာမန်လူသာ ကျမအတွက် အကောင်းဆုံး..
ကျမ လိုတာ အသက်ထက်ဆုံးပေါင်းမဲ့သူ။

စုစု

No comments:

 
/* EOT ----------------------------------------- */