Wednesday, June 6, 2007

အဖေါ်ကောင်းတွေ့ ပြီ..မင်းကံကောင်းပြီမှတ်

ရွှေပင်လယ်ကိုသွားဖို့ ခေါ်မလား။။
ဟင့်အင်း.. ဟင့်အင်း.လိုက်ချင်ဘူး
သက်တောင့်သက်တာရှိတဲ့ဘ၀..ဘာများအရသာရှိမလဲနော်..
ရွှေစော်နံ ပြန်လိုက်အုံး…ဘိုင့်ဘိုင်..မင်းဖာသာသွား

ပန်းခင်းလမ်းကိုသွားဖို့ ခေါ်မလား။။
တော်ဘီ..တော်ဘီ.လိုက်ချင်ဘူး
မွေးပျံ့တဲ့ပန်းရနံ့ တွေကြား..ကြိုးစားချင်တဲ့စိတ်တွေပျက်ပြား
ပန်းစော်နံ ပြန်လိုက်အုံး…ထားခဲ့တော့..မင်းဖာသာသွား

မီးပင်လယ်ကိုဖြတ်ဖို့ ခေါ်မလား။။
လာလေကြာတယ်..အခုခေါ်မလား
စိတ်ဝင်စားဖို့ကောင်းတဲ့လမ်း..ဘ၀ရဲ့သတ္တိများနော်..
စိမ်ခေါ်ရင်လေ..ဘွာမကူတမ်း..အိုကေ..အိုကေသွားမယ်လာ..

ဆူးခင်းလမ်းသွားဖို့ ခေါ်မလား။။
နွေကန္တာပူလောင်ပြင်းတောင် ဒို့ မကြောက်ဖူး
မင်းလက်ကလေးကို..ဒို့ အတူတွဲ..ငရဲတောင်သွားရဲတယ်နော်
ကြည်ဖြူပါတယ်..ဒီအချစ်လမ်း..
ဟာ ဟာ့ ဟာ ဟာ့ ဒို့ အတူလှမ်း

( ပင်လယ်ပြင်မှာလှေမှောက်လည်း..မကြောက်ဖူး မင်းနဲ့ အတူတူ
ကန္တာလွင်ပြင် ဆယ်နေစင်း.. မပူပါဘူး မင်းနဲ အတူတူ
ဆူးများလည်းကြမ်းပစေ..နောက်မဆုတ်ဘူး
ဒီလို.. ဒီလို ကိုယ်မိုက်ရဲ.. မခွဲဖူး မင်းနဲ့ အတူတူ
စစ်မှန်တဲ့သတ္တိများ..အခက်အခဲတွေဖြတ်ကျော်ရဲတယ်နော်..

လာလေလာလေ သွားစို့ လား.. OK OK သွားမယ်နော်..
ဟာ ဟာ့ ဟာ ဟာ့ ဒို့ အတူလှမ်း… ဟာ ဟာ့ ဟာ ဟာ့ ဒို့  မကြောက်ဖူး
OK ရယ်ဒီ သွားစို့ လား.. ဟာ ဟာ့ ဟာ ဟာ့ သွားမယ်နော်
ဟာ ဟာ့ ဟာ ဟာ့ ဒို့ အတူလှမ်း… ဟာ ဟာ့ ဟာ ဟာ့ မင်းနဲ့တွဲ..
ဟာ ဟာ့ ဟာ ဟာ့ ဒို့ အတူဘဲ… ဟာ ဟာ့ ဟာ ဟာ့ ဒို့  မကြောက်ဖူး
(စုစုကဗျာ)

No comments:

 
/* EOT ----------------------------------------- */