တဖန်ပြန်လည်..ကြိုးစားခြင်း
ရဲရင့်လေ.ရဲရင့်စေ. မင်းရဲရင့်တော့လေ
အတိတ်ဟောင်းက..နှောင်းခဲ့ပြီဘဲ
ပုံရိပ်ဟောင်းလည်း..ပြောင်းခဲ့ပြီဘဲ..
နိမိတ်ကောင်းဟာ..ဒို့ နဲ့ အတူတူတွဲ..
မင်းရဲရင့်ဘို့ ဘဲလိုအပ်တယ်.
ဒါဏ်ရာဟောင်းက..ကျက်ခဲ့ပြီဘဲ
အမှောင်လမ်းများ..လင်းခဲ့ပြီဘဲ..
သံစဉ်ဟောင်းလဲ..ပြောင်းခဲ့ပြီဘဲ
မင်းရဲရင့်ဘို့ ဘဲလိုအပ်တယ်..
ကံအကြောင်းမပါ..အသဲကိုယ်စီကွဲ
အမှန်အကြောင်းအရာ..ရှုံးနိုမ့်ခဲ့လဲ
အချိန်ကောင်းဟာ..ခုရောက်ပြီဘဲ
မင်းရဲရင့်ဘို့ ဘဲလိုအပ်တယ်.
အာရုဏ်ဦးဟာ..လက်တကမ်းမှာဘဲ
ရောင်နီမြူးဟာ..လင်းလက်စွာရဲ
ကံအကြောင်းသာ..ဒို့ တွေ့ ပြီဘဲ..
မင်းရဲရင့်ဘို့ ဘဲလိုအပ်တယ်..
လေပြေထွေးသာ..နွေးထွေးရင်ထဲ
ချိုအနမ်းဖြာ..မေ့မရပြီဘဲ
ရင်ခွင်နွမ်းမှာ..အချစ်စပြီဘဲ..
မင်းရဲရင့်ဘို့ ဘဲလိုအပ်တယ်..
ရဲရင့်လေ.ရဲရင့်စေ. မင်းရဲရင့်တော့လေ
(စုစုကဗျာ)
No comments:
Post a Comment