Tuesday, June 5, 2007

စက္ကူလှေကလေးများမှ..တဆင့်

စက္ကူလှေကလေးချိုးကာ...ရေထဲကို..မျှောချခဲ့တယ်..
ကမ္ဘာတခြမ်းတိုင်..ရွက်လွင့်ကာ..
သူ့ ဆီကိုသယ်သွားမဲ့.. ပန်းလှေ.

ဆပ်ပြာဘူဘောင်းလေးကို.. လေထဲမှုတ်ထုတ်ခဲ့တယ်.
ကမ္ဘာတခြမ်းတိုင်..မြောလွင့်ကာ..
သူ့ ဆီကိုပြောပြမဲ့.. ကိုယ့် အလွမ်းတွေ..
 
ငယ်..ငယ်ချစ်လေးရေ..
အရှေ့ နဲ.့အနောက် ကမ္ဘာ ..တကယ်ဆို ဝေးကွာ..
နေ့  နဲ့  ညအခါ..ကိုယ်တို့ ကြားမှာ..
ဆောင်းနှင်းပွင့်တွေ..ကြွေလွင့်မျောနေချိန်..
လွမ်းမိတယ်ဆို..မင်းယုံတော့နော်..

မိုးပျံဘော်လုံးလေးကို... ဝေဟင်ဆီ.ပျံလွှတ်ခဲ့တယ်
ကမ္ဘာတခြမ်းတိုင်..လေဟုန်စီးကာ..
သူ့ ဆီကိုအရောက်သွားဖို့ .. အချစ်တွေ..

ချိုးဖြူ ဌက်ကလေးတို့ ကို  မိုးယံဆီ စေလွှတ်ခဲ့တယ်။
ဟို အဝေး နယ်  တောင်ပန်ဖြန့် ကာ
သူ့ ဆီကိုပေးလိုက်တဲ့ ကိုယ့် အနမ်းတွေ


ငယ်..ငယ်ချစ်လေးရေ..
ချစ်ရက် နဲ့ ဝေးကွာ..ပုံပြင် မဟုတ်ပါ..
အသဲချင်း နားလည်...အိမ်မက်ထည်း မှာ
ချယ်ရီပွင့်တွေ..ဝေနေတဲ့အချိန်..
သတိရတယ်ဆို..မင်းယုံတော့နော်...


ငယ်..ငယ်ချစ်လေးရေ..
ထားခဲ့တဲ့ သစ္စာ..ကိုယ်ကြေကွဲ စရာ..
မရဲတရဲနဲ့ လွမ်းနေ ..ကိုယ် အဝေး မှာ
နေကြာပန်း လို  နေအလာယိမ်းနေ
အရိပ်လို လိုက်ပါ ..မင်းယုံတော့နော်...

(စုစုကဗျာ) ၆။၎။၂၀၀၇

No comments:

 
/* EOT ----------------------------------------- */