သူ့ အနမ်း.နဲ့ ရင်ဆိုင်ရဲပြီ..အရာရာ.
သူ့ ရဲ့ အနမ်းလေး..
ဆောင်းနှင်းပွင့်..ဖွေးဖွေးလေး..လို
ရင်ထဲမှာ..အသဲစိမ့်အောင်..အေးမြလွန်းတယ်..
သူ့ ရဲ့ အနမ်းလေး..
ကျောက်စက်ရေ..အေးအေးလေး..လို
ရင်ထဲမှာ..အမောပြေ..တမ်းတတမပြေ
သူ့ ရဲ့ အနမ်းလေး..
ပျားရည်စက်…ချိုမွေးမွေး.လို
ရင်ထဲမှာ..မေ့မရအောင် စွဲလန်းလွန်းတယ်..
သူ့ ရဲ့ အနမ်းလေး..
ဆားငန်ရေ..သောက်လေငတ်မပြေ
ရင်ထဲမှာ..ဖြတ်မရအောင် ရူးသွပ်မိပြီ။
မထားခဲ့နဲ့နော်..နင်မရှိရင်..ဒီမှာ..ဟာတာတာ..အရူးကြီးဖြစ်နေ..
မရက်စက်ကြေးဟာ…အဆင်မပြေတာ..ဆွေးနွေးပြုပြင်..
တကယ်လက်တွေ့ ဘ၀ဟာ..အမြဲတမ်း..ရွှေရောင်စဉ်နေ့ တို့ မဖြစ်နိုင်.
ကြိုးစားကြမယ်.ဒို့ အတူလေ..ပန်းတိုင်ရောက်အောင်..
အနမ်းကလေးတွေ..အချစ်လေးတွေ..အလွမ်းလေးတွေ..သတိတရနဲ့ လေ
သယ်ဆောင်ကာသွားကြမယ်..နေ့ သစ်သို့ လေ။
(စုစုကဗျာ) ၆။၈။၂၀၀၇
No comments:
Post a Comment