နှင်းခါးရိုက်လို့..ကြွေတဲ့ပန်းကလေးများ
အေးစက်စက်..ဆောင်းမနက်လေ..
မှုန်ရီမရေးတရေး..မြူတံတိုင်းနဲ့တောင်ခြေ..
နှင်းခါးမှုန်တသဲသဲ…မတိုးရဲတဲ့.. နေခြည်တွေ..
ပန်းရိုင်းပေါ်..အအေးသက်
ကြွေပျက်တဲ့ရာသီ…ဆောင်းရယ်..နှိပ်စက်အားသည်.။
အေးစက်စက် မင်းအကြည့်တွေ..
မကြုံချင်လည်း..ကြုံခဲ့တဲ့နေ့တွေ..
အချိုဆုံးအချစ်များ..ခါးသီးခဲ့တဲ့..ဒီအချိန်ရယ်။
ကြားကလေတိုးဖျက်….အသဲပျက်ခဲ့ရပြီ..
မင်းရယ်..ရက်စက်လွန်းသည်။
နှင်းခါးရိုက်လို့ကြွေတဲ့ပန်းကလေးလို..
မင်းကမုန်းရက်လေတဲ့…ကိုယ့်အချစ်တွေ..
ကြွေနေပြီ.. ကြွေနေပြီ. ကြွေနေပြီ..
ဆောင်းရဲ့မနက်ဆီ.
စိမ်းကားတဲ့ စကားလေးတွေ…..လမ်းခွဲဖို့.. အစပြုနေ.
အေးစက်စက်..ဆောင်းရဲ့လေ.. နှိပ်စက်တဲ့နှင်းခါးတွေ
ပန်းကလေးတွေ……ကြွေ.. ကြွေ.. ကြွေ..
အသည်းလေးတွေ….ကြွေ.. ကြွေ.. ကြွေ..
နှင်းခါးတွေ..ဝေ…ဝေ…ဝေ
အမုန်းစကားတွေ..ရင်မှာတစ္ဆေ…ကိုယ်..သွေးပျက်ခဲ့ပြီမေ..
(စုစုကဗျာ)
No comments:
Post a Comment