ဒီသောင်ယံကမခွါနိုင်..
သောင်ပြင်သာနဲ့ပင်လယ်ပြာ…..လေပြေလာတဲ့..ကမ်းခြေမှာ
ကိုယ်တယောက်ထဲ..လမ်းလျောက်လာ..
တွေ့ရတယ်..ကျွန်းသူမေကဗျာ..
ဖြူစင်စွာနဲ့..နှုတ်ဆက်လာ…အကြင်နာပါတဲ့အပြုံးကတစ်ရာ..နှစ်ရာ
ကိုယ်တယောက်ထဲခုမဟုတ်တော့ပါ။
ချစ်မိတယ်..ဒီသောင်ယံမှာ..
ကြည်လင်တဲ့မိုးကောင်းကင်မှာ..ခုနှစ်ဖြာ..လှပသက်တန့်ပေါ်အလာ.
ကိုယ်နဲ့မင်းချစ်ခဲ့ပြီ…သောင်ပြင်မှာ..
မေ့မရနိုင်တာ..ဟာဝိုင်ရီမှာ
ညဆည်းဆာ..သောင်ယံဦးမှာ.အတူတူပျော်..ကိုယ်မမေ့ဘူးကွာ..
ပုဇွန်ဆီရောင်..ငွေတိမ်တောက်ချိန်
ချစ်ခဲ့မိပြီ..ပင်လယ်ပြာပြာ
မငိုစေချင်..မောင်ပြန်တဲ့အခါ…..နှုတ်ဆက်ပါ..ချစ်အနမ်းနဲ့သာ..
ဂတိပေးတယ်..ပြန်လာခဲ့မှာ
ဟာဝိုင်ရီက .. ကြိုနေပါ.
(စုစုကဗျာ)

No comments:
Post a Comment