Thursday, May 31, 2007

ဗျောင်..နောင်..နောင်..ပေ..ပေ..ဂျိ…

ကိုယ်နဲ့ မင်း ဟာ.တရပ်တည်း ဖွားဘက်တော်.
အတူတူကျောင်းနေ..ရန်ဖြစ်ဖက်ရဲမက်အဖေါ်..
ဘော်လုံးပွဲမှာ..ကိုယ်တို့ နှစ်ဦိး အချိတ်အဆက်တော်
ညီအကို အရင်းထက်တောင်..
ရင်းနှီးတယ် သွေးသောက်ညီနောင်..

ကံခေတယ်ခေါ်မလား…ကံပေါ်တာလား.
တွေ့ ရတဲ့..ချစ်စရာ..ကောင်မလေးချို
ရင်ညိအောင်ချစ်မိ..နှစ်ယောက်သားပြိုင်တူ
မင်းလည်းအသဲတုန်..ကိုယ်ရင်ခွင်..ပုဇွန်ဆိတ်ခုန်

ယှဉ်ပြိုင်မယ်..မမောမပန်း
စိမ်ခေါ်မယ်..ဘွာမခတ်တမ်း.. ဟေ့
နိုင်နိုင်သူ..ယူလှည့်စတမ်း
ယောက်ျားဆိုရင် အားမလျှော့နဲ့ပေါ့..

သေနတ်ကိုကိုင်..ယှဉ်ပြိုင်ပြီးပစ်ကြတော့မလား..
ဒါးခုတ်လှံထိုး..ဘယ်သူမှမလုပ်ရဲဘူးနော်..
လက်ဝှေ့ ထိုး. မဘက်လိုက်..မိုက်တော့ရှက်တယ်.
လက်ပြိုင်လှဲ..သားရည်ပွဲ..ထပ်ထပ်ကျနေ..

မျောက်ပန်းလှန်..ဘယ်သူကခေါင်းဖက်ကျမှာ
ကျား..ဗိုလ်ဆွဲ..ဘယ်သူကကျားကြီးလဲ..
ဂျန်ကင်ပိုး (JanKenPo)…စက္ကူလား..ကျောက်ခဲလေးလား
ယှဉ်ပြိုင်ရေး..ဘာနည်းလမ်းကောင်းရွေးမလည်း..
အတွေးခက်သည်..ရွေးခဲ့ပြီ…နှစ်ဦးသဘောတူညီ..

ဗျောင်..နောင်..နောင်..ပေ..ပေ..ဂျိ…

(စုစုကဗျာ)

No comments:

 
/* EOT ----------------------------------------- */