Thursday, July 12, 2007

မနမ်းဘူးသေးတဲ့..ဒီ..ပါးပြင်။

ကိုယ်တခါမှ….မနမ်းဘူးသေးတဲ့..ဒီပါးပြင်
ကြင်နာစွာ..နမ်းခွင့်လေး ..တော့ ခွင့်တောင်းချင်
ချယ်ရီရောင် ..ရှက် မို့ မို့ သန်း ..ဒီပါးပြင်
ဖြုဝါ၀ါ..အကြော့စိမ်း ရှက်တဲ့..ဒီပါးပြင်

ခင်တွယ်သူကို .. တွေးပွေ့ တယုယ မောင်နမ်းချင်
ယုံပါနော် အသက်ထက်ချစ်တဲ့ ချစ်ဦးခင်..
မထင်စေချင်..ပျားပိတုန်း ၀ဲလာ.လှည့်စားအသွင်
ဒ်ီမောင်ရင်ခွင်..အသဲထက်ကဗျည်းထိုးစာတမ်းတင်

သန္တာရောင်..နှုတ်ခမ်းထက် အနမ်းကပူပြင်းလျှင်
ဖြူစင်စွာ.မင်းပါးမို့ မို့  ကိုယ်နမ်းချင်.
ကြည်ဖြူ စွာ..ခွင့်ပြု လှဲ့ တော့ ချစ်ဦးခင်

ဆံနွယ်တွေ..ဖုံးအုပ်မထားနဲ့ .ဒီပါးပြင်
ညင်သာစွာ။။ထွေးပွေ့  တယုတယပိုက်ထွေးစဉ်..
ရင်ခုန်စရာ..နူးညံ့လှပ အဖြူအနမ်းတွင်..
ဆိုစေချင်..မိုးလောက်ချစ်တာ..မောင်ကြားချင်

တုန်ရီ..ရင်ခွင်..အနမ်းပန်းခူးမလို့ .စိတ်ကူးယဉ်..
ရင်ခုန်သံ..မိုးထိပေါက်မတတ်..ရင်ထဲတုန်ရင်..
ဒီအပျိုစင်..ပါးလေးနမ်းဖို့ ..မ၀ံ့မရဲ ပင်
ဆင်စွယ်ရောင်..နူးညံ့ လှပ..ဒိီပါးပြင်.

မညိုမညင်..ခွင့်ပြုလှဲ့ တော့..ချစ်ဦးသခင်
ဒီမောင်ရင်ခွင်..မေ့မရ... အိမ်မက်..လမင်းရှင်
ကြင်နာလျှင်..နမ်းခွင့်လေးတခု….ခွင့်ပေးအစဉ်...

(စုစုကဗျာ ) ရ။၁၂။၂၀၀၇

No comments:

 
/* EOT ----------------------------------------- */