Monday, August 20, 2007

ဗိုလ်နေမြဲ..ကျားနေမြဲ


နေပစေလေ..
ထားခဲ့တော့..မင်းရက်စက်တတ်ရင်လဲ..
လွမ်းခွင့်မပိုင်..ဖယ်ရှောင်..အဝေးမင်းနေဆဲ..

ကိန္ဒရာတွေ..မိုးည..တယောက်တဖက်ဆီကွဲ..
လွမ်းရဖြေမဆည်..ရက်ပေါင်းများစွာ. ငိုဆဲ...

အချစ်သက်သေ..ဒို့ အချစ်ညများစွာထဲ..
ခုတွေး..မက်မပြေ..အိမ်မက်ထည်း..မင်းလာမြဲ

ထားခဲ့တယ်လေ
ဂတိတရား..ကိုယ်စီရင်ထဲ..
ခုတော့ကြွေ..လေလွင့်မြော..ရွက်တေလေ၀ဲ

သွားရစ်တော့လေ..
ခွင့်လွတ်တော့..မချစ်နိုင်တာလည်း
ထားခဲ့နော်.. ဗိုလ်နေမြဲ..ကျားနေမြဲ

ရက်စက်တယ်.
ဆိုချင်လည်းမင်းဆိုတော့..သိလိုက်တာ..
ဘယ်တော့မှ..မင်းမချစ်ခဲ့ဘဲ။

ထားခဲ့နော်..
အဝေးနယ်…တယောက်တကွဲစီကွဲ
လွမ်းခွင့်မရှိသာ.. ဗိုလ်နေမြဲ..ကျားနေမြဲ

(ချစ်ပါသော်လည်း..မဖြစ်နိုင်..

ဝေးနေသော်လည်း..ဒို့ မနီးနိုင်..
သမုဒ္ဒရာတွေခြား..ဝေးတမြေ..

နီးချင်သော်လည်း…ကံနည်း သူ..
ထားရစ်ခဲ့တော့လေ…

ကျမတို့ဘ၀တွေ..
ဟိုအရင်လိုဘဲ.. ဗိုလ်နေမြဲ..ကျားနေမြဲ)

(စုစုကဗျာ ) ၈။၂၀။၂၀၀၇

3 comments:

Mintasay said...

စာသားလေးတွေ ကောင်းတယ် အမ...Keep it up

Khin Set Su Nge said...

ဒီကဗျာလေး..အရမ်းကောင်းပါတယ်..
အားပေးပါတယ်နော်..
နံမည်ချင်းလည်းတူနေတော့..

ခွပ်ဒေါင်းမြေ said...

ကြိုက်တယ်... ကဗျာကောင်းလေး ခံစားမိတယ်... ကျွန်တော် ဘ၀နဲ့ထပ်တူထပ်မျှပါပဲ... နောက်လဲ လာခံစားပါဦးမယ်...

ကျွန်တော် ခံစားမိတာကတော့... ကျမနေရာ ကျွန်တော် အစားထိုး ၀င်ရောက်ခံစားမိတာပါ...

 
/* EOT ----------------------------------------- */