သူနမ်းတဲ့ ည
ကြယ်ကလေးတွေရယ်.
မျက်စိမှိတ် နေ…
ချစ်သူမောင်..သူရှက်တတ်တယ်..
ပုရစ်ကလေးတွေရယ်။
ငြိမ်ငြိမ်လေးနေ…
ချစ်သူမောင်..သူရှက်တတ်တယ်..
လေပြေလေးတွေ..
မတိုက်ခတ်နဲ့ လေ။
ချစ်သူ မောင်..သူ နမ်းမဲ့ အချိန်..
ကြယ်ရောင် လင်းတမှုန်..
လှိုင်းပုတ်သံ ရင်ခုန်..
သောင်ပြင်စပ် မှာ..
ပင်လယ်ကြီးဟာ..
ညရှုခင်း ..လှပနေတယ်။
ရင်ခွင်မှာနွဲ့ မှီ..
နွေးထွေးတဲ့ သူ့ အနမ်း..ပန်းချီ။
တိမ်ဖျား ရောင်ခြည်.
ရှက်သယောင်ယောင်..
ကွယ်ခဲ့ပြီ။
စုစု
No comments:
Post a Comment