ပျားရည်အိမ်မက်များ ရဲ့ နတ်သမီး.
သူ့ ခြောက်အိမ်မက်ဆိုး တွေ.
ကွယ်ပျောက် စေအောင်..
ကိုယ်အချစ်နဲ့ မောင်းထုတ်ပေးမယ်။
ညည အိပ်မပျော်..
ဆံနွယ်တွေ..ပွတ်ပေးတဲ့အခါ..
သူလေ..ခလေးလို..အပြစ်စင်စင်..
အိပ်မောကျတတ်ပြီ။
ငယ်အိမ်မက် ဆိုတာ..
အမှန် တကယ်ကျ..
မသိစိတ် ရဲ့ အလည်..
တခါ တခေါက် ပြန်လည်..
အိမ်မက်ဆိုး အဖြစ် ပြုစားတတ်တယ်။
စိတ်ချပြီး နေနော်..
မင်းဘေးမှာ ကိုယ်အမြဲရှိတယ်။
မပူမပင်ဘဲ အိပ်ပျော်
မင်းဘေးမှာ ကိုယ်စောင့်ကြည့်နေ။
အိပ်ပျော်ဆဲ မင်းအသက်ရှူသံ
စိတ်ထဲမှာ..အလွတ်ကျက်ထားသူ
အပျော်တွေနဲ့ မနက်ဖြန်..
မင်းအတွက်ဆို ဖြည့်ဆည်းပေးမယ်..
ဘယ်တော့ အားမငယ်..
မင်းအတွက်..ဒို့ ထာဝရအဖေါ်မွန်။
ယုံကြည်ပြီးနေ..
မင်းအတွက်..ကိုယ်လေ..
ချိုအိမ်မက်တွေ..ဖန်ဆင်းသူ။
မ
No comments:
Post a Comment