Saturday, April 9, 2016

အချစ်ရဲ့ ကြီးမားသော အာနိသင်

အားငယ်လို့  ငိုခဲ့တဲ့မျက်ရည်..
သူ့ လက်ကလေးနဲ့ သုတ်ပေးတဲ့အခါ
မျက်ရည်တွေဟာ..ပုလဲလုံးလေးဖြစ်သွားတယ်။

ဝမ်းနည်းတဲ့ ရင်တွင်းရှိုက်သံ..
သူ အားပေးတဲ့ အခါ..
ညည်းတွားသံဟာ..သံစဉ်ချိုဂီတ တပုဒ်လေ။

ထိတ်လန့် တဲ့ စိုးရိမ်မှုတွေ..
သူ့ ရင်ခွင်ထဲထွေး..ယုယပေးရင်..
ကြောက်ရွံ့ မှုဟာ..လေပြေထဲ လွင့်စင်သွားတယ်။

သတိတရ ရှိချိန်..
သူ ဖုံးဆက်တဲ့အခါ..
လွမ်းဆွတ်မှုဟာ..သစ်ရွက်လိုကြွေ။

သူဟာ ကိုယ်အဖေါ်..
အနီးမှာ အမြဲတစေ..
ကိုယ် လေ သူ့ အဖေါ်
တနေ့ မတွေ့ မနေ..

သူငိုခဲ့ရင်..ကိုယ်လေ..အပါးမှာ..
ကိုယ် ငိုခဲ့ရင်..သူလည်းလေ..သနားစရာ
ဝေဒနာတူတူ..ကြင်နာမညူစူ
စွယ်တော်ရွက်လို..ချစ်သူ..
နှစ်လွှာပေါင်းမှ..ကိုယ်နဲ့ သူ။


No comments:

 
/* EOT ----------------------------------------- */