လည်တိုင်မှာ ဆွဲစေ..
လွမ်းတဲ့အခါ..ကဗျာလေးတွေ
တစ်လုံးပြီး တစ်လုံး..
ပန်းလို ကုံးထားတယ်။
ချစ်သူ..အတွက် လွမ်းတေးလက်ဆောင်။
ချမ်းတဲ့အခါ..နွေးထွေးပါစေ
တစ်ခု ပြီး တစ်ခု..
လေ ထဲကို ကြဲလွှင့်လိုက်တယ်။
ချစ်သူ..အတွက် အနမ်းလက်ဆောင်။
မင်းရဲ့ အချစ်တွေ..
ကိုယ်ရဲ့အချစ်တွေ..
သမုဒယတွေ ကို
လွန်းရှယ်ကာ..ယှက်ယက်တဲ့ကြိုးလို..
အလွမ်းလေးကို ညီညီ..
အချစ်လေးတွေ စီ..
လွမ်းကဗျာ.တပုဒ်ရဲ့ ပန်းချီ..
ဆေးသားမှုန် မပီတပီ။
ပန်းကုံးသို့ ..သီ။
စုစု
No comments:
Post a Comment