အချစ်စစ် ဟူသည်.
တနေ့ တနေ့ တိုးနှောင်ရစ်တဲ့
အချစ်နွယ်မျှင်တနေ့ တနေ့ 
စွဲမြဲတရစ်ရစ် သံယောဇဉ်တနေ့ တနေ့ 
တမ်းတ လွမ်းရ..မောတဲ့ရင်.
အချစ်စစ်မှန်…ဖြောင့်ဖြူးရန်မရှိ..
အနေကွာဝေး.လွမ်းရေးကခက်တယ်ချစ်သူ..
တနေ့ တနေ့ 
ရက်များ ရေတွက် တွေ့ ရမဲ့နေ့ 
တနေ့ တနေ့ 
သူ စိတ်ရှည်ပါ့မလား.တွေး၊ အသက်ရှုမေ့
တနေ့ တနေ့ 
ကျနေ၀င် နေမင်းကိုငေး၊ မျက်ရည် ဝေ့ဝေ့
အချစ်စစ် မှန်ရင်..
မြူမှုန်လို.မပျောက်ပျက်တန်ပါဘူး။
မျှော်လင့်ချက် ဖွေးဖွေး..
ဒီ ရင်ထဲမှာ ထွေးပွေ့ ထားတယ်။
တနေ့ အတူနေရမယ်
ယုံကြည်တယ် ချစ်သူ။
စုစု
No comments:
Post a Comment