သူနဲ့ မှ ဘဲ
အမြဲစိမ်းသစ်တောက သစ်ရွက်တွေလို
လန်းဆတ် ဝေဆာတယ်..သူနဲ့ဆို....
မိုးရနံ တို့ သယ်ဆောင် မုတ်သုန်လေများ လို..
အေးမြစေတယ်..သူနဲ့ ဆို..
စန္ဒယား ခလုတ်တွေ ရှပ်တိုက်ပြေးသလို..
ခ်ျိုသာညင်သာတယ်.. ..သူနဲ့ ဆို..
မမျှော်လင့်ဘဲ စခဲ့တဲ့ဇာတ်လမ်းမှာ
မထင်မှတ်ဘဲ..သူလေ.အချစ်ရဆုံးသူ
ဆန်းကြယ်တဲ့ ကဝေ အတတ်လို..
အပြုံးများနဲ့ ..စွဲလန်းသူရေ..
ပဉ္စလက်..မှော်အတတ်လို
သောတရုံနဲ့ ..ညှို့ စားသူရေ..
အခုတော့ ကိုယ်
စိတ်မရဲ.. တရဲ့ 
မျှော်လင့်ချက် တပွေ့တပိုက်နဲ့
နှလုံးသားမှာ..စောင့်မျှော်..ဖျားနာနေ။
တွယ်ရာမဲ့ ဝိညာဉ်ငယ်
နဂါးငွေ့ တန်းဆီ
လွင့်မြောပြီး ကမ်းမမြင်။
လွမ်းလွန်းတယ်..ငယ်။
တနေ့ နေ့ ဆုံမယ်..
ဒို့ ..ရင်သိပ်သိပ်ခုန်။
မ
No comments:
Post a Comment