Saturday, April 9, 2016

လပြည့်ည လမျက်ရည်နဲ့ အတူ..လွမ်းနေတယ်ချစ်သူ

တလမှာ တခါဘဲ..ရွှန်းပ သာရမဲ့ည..
ပြည့်လ၀န်း..မှောင်မဲကောင်းကင်မှ..
ပြည့်ပြီးရင် ဆုတ်..
ဆုတ်ပြီး ပြန်ပြည့်..
ဒီရေ.အတက်အကျနဲ့ အတူ..
ရွှန်းမြမြ..တောက်ပတဲ့ လပြည့်ည
ဘော်သာခွါ..လရောင်..အေးမြစေ။

တနေ့ နဲ့ တနေ့ ..
တွေ့ ရရက်နီး..
မောင်ရယ်..လွမ်းရတာ မညည်းစမ်းပါနဲ့ ..
ချစ်လို သာနမ်း
နမ်းလို့ သာလွမ်း
လွမ်းလို့ သာတမ်း..
တမ်းလို့ သာ.မျှော်မှန်း
ချစ်သူ့ ရှိရာ ကမ်း..
သူ လာစမ်းချင်သတဲ့..

ဒီမှာလည်း လက်ချိုးရေ..
ကြယ်ပွင့်ကလေးတွေ ကြွေတဲ့ည..
ဆုတောင်းခဲ့ အကြိမ်ပေါင်းလည်း ကဋ္ဋေ..
လမျက်ရည်..ဒီရေ.နဲ့ မိုးစက်..
နှင်းယွန်းလေက သွေးပျက်ပျက်..
အချစ် အလာ ခက်တဲ့ညများ။
အိပ်ယာ နံဘေးမှာ..
ကိုယ် စောင့်နေဆဲ..
မြောက်ပြန်လေ..နဲ့အတူ..
သမုဒ္ဒရာ၏..လှိုင်းကြက်ခွပ်များ
ကျမရဲ့အလွမ်းတွေ သယ်ဆောင်ပြီး
အချစ်ကိုတွေ့ ရင် ပြောလှဲ့ ပါ့.

ကျမ ဒီမှာ တယောက်ထဲ..
လရောင်နဲ့အတူ လွမ်းနေဆဲ။
ကိုယ်ချစ်သူရယ်..ဘယ်မှာလည်း။
တိမ်စိုင်ပေါ် မေးချိတ်နေတဲ့လ ကိုကြည့်
သူလည်းလေ လွမ်းနေမှာလားကွယ်..
စုစု

No comments:

 
/* EOT ----------------------------------------- */