ဝေဒနာ..မြစ်ကမ်းပါး.
အလွမ်းဟာ..အပူလိုဘဲ..
စီးဆင်း မြစ်နဒီ..ရင်ထဲ.
တွေ့ သမျှ တိုက်စားဆဲ..
မျက်ရည်စီးကြောင်း.ထဲ
ရွက်လွင့်ခဲ့ တဲ့ ယုံကြည်ခြင်းလှေ
ကမ်းမမြင် သောင်အဝေး..
တဝဲလည်လည်..ခရီးသည်။
မျှော် တလင့်လင့်..
အဆိပ် သင့်ခဲ့ပြီ။
ဥပက္ခော၏ မာယာ ပန်းချီ.
ပန်းတွေလဲပျောက် ရေလည်းနောက်..
စမ်းရေခြောက်ခဲ့နွေ..
မင်းမရှိတဲ့ ကိုယ်ဘဝ..နေ့ တာရှည်..
မ (၉။၃၀။၂၀၀၈)
No comments:
Post a Comment