ပထမဦးဆုံးနေ့ သို့  အမှတ်တရ
မှုန်နံသာမွှေးမွှေး..
ပါးဖွေးဖွေးမှာ..
သနပ်ခါးလေး မောင့်အတွက်လိမ်းခဲ့တယ်..
သူ ကသနပ်ခါးနံ့ ကြိုက်တယ်။
အဖြူနဲ့ အနက်..
ရိုးသားတဲ့ အဆင်.
အိနြေ္ဒနဲ့ ပြင်ဆင်..
သူ့ အတွက်..ယဉ်စေဖို့ ။
ဆံပင်ဖီးသင်
သပ်သပ်ရပ်ရပ်..
သူလည်း ဝတ်စားလာမှာ
သေချာပါတယ်။
နှင်းဆီနီ တစ်ပွင့်..
ငွားစွင့်စွင့်..
ကိုယ်ပန်ဖို့ သူ ယူလာခဲ့မယ်။
ပထမများ အတွက်..
ပထမ အကြိမ်မြောက်
ပထမ အခေါက်
အစစ အဆင်ပြေပြေ
ချောမွေ့ လှပမယ် ထင်ပါတယ်။
နှလုံးသားထဲက က ပထမလူ..
အချစ်ရဆုံးသူသို့ ..
မ
No comments:
Post a Comment