အချစ်ပျော် လူသား
ရုန်းမရ..နွံ့ လား.
ဘ၀ဆုံးမဲ့ ကျွန်လား.
နှလုံးသားကို ဖေါက်မဲ့လွန်.လား..
လွတ်လပ်မှူကို ဖမ်းချုပ်မဲ့ ကွန်.လား..
အမောပြေမဲ့ အချိုလား.
အသည်းကြွေမဲ့ အငိုလား..
ခါးချင်ရင်…ခါးမဲ့ တမာခါး..
ချိုချင်လည်း..အသဲစွဲလောက် သကာပျား..
အချစ်ဆိုတာ..လှည့်စားမာယာတပါး။
သေချာတာက…
အချစ်ဆိုတာ..လူကိုဖမ်းစား..
အသက်တွေ..အရှူမှား
ဘိန်းခင်းထဲ က လိပ်ပြာလေးလို..
ပန်းပွင့်ချပ်များပေါ် လဲကျ လွန့် မူးသွားတယ်။
ခိုင်မာတဲ့ လက်ချောင်းများရဲ့ဆုတ်ကိုင်မှု
မင်းရင်ခွင်ရဲ့ နွေးထွေးမှု..
မင့် အပြုံးတစ်ခုကြောင့်..
ကြောက်ရွံ့ တတ်ပါတဲ့ ကျမ..
အလင်းရောင်နောက်..လိုက်ပါတဲ့..
ပိုးကောင်ငယ်များ သို့ ..
အချစ်ရဲ့ နောက် တကောက်ကောက်
အိပ်ပျော်ရင်း လမ်းလျှောက်
မိန့် မူး တွေဝေ ရုးသွပ်လေပြီ။
မင်း ဖန်တီးတဲ့..မှော်ရုံတော..
ကိုယ် နွမ်းလျှမောခဲ့သည်။
အချစ် နှောင်ခဲ့..ကြိုးသို့ ချည်။
မ
No comments:
Post a Comment