ခိုင်မာသော ကြိုးများ..
အချိန်တန် အိုမင်းတဲ့ ရွက်ဝါ..
ရော်ကြင်ကြွေတဲ့အခါ..
မြေပြင်ပေါ်မသက်..
မေတ္တာ ကွန်ရက်နဲ့ 
သူလေ..ဖေးကူ..ဖမ်းယူခဲ့တယ်။
သေးမျှင်သော်လည်း..
ခိုင်မာတဲ့ ပင့်ကူမျှင်သွယ်သွယ်။
ကိုယ့် အထီးကျန်ဘဝများရဲ့နေ့ 
ကံကြုံတွေ့ ..ခရီးတကွေ့ 
မင်းရွေးချယ်.အဖေါ်ပြုခဲ့တယ်။
နှောင်တွယ်တဲ့ အချစ်များသွယ်ယှက်..
အိမ်မက်ကလေးများ တူတူမက်.
ရုန်းမထွက်သာ..တဘဝအတွက်
ဖြတ်မရ…ထာဝစဉ်
ခိုင်မာတဲ့ ကြိုးကလေးတစ်မျှင်
အဲဒါ သံယောဇဉ်.
မ (၉။၁၅။၂၀၀၈)
ရော်ကြင်ကြွေတဲ့အခါ..
မြေပြင်ပေါ်မသက်..
မေတ္တာ ကွန်ရက်နဲ့ 
သူလေ..ဖေးကူ..ဖမ်းယူခဲ့တယ်။
သေးမျှင်သော်လည်း..
ခိုင်မာတဲ့ ပင့်ကူမျှင်သွယ်သွယ်။
ကိုယ့် အထီးကျန်ဘဝများရဲ့နေ့ 
ကံကြုံတွေ့ ..ခရီးတကွေ့ 
မင်းရွေးချယ်.အဖေါ်ပြုခဲ့တယ်။
နှောင်တွယ်တဲ့ အချစ်များသွယ်ယှက်..
အိမ်မက်ကလေးများ တူတူမက်.
ရုန်းမထွက်သာ..တဘဝအတွက်
ဖြတ်မရ…ထာဝစဉ်
ခိုင်မာတဲ့ ကြိုးကလေးတစ်မျှင်
အဲဒါ သံယောဇဉ်.
မ (၉။၁၅။၂၀၀၈)
No comments:
Post a Comment