မင်းကြောင်
မနက်ခင်းနေခြည်နုက
ပန်းပွင့်လေးတွေကို လှုပ်နိုးသလို
မင်းရယ်သံချိုချိုက..
ကိုယ့် နှလုံးသားကိုလှုပ်နိုးခဲ့တယ်။
ဘာကြောင့်လည်း..မသိ..
အဖြေသိရင်..ဖြေပေးပါ။
ဆောင်းတွင်းမီးပုံကလေးက..
ကိုယ်ခန္ဓာကို အနွေးဓါတ်ပေးသလို
ဆုတ်ကိုင်တဲ့မင်းလက်က.
ကိုယ့်  အားမာန်ကိုတိုးပွါးစေတယ်။
ဘာကြောင့်လည်း..မသိ..
အဖြေရှိရင်..ဖြေပေးပါ။
နွေကာလ..ဖရဲသီးကလေးက.
ရင်တွင်းအေးမြစေသလို
မင်းရဲ့ အပြုံးများက ကိုယ့်ရင်ကို..အမောပြေ စေခဲ့တယ်။
ဘာကြောင့်လည်း..မသိ..
အဖြေညှိချင်..ဖြေပေးပါ။
မသိတသိနဲ့ သာ..မရေမရာကိုယ်တွေးခက်..
ကြောက်ရွံ့ အခါခါ သွေးပျက်..
ထွက်ပြေးရန် လမ်းရှာလည်း..
အော်..ကြင်နာ.မလုပ်ရက်..
ငုံးဆူ လူမသိတာခက်..
တိတ်တိတ်..ရှက် ရှက်..
မပြောတတ်.ပြောတတ်နဲ့သာပြောလိုက်မယ်။
မင်းကို ချစ်တယ်..
ပဟေဠိ..အဖြေညှိ..
တခုထဲသော ဤပုစ္ဆာ၏ အဖြေ
မင်းမျက်ဝန်းမှာ..အဖြေရှာနေ။
မ
No comments:
Post a Comment