Sunday, April 10, 2016

မေ့ မရတဲ့ ဤည။

အလင်းပိတ်..မဲမှောင်သွားတဲ့ မျက်လုံး..
အသံတိတ်..ဆိတ်ငြိမ်သွားတဲ့ နား..
ဆွံအသွားတဲ့ လျှာများ..
ဒိတ်ဒိတ်ဆူပွက် နှလုံးသား..
ပေါက်ကွဲလု သွေးကြောများ
လေထဲမျောတဲ့ စိတ်ဝိဥာဉ်..
ကိုယ်ခန္ဓာက တုန်ယင်
တခုဘဲ..နောက်ဆုံးကြားရတဲ့ အသံဟာ..
ပဲ့ တင်သံ ထင်ရစ်နေဆဲ..
စောင်းကြိုးရှိုက်သံ ဆူညံဆဲ..
" မ ကို ကျနော်ချစ်တယ်”
သူ့  ပစ်တဲ့ မြှားတစ်ချက်..
ရင်ကို..ဟက်တက် စူးသွားတယ်။

ဟင့်အင်း..ဟင့်အင်း
နောက်သလို..မစကြေးနော်..
မဖြစ်နိုင်ဘူး..သူပြောတာ..
မချစ်ပါဘူး..သူ ညာပြောတာဖြစ်မှာ..
နားကြား တွေမှား..
ရီစရာဟာသဘဲလား။
ဟုတ်တယ်..မဟုတ်ဖူး..
ဝေခွဲမရ..ချာချာလည် ရူး။
အချစ်ဆို တာ..အရက်လိုဘဲမူး။

ရင်တွေ ပန်းတွေတုန်..
ရီးစားစကား အပြောခံရတာ ရင်ခုန်.
နှလုံးသားက မီးပုံပေါ်ပြုတ်ကျ
မင်းစကားကြောင့် ကိုယ်ခဏ
ဒုက္ခတော့ များသွားတယ်။

တိတ်ဆိတ်တဲ့ ကိုယ့် ရဲ့ ဒီတဒင်္ဂ..
နောင်သောအခါ..မောင်ကရယ်ပွဲစ..
“ကျနော်ချစ်တယ်ပြောတဲ့ အခါ..

မ လန့် သွားတာ..ချစ်စရာ”

သူ့ အတွက်တော့ ရယ်စရာ
ကိုယ့် အတွက်က တဘဝစာ
ဒါ ရယ်စရာမဟုတ်..
အချစ်က ကိုင်လှုပ်ခဲ့တဲ့ ရင်ခုန်သံ
တော်လဲ ငလျှင်၊ လှုပ်ရမ်း
တကယ်တမ်းဆို ကိုယ်.
အသက်ရှူနေတာ ရပ်..
စိတ်တွေ တင်းကျပ်.
နှုတ်ဆိတ်တဲ့ တဒင်္ဂ.
ဘယ်ခါ မမေ့နိုင်၊
ထာဝရ အမှတ်တယ။
မောင်ချစ်တယ် ပြောလာတဲ့ ည။

No comments:

 
/* EOT ----------------------------------------- */