ကံကောင်းကြသူများ..
မောင် အိပ်ရာနိုးတိုင်း
လာလာ နှူတ်ဆက်တာ..
ရင်ခုန်စရာလေး.ရင်ထဲနွေး
မောင်က အမြဲထာဝရ ကျမ အတွက်ပါ။
ယုံကြည်မှာ။
မောင် အိပ်ပျော်သွားတိုင်း
တယုတယစောင်ခြုံ.အအေးလုံအောင်..
အကြင်နာနဲ့ ထွေး..
ကျမက အမြဲထာဝရ မောင့် အတွက်ပါ။
ယုံကြည်ပါ။
ချစ်တဲ့ဆိုတာထက်..
နက်ရှိုင်းတဲ့နားလည်မှု..
ကြင်နာမှု..စာနာမှုနဲ့  သံယောဇဉ်
ကျမ တို့ အကြားမှာရှိတယ်။
လူတိုင်းမှာ ချစ်သူတွေ
တယောက်မက..ရှိခဲ့ဖူးကြပေမဲ့..
နားလည်မှုရှိသူက. မရှိသလောက်
အင်မတန် ရှားတယ်။
ကျမ တို့ ကံကောင်းကြပါတယ်..မောင်။
No comments:
Post a Comment