ဘယ်လောက်ဘဲ အိုမင်းပစေ.။
တိမ်တိုက်ဆိုတာ..မိုးစက်ကို..အမြဲသယ်မထားနိုင်ဘူး။
ဇာတိ.ဇရာ..ဗျာဓိ..မရဏ။
မတည်မြဲပြောင်းလဲနေတာ..ဘဝ။
ပျိုမြစ်မှု ရဲ့ အဆုံး..အိုမင်းသေဆုံးခြင်းရှိတယ်။
စိမ်းသစ်ရွက်ကလေးများ..
အဆုံးမှာ.ဝါကျင်ပျောက်ကွယ်။
ပြာမှုန့် ကစ သူ..ပြာမှုန့် အဖြစ်ပြန်ရောက်တယ်။
မမြဲတဲ့ သင်္ခါရ..
ဘာမှ စိတ်မညစ်ပါနဲ့မောင်.
လက်ပလာ ဝင်လာခဲ့တဲ့ လူ့ ဘဝထဲ..
တတ်ကျွမ်းရာ..တခုခု..လူသားကို အကျိုးပြု..
ခြေရာ..စုစုလေးတွေဘဲ ချန်ခဲ့..
လက်ပလာနဲ့ ပြန်ထွက်မသွားခင်မှာ။
ဒီနေရာမှာ..
မောင်နဲ့ကျမ.လာဆုံတွေ့ မယ်။
တခြမ်းပဲ့ဘဝကလေး..အသစ်တစ်ခုစတယ်။
ပျောက်ဆုံးတဲ့ ပျော်ရွှင်မှု..
ကောင်းမွန်သော..ဘ၀ရဲ့ဆု..ရရှိခဲ့တယ်။
ကျေးဇူး တင်တယ်။
တနေ့ နေ့  ဒို့ တွေ ပျောက်သွားလည်း..
မေတ္တာ ထုကို..ဒီမှာ..ထားခဲ့မယ်။
အချစ်တွေ စာတည်းပြု
မှတ်တမ်း ပြုစုခဲ့မယ်။
နောင်လာမဲ့ အနှစ် ၂ဝ (သို့ မဟုတ်) ၅၀..
တယောက်ယောက် လာဖတ်ဖြစ်တဲ့အခါ..
စစ်မှန်တဲ့ အချစ်နဲ့ ချစ်ကြသူ နှစ်ဦး..
တချိန်မှာ..လူ့ လောကမှာရှိခဲ့ဖူးကြောင်း..သိကြပါလိမ့်မယ်။
ဘယ်လောက်ဘဲ..မောင် အို..အို..
ဟောင်းနွမ်း ခန္ဓာတွေဘဲ လဲပြိုပြို။
ဆံဖြူ..သွားကြွေ..
အရေပြားတွေဘဲ တွန့် တွန့် 
ကောင်းမြတ်တဲ့ နှလုံးသားကို..
ကျမတော့ မြတ်နိုးလေးစားတယ်။
မောင့် အပေါ် တကယ်ချစ်တယ်။
အို..စိတ်မပူပါနဲ့ 
မောင်လဲရင်..ကျမထူမှာပေါ့..
ဘယ်လောက်ဘဲ..အိုအို..ပစေပေါ့။
နောက်ဆုံးထွက်သက် ထိတိုင်။
No comments:
Post a Comment