လုံခြုံဆုံးသောနေရာ .
နွေနေ ဟာ..ပူလောင်ကျွမ်း.
ရွက်ဝါတွေ သွေ့ ခြောက်ယော်ကျ..
ပူပြင်း ရင်ကို မီးစခ။
မုတ်သုန်မိုးရေဟာ..သဲသဲမဲမဲ.
အကိုင်းကျိုးလေထန်.မုန်တိုင်း..
မညှာမတာ..ရိုင်းရိုင်းစိုင်းစိုင်း။
နှင်းမှုန်တွေ..နူးညံ့ဖြူဖွေးပေမဲ့..
အေးစက်တုန်ရင် အသည်းခိုက်.
ရက်စက်လေခြင်း.. နှိပ်စက်ညှင်း။
ချစ်သူနဲ့ ဝေးတဲ့ နွေ မိုးဆောင်းရာသီ။
အံခဲကာ ကျော်ဖြတ်..
တွက်လက်ချိုးရေ။
နွေနေပြင်းတွေ..ဘယ်လိုဘဲ ညှင်းဆဲညှင်းဆဲ
မိုးစက်ပွင့်တွေ ဘယ်လိုဘဲရွှဲရွှဲ..
နှင်းမုန်တိုင်းတွေ ဘယ်လိုအေးအေး
လုံခြုံဆုံးသောနေရာ..
မ အတွက်ရှိတယ်..
သူ့ လက်မောင်းတွေကြားမှာ..
ဘဝလုံခြုံ..
တနေ့ မှာဆုံမယ်..မောင်ယုံ။
No comments:
Post a Comment