ဒီလမ်းလေးမှာ..စောင့်နေတယ်။
ယော်ရွက်တွေ..လေမှာဝဲ..
အ၀ါရောင်ကြွေရွက်ဖုံးတဲ့
လမ်းကလေးထဲ မှာ..
သူ မပါ..တကိုယ်ထဲလေ။
ချိုးလည်ပျောက်ကလေးက ကူကူးကူး..
ချစ်ဦးသူ ပျောက်ကိုရှာ..
ကိုယ်လည်းလေ..နွေဦးလေပြေ..
ဆံနွယ်ပြန့် ကြဲ..သပ်ပေးမဲ့သူမရှိ..
နွေလေပွေက..ရင်ကိုထိရှနေ။
စိတ္တဇဆန်တဲ့နွေည များက
ခြောက်လှန့်နေတာ တစ္ဆေတစ်ကောင်လို
အိပ်မက်ထဲက ပုံရိပ်တစ်ခု
စူးရှ တဲ့ မျက်လုံးတစ်စုံ
နူးညံ့သိမ်မွေ့တဲ့ တီးတိုးသံကလေး..
နားဝ မှာ ညှင်းဖွဖွကလေး..
အချစ်ကလေးရဲ့ ငြီးတွားသံ
“လွမ်းလိုက်တာ ဘယ်တော့ အတူတူနေရမလဲ”တဲ့ကိုယ့်မျက်လုံးဒေါင့်က အတားအဆီးမဲ့
မျက်ရည်စက်က..
သူလက်ခုံပေါ် ပူနွေးစွာ စီးကျသွားတယ်။
အပျင်းပြေသက်သက်၊
အပျော်အတွက် ချစ်တာ မဟုတ်ရပါ မောင်။
စိတ်ကို တုန်လှုပ်ရှားစေခဲ့။
တကယ်ချစ်တဲ့ စေစားချက်အလို
ပူပြင်းတဲ့ ခံစားချက်ကို
ကျမ ရင်ထဲ မောင့်လိုဘဲ ရှားမီးပူသက်
ကျွန်မလည်း ချစ်မိသွားပြီ။
ရုန်းထွက်မရ..ဒီက..အစွဲအလမ်းကြီးတယ်။
နွေလမ်းတွေ..ဘယ်နှစ်ရာသီ လောက်လျှောက်
မောင်ရေ..ဘယ်အခါ အရောက်လာမလဲ။
မှုန်ယဲ့ပါးပါး ရင်ထဲကမသိစိတ်များ..
တမ်းတ နေဆဲ။ လွမ်းလျှနေမြဲ
အဝါရောင် ရွက်ကြွေလမ်း၏ ဝေဒနာ..
No comments:
Post a Comment