Saturday, April 9, 2016

လွမ်းနေခဲ့ရင်..

မောင်..
တယောက်ထည်းမို့  အားမငယ်နဲ့ .
ဒီမှာ ကိုယ်ရှိနေတယ်။..
ဘယ်အချိန်ဘဲဖြစ်ဖြစ်
အိမ်မက်ဆိုးတွေကြောင့်..မင်းကြောက်ရွံ့ ရင်.
လုံခြုံမဲ့ မင်းအိပ်စက်ဖို့ ရင်ခွင်..
အသင့်ပြင်ထားတယ်။

သတိရခဲ့မယ်..
ကောင်းကင်ကိုမော့ကြည့်..
နေခြည်တန်းတွေထဲ ကျမရှိတယ်။
လေညှင်းတွေလိုဘဲ..နှစ်သိမ့် ကျမနမ်းမယ်။
ရေကြည်လိုဘဲ..ကျမ လန်းဆန်းပေးမယ်။
ဘယ်တော့မှ..အထီးမကျန်..
တယောက်ထဲ..လေဆန်ရေဆန်ထဲ
မောင့်ကို မချန် ထားခဲ့ပါဘူး..

သိပ်လွမ်းနေခဲ့ရင်..
လေပြေ တွေထဲ အသံကုန်ဟစ်
ကျမနံမည်ကို အော်သာ ခေါ်..
အလင်းတန်းတွေ နောက်
လိပ်ပြာတောင်ပံဌားပြီး
ကိုယ် လိုက်လာမယ်။..
ည ည တိုင်း..အိမ်မက်..
ဒို့ တူတူ မက်ကြရအောင်။

No comments:

 
/* EOT ----------------------------------------- */