မိုးရေခ အလွမ်း
အပြင်ဖက်မှာ.
မိုးရွာနေတယ်
မောင်တယောက်ထဲ မိုးရေတွေထဲ..
နွေးထွေးမှ လုံခြုံရဲ့လား..
မိုးလေပြေ အသုတ်..
သစ်ကိုင်းတွေ လှုပ်ရင်..
လျှပ်ကြိုးမြည်ချုံး..မိုးကြိုးတွေ ပစ်ရင်..
ထွေးပွေ့ မဲ့ရင်ခွင်အဝေး
မောင်ရယ်..လွမ်းနေမှာ အသေချာ..
မိုးမဲညများစွာ..
အေးစက်တကိုယ်ထဲ..
အားငယ်ဆဲ..
ချမ်းအေး နေဆဲ
“မ” လည်း လွမ်းနေဆဲ။
ကိန္နရာများသို့ လွမ်းရက်ရှည်
ရင်မှာ တသသ..လွမ်းမျက်ရည်။
ထာဝစဉ် မေ့မရ..လွမ်းသက်သေ။
အစဉ် အမှတ်တရ မိုးညရဲ့တစ္ဆေ။
(၁၂။၁၂။၂၀၀၈)
No comments:
Post a Comment