Saturday, April 9, 2016

အိမ်မက်မြူ ကလေးများ..

လေယာဉ် ဆင်းတဲ့အင်ဂျင်စက်သံ.
ဝေဟင်ပေါ်ကကြားတိုင်း..
သတိရမိတယ်။
တနေ့  မောင်လာမယ်။

နေကြာပန်းလေးတွေကို နေခြည်နမ်း..
ပွင့်လန်းသလို..
မောင့်အနမ်းနဲ့ ကျမဘဝ
တဖန် ပြန်နိုးထပါရစေ။

လိပ်ပြာလေးတွေ ကို ပန်းအနားတဝဲဝဲ
မောင့် အနားမှာဘဲ နေပါရစေ။

သောင်ပြင်ကမ်းနဲ့  ညနေချမ်း..
မောင်နဲ့  တူတူနေမဲ့ ကမ်း..
ကျမ ရော်ရမ်း မျှော်နေတယ်။

မောင်လာမဲ့နေ့  တစ်နေ့ 
အိမ်မက်တွေ ထဲ တူတူ..
ရင်ခုန်သံတွေ ခြူကြမဲ့နေ့ ..
မျှော်လင့်ချက်များ ရင်မှာ အပြည့်
အခါခါ...ဆုတောင်း ရင်မောလျှ..
ဒို့  ဝေးကွာနေသေးတဲ့ တခဏ

မ ( ၁၂။ ၁၂။၂၀၀၈)

No comments:

 
/* EOT ----------------------------------------- */