အဖြေ..
လှိုင်းစီးဖြတ်လာတဲ့ သူ့ အသံ
နား အနားမှာ တိုးတိုးလေး.ကြားလိုက်တယ်..
သူပြောတယ်…ချစ်တယ်။
ရင်ထဲထူပူ..နှလုံးသားဆူ..
မောင်ရယ် တကယ်မှ ဟုတ်ပါစ။
ကျမ မှာ..
မောင်နှစ်သက်စရာ အလှမရှိပါဘူး..
ကြင်နာတတ်တဲ့နှလုံးသား..
ကူညီတတ်တဲ့ လက်များဘဲရှိပါတယ်။
မောင်ရယ် ဘာလို့ များ ရွေးချယ်ပါသလဲ။
မောင့်အတွက် အမောပြေအနမ်း..
အားငယ်တဲ့အခါ တွဲခေါ်မဲ့ လက်ကမ်း.
အေးအတူ ပူအမျှ သွားရဲတဲ့လမ်း..
ကျမ ဟာမောင့် အတွက်တော့
ခယောင်းလမ်းပေါ်က အညတြ ပန်းကြမ်း
မောင်ရယ်.
အမောပြေ ယုယစွာနမ်းမှာလား..
ကြားတယ်လား
ကျမရဲ့ အဖြေ..
မျက်လုံးတွေ မှာအဖြေရှိတယ်။
စကားသံထဲ..အဖြေရှိတယ်။
စာသားတွေ ထဲ အဖြေရှိတယ်။
သက်ပြင်းသဲ့သဲ့ အဖြေရှိတယ်။
တဒိတ်ဒိတ် ရင်ခုန်သံ..
ဘယ်သူကြောင့်ပါလည်း..
ဘယ်သူပါလည်း ညှို့ စားတဲ့ မှော်ဆရာ..
ကျမ ချစ်တာ
ဘယ်သူလည်း သိလိုက်ပါ။
မ ( ၁၂။ ၁၂။၂၀၀၈)
No comments:
Post a Comment