ပြေးထွက်မရ..
လူးလွန့် နေတဲ့ မီးတောက်က..
ပိုးဖလံလေးတွေကို ယိမ်းထိုးမြှူဆွယ်နေဆဲ
အတောင်ကျိုးတောင် မီးအပူထဲ..
ပျော်နေဆဲ..ရှာနေဆဲ။
ကိုယ်ဟာလေ..ပိုးဖလံ။
ကောင်းကင်က ချိုမြတဲ့ လရောင်ခြည်..
ပင်လယ်ပြာရေကြည်ကို..မျက်စပစ် ဖြားယောင်းဆဲ။။
ကမ်းထိတိုင် လှိုင်းတက်ပင်လယ်ရေ..
ကြွတက်နေဆဲ..ကမ်းကိုနမ်းနေဆဲ
ကိုယ်ဟာလေ..ပြင်းပြတဲ့ ဒီရေ
နေရောင်ကြားက..ပန်းလေးတစ်ပွင့်
လိပ်ပြာလေးကို ရနံ့ ပေး ကလူ ကျီစယ်ဆဲ
တောင်ပံ တွေ မညောင်းမချင်း.
တ၀ဲလည်လည်နဲ့  ပြေးမထွက်သာ
ပျံ နေဆဲ။ ရှာဖွေဆဲ
ကိုယ်ဟာလေ..လိပ်ပြာ။
ကျမနဲ့ မောင်
တွေ့ ဆုံမိတာ..ခဏခဏ..
ဘယ်သူပို အချစ်ပြိုင်..ခဏခဏ
စကားပြောကြတဲ့ ညပေါင်းများစွာက..
တမ်းတမ်းတ ရင်မှာ အမှတ်ရနေဆဲ
ခုထိ ပြောမကုန်ကြသေးဘူး..
ခုထိ..အချစ်တွေ မလုံလောက်သေးဘူး..
ဘယ်တော့မှ အချစ်တွေ မရိုးလောက်ကြဖူး
မှိန်တလင်း..ကြယ်ကလေးတွေ အောက်..
ချစ်သူရင်ခွင်ထဲ တစ်ခေါက်..
အချစ်ပန်းလေးတွေ ထပ်ကောက်ချင်တယ်..
ပိုးစုန်းကြူးတွေ..တောက်ပတဲ့ ညချမ်းချိန်ဝယ်။
ချစ်သူရယ်..ခွင့်ပေးမယ်လား..
မ (၁၂။ ၅။၂၀၀၈)
No comments:
Post a Comment