စောင့်နေဆဲ..မောင်
အချစ်ဦးတော့ မောင်မဟုတ်ပါဘူး..
အချစ်ဆုံးတော့ မောင်ဖြစ်တယ်။
ငယ်ရွယ်စဉ် မွှန်ထူနေတဲ့ အချစ်မျိုးတော့ မဟုတ်ပါဘူး..
ရင့်ကျက်ချိန် အေးဆေး တည်ငြိမ်တဲ့ အချစ်မျိုးနဲ့  ချစ်တယ်။
အသွေးအသားတွေ ထက်စာ..
ဘ၀လမ်းလျှောက်ဖို့  စဉ်းစားတဲ့အရွယ်မှာ..
သစ္စာဆိုတဲ့ စကားလုံးဆိုတာ..
အချစ်ဆိုတာထက် အများကြီးသာတယ်
အချစ်ဆိုတာထက် အများကြီး တာသွားတယ်။
မောင့် ကို သိပ်ချစ်တယ်။..
မကို ယုံပါ..
စစ်မှန်တဲ့အချစ်ရှိတယ်ဆိုတာကို ယုံပါ..
ဒီပြာတဲ့ မိုးသားအောက်မှာ..
နေခြည်တွေ..အောက်မှာ.
တနေ့ တွေ့ မယ်။
မောင်ရဲ့ သစ္စာကို ပြန်လှန်လက်ဆောင်ပေးမဲ့..
ဘ၀ဆိုတဲ့ လက်ဆောင်ရှိတယ်။
မောင်ရဲ့ ရိုးသားသော အနမ်းကို
ကြည်ဖြုစွာလက်ခံမဲ့ ပါးလေး နှစ်ဖက်ရှိတယ်။
ကျမ စောင့်နေမယ်..တသက်လုံးဒီနေရာမှာ။
မသေခင်..တွေ့ ရကောင်းပါရဲ့။
ဆုတောင်းရင်း..အချစ်စစ်နဲ့ 
ရင်ခုန်ရမဲ့ နေ့ တွေ..
ကျမလည်း တွက်ရေနေဆဲ။
လွမ်းလိုက်ရတာ..မောင်။
မ (၁၁။၂၉။၂၀၀၈)
No comments:
Post a Comment