နမ်းရှိုက်မိသော..ပန်းနူရောင်အိမ်မက်
ရှိဖူးတယ်..ရင်ထဲ
ကဝေဆန်ဆန်..
ဒဏ္ဍာရီ ဇာတ်လမ်း ကလေး
မယုံကြည်ရင် ပုံပြင်သာ မှတ်ပေါ့။
နေခြည်အဆင်းရှိတဲ့ အိမ်မက်..
ပန်းလွှာချပ်သင်းတဲ့ အိမ်မက်.
ပိုးဥ ဇာခြည် နုဖန့် ဖန့်  အိမ်မက်…
ပျားရည်ချို ဆမ်းတဲ့ အိမ်မက်..
ဘ၀မှာ မက်ခဲ့တယ်။..
ရူးတယ်ဘဲပြောမလား။
ချစ်သူရဲ့ စကားလုံးတွေကို စားသုံးခဲ့သူ
အဝေးကသဲ့သဲ့ လေသံ
ပဲ့တင်သံတို့ ရဲ့ ရိုက်ခတ်သံ..
ပုခုံးစပ် နားဖျားလေး အစွန်းမှ..
ရွရွကလေး တီးတိုး
" သိပ်ချစ်တယ်” သူပြောတဲ့အသံ
ရင်ခုန်တွယ်ရစ်..
အိမ်မက်ထဲမှာ သိရတဲ့သူ..
ဖြူသလား မည်းမလား..
မရေရာ.မကွဲပါဘူး..
မတွေးမိခဲ့ပါဖူး..
နေ့ တဓူဝ..
ညပေါင်း တစ်ရာမက..
ပြောဖြစ်တဲ့ စကား..
ဖလှယ်တဲ့ နှလုံးသား..
နားလည်မှု တမျိုးထဲက..
ဘ၀ကို..နေရောင်ထဲ ပြန်လမ်းတည့်ပေးတယ်။
အမှောင်ထဲက ..ဝေဒနာ..
ဖေါ်ပျောက်နွမ်း ဒဏ်ရာ..
လေရူးနဲ့အတူ ရင်ထဲက လွင့်ပါးခဲ့ပြီ။
ချစ်သူပေးတဲ့ ပန်းတပွင့်..
တဘ၀ ပွင့်ဖို့ ရွယ်ရည်။
ယုံကြည်ချက်နဲ့ မနက်ဖြန်ခါ..
ချစ်သူ အတွက် ရင်ထဲကနေရာ..
အချိန်မရွေး လာသာလာခဲ့..
အိမ်မက်ဟောင်းများ တကယ်နိုးထမဲ့
မနက်ခင်းရောင်နီ..ရွန်းမြ နေ့ သစ်ဆီ
အချိန်မလင့် မျှော်လင့်နေသည်။
စုစု (၁၂။၂၃။၂၀၀၈)
No comments:
Post a Comment