ဆူးအဆိပ်သင့်..
အချစ်ဆိုတဲ့ ဤအရာ
စိတ်ကူးယဉ် ကြည့်တဲ့အခါ..
အားလုံးဟာ လှပ..
အရာရာဟာပြည့်စုံ
ချို ပျားသကာရည်နဲ့ ..
ပျော်ရွှင်နိဂုံးနဲ့ ..
မရိုးနိုင်တဲ့ အချစ်ပုံပြင်ဆိုတာ
အပြင်ဘဝနဲ့ ကျ တကဲ့ကို ဝေးကွာ။
အချစ်ဒဏ္ဍာရီများ..
လူတိုင်း တတ်မက်ကြပေမဲ့
တချို့ ကကံကောင်း။
တချို့ ကျ ကံမကောင်း။
တချို့ က ပန်းကုံးစွပ်။
တချို့ ကျ အသည်းနှလုံးကျွတ်။
တချို့ က အပြုံးများ။
တချို့ ကျ အမုန်းပွါး။
ဖြစ်ချင်တာနဲ့ ဖြစ်လာတာ..
မတူတဲ့ လောက ထဲ..
စိတ်ကူးယဉ်တာနဲ့ လက်တွေ့ ကို ကဏ္ဍခွဲ
နေလာခဲ့တာလည်း အတော်ကြာ။
ဘဝဟာ သမရိုးကျ အသားကျနေခဲ့ပြီ။
မင်းနဲ့ ဆုံဖြစ်..
မယုံဖြစ်တဲ့ အချစ်ဆိုတာ..
ယုံကြည်ဖြစ်လာခဲ့ပေမဲ့..
မရေရာ တဲ့..အနာဂတ်
မသေချာ တဲ့ အချစ်ပစ်မှတ်
မဖြစ်နိုင် တဲ့..ဘဝ
မပစ်နိုင် တဲ့ အချစ်..
ဘာတွေ ဆက်ဖြစ်မလဲ..
အရှုံးမှာ..ကွဲမဲ့အသည်း..
ကိုယ်ဖာသာ ကိုယ်ဘဲသိတယ်။
ရူးသွပ်မှုလေးတစ်ခု..
စိတ်ကူးယဉ်မှု အတွေးရိုင်း..
တနေ့ မှာ..
တနေ့ မှာ..
နာကျင်စွာ ခံစားရမှာသိပေမဲ့ ..
အချစ်ရယ်..
ကိုယ် ထွက်မပြေးရက်ပါဘူး။
နှင်းဆီကို ပန်လိုသူ
နှင်းဆီရဲ့ ဆူးချက်သင့်..
ရင်တနင့်နင့် ခံစားဆဲ..
ဆက် မနမ်းရဲ..
လွှတ် မချရဲ
မိုက်တယ်ဘဲ ဆိုချင်လည်းဆို။
No comments:
Post a Comment