အိမ်မက်တို့ ၏ သီအိုရီ..
နှင်းရည်စက်ကလေးတွေဟာ
မနက် နေခြည်ထွန်းတောက်
မိုးသောက်တဲ့ အခါ
ကွယ်ပျောက်သွားကြတယ်။
လှပတဲ့ ပန်းပွင့်ချပ်ကလေးတွေဟာ
အသီးတွေ တင်
အောင်မြင်သွားတဲ့ အခါ
ရိနွမ်းယော်ကျ
ခြောက်သွေ့ ရတယ်။
အော်..
မင်း နဲ့ ကိုယ်ရဲ့ အချစ်ပုံပြင်ရယ်..
တကယ်ဆို..မယုံနိုင်စရာ
အိမ်မက်ကလေး ပါဘဲ..
လှပစွာ မက်ခဲ့တယ်။
ဘဝ တသက်တာ အမှတ်တရရယ်..
မဖြစ်နိုင်ပေမဲ့ မက်မောစွာ..တမ်းတမိတယ်။
အမှန်ကတော့.
အားလုံးဟာ..
နေခြည်အောက်က..သက်တန့် ကလေးပါဘဲ..
သက်တန့် ဆိုတာ
အဖြူရောင် အလင်းက
မျက်စိကိုလှည့်စားတဲ့..ခုနှစ်ရောင်ခြယ်တဲ့ အရောင်..
ကျမတို့ ရဲ့ အချစ်ပုံပြင်ဟာ
ညဖက် မက်တဲ့
အိမ်မက်ကလေးတစ်ခုသာပါဘဲ မောင်။
No comments:
Post a Comment