မပြီးဆုံးသေးသော..ဆုတောင်း.
ခလေး အိမ်မက်…
ငယ်ငယ်က..ရက်တွေ..
ဖေဖေပြောပြတဲ့
အိပ်ရာဝင်.ပုံပြင်တွေနားထောင်ရင်း
အိမ်မက်တွေထဲက..
ကျမလေ..စင်ဒရဲလား..
လှလှ မလှလှ..ကံကောင်းထောက်မ
ရွှေမင်းသားလေးတော့ လိုချင်တယ်။
အပျိုစင် အိမ်မက်…
ပန်းနုရောင်..ရက်စွဲများ.
ကျောင်းမှာဆုံတဲ့ မျက်လုံးတွေ
ကော်ရစ်ဒါ ဒေါင့် က အနမ်းတွေ
ကျောင်းလှေခါးထစ်ထိုင်.ပြောမကုန်စကားတွေ
သူဘဲလေ..ကျမရဲ့ ရွှေမင်းသားလေး..
လူဘုံအလည်မှာ ကြွားပြ
ကျမ ရဲ့ ခင်ပွန်းပေါ့
ဘယ်သူ..ဘာညာ..ဘယ်ဝါ
ဘာဂုဏ်တွေ နောက်တွဲပါ။
အရွယ်လတ် အိမ်မက်…
ရင်သိမ့် ခုန် ရာဂထက်..
အေးမြမဲ့ မေတ္တာကိုသာ တက်မက်တယ်။
ခေါင်းဆောင်းကျွတ် ရွှေမင်းသားအတွက်
ရေစက်ချ အမျှဝေ..
ယူချင်သူသာ ယူသွားကြပါစေ။
အချစ်အတု မလို..
ဘဝရဲ့ နောက်ဆုံးရက်..
ကောင်းတူဆိုးဖက်.
အဖေါ်ကောင်းဘဲ မက်တယ်..
ဘယ်သူပါလည်း မိတ်ဆွေကောင်း..
မသေခင် တွေ့ ဖို့ ဘဲ ဆုတောင်းပါရစေ။
No comments:
Post a Comment