တဖန် ပြန်ဆန်းသစ်ခြင်း
ဖေဖေ ကဒန်းလွှဲပေးတဲ့ အခါ..
လေထဲလွင့်တဲ့ ဆံပင်များ..
ထိတ်ကနဲအေး..ဝေဟင်မှာမြှောက်သွား.
ခစ်ခစ်ရီသံပေး..
ပျော်ရွှင်ဆုံး
ကျမလေ..တကဲ့ ခလေးလေး..
မနေ့ က ည
မောင်က.ကျမပါးပေါ် မွှေးမွှေးပေး
ထောင်ထလာတဲ့ ကြက်သီးများ
သိမ့်ကနဲခုန်.ကမ္ဘာ မြေပြိုကျသွား
ရီရခက်..မရီရခက်..
ရှက်တစ်ဝက်..ပျော်တစ်ဝက်
မချိုမချဉ် မျက်နှာပေး..
ကျမလေ.အပျိုစင်လေးပြန်ဖြစ်သွားတယ်။
No comments:
Post a Comment