လာမှီနော်..ဒီပုခုံးပေါ်..
ဗုဒ္ဓွ အဟောရှိတယ်.။
မိမိ ကိုယ်သာ မိမိ ကိုးကွယ်။
မိမိ ပြဿနာ..မိမိဖာသာပေမဲ့..
လူဆိုတာ..အားငယ်တဲ့ အခါ..
အဖေါ်ဆိုတာ လိုချင်ရဲ့..
ရင်ခွင်တစုံရှာ..မျက်နှာဝှက်ငိုချင်ရဲ့။
ရင်နာကြင် ဝေဒနာ..မျှခံစားချင်ခဲ့။
ဘယ်သူကဲ့ရဲ့..ရှက်စရာမလို။
ပန်းလေးတွေတောင် လိပ်ပြာမပါ
အသီးမဖြစ်လာပါဘူး။.
ကျေးဌက်တွေတောင်အဖေါ်မပါ..
ချိုသီချင်း မဆိုနိုင်ခဲ့ပါဘူး။
လူမှန်ရင်
တယောက်ထဲ အထီးကျန်
မနေတတ်တာ အပြစ်မဟုတ်ဘူး။
အရွယ် သုံးပါး ဘယ်အရွယ်မဆို..
အချစ်ဆိုတာ လိုအပ်တာဘဲ။
မင်းအတွက်..ရင်ခွင်တနေရာ..
စိတ်အားငယ်တဲ့အခါ လာ..
မှီစရာ..ပုခုံးတဖက်..
မင်း အတွက်..ကိုယ့် လက်ဆောင်။
No comments:
Post a Comment