Sunday, April 10, 2016

မလုံ့ တလုံ ထီးကလေးအောက်..

မိုးမင်းက သည်းလွန်းတယ်။
အပြင်ဖက်မှာ..
မိုးကာမပါ ထီးမပါ..
သူ မိုးတွေ စိုနေတော့မှာဘဲ..

ချမ်းအေးတဲ့ မိုးလေအဝှေ့ 
သူ ချမ်းအေးနေလေရော့မယ်။
လုံခြုံတဲ့ ကိုယ့် ထီးရိပ်အောက်..
လာနေပါလား ချစ်သူရယ်။

တယောက်စာ ထီးရိပ်ကလေးထဲ
တိမ်ညိုမည်း မဲချင်သလောက် သာမဲ
မိုးမစဲ သည်းချင်သလောက် သာသဲ
စိုရွှဲချင်သလောက်သာ ရွှဲ.
နှစ်ယောက်အတူတူ.ဘ၀သစ် ဖြူဖြူ
အေးအတူ ပူအမျှ
ဝေမျှချင်တယ်။

သူနဲ့ တွေ့ ပြီးမှ
ချောက်အိမ်မက်ဆိုးတွေ..
မမက်တာလည်းကြာ။
နှောင်း အတိတ်ဆိုးတွေ..
မတွေးဖြစ်တာလည်းကြာ။

အားအင်တွေ ပေးတယ် အချစ်က..
မျှော်လင့်ချက်အတွေး တွေသီ.
ပုတီးလေးလိုကုံး..
အနာဂတ် ဆေးပန်းချီ
အရောင်စမ်း ချယ်မှုန်း
တနေ့ မှာ အပြုံးနဲ့
ဇာတ်သိမ်းမှာသိနေပေမဲ့
အလွမ်းတရ..သတိရတယ် ကောင်လေးရယ်။

မိုးတွေ ရွာတဲ့ ရက်များစွာ..
လုံခြုံ အကြင်နာ
ထီးမိုး ပေးချင်တဲ့ စေတနာ။

.

No comments:

 
/* EOT ----------------------------------------- */