အချစ်ခံ..ကြိယာ၏ ချိုမြိန်သောအရသာ
ဆေးသောက်ပြီး အိပ်မောကျနေတုန်း
ပူနေတဲ့ မင်းနှဖူးကို တယုတယ နမ်းဖူးတာ။
မင်းတော့ သိလောက်မှာမဟုတ်ပါဘူး။
ဖျားနေတဲ့ မင်းအနား..အရိပ်လိုတစိမ့်စိမ့် ကြည့်
စိုးရိမ်တကြီး ကိုယ်အိပ်ရေးပျက်ဖူးတာ။
မင်းတော့ သိလောက်မှာမဟုတ်ပါဘူး။
သည်းခံလွန်းတဲ့ မင်းအပေါ် သူတပါးစော်ကားတော့
ကိုယ် မင်းဘက်က ချေပဖူးတာ။
မင်းတော့ သိလောက်မှာမဟုတ်ပါဘူး။
မင်းဒုက္ခတွေကို မျှခံစား..ဘယ်လိုများဖြေရှင်းရ
စိတ်သောက ရောက်ဖူးတာ။
ဘာလေးဘဲဖြစ်ဖြစ်.
မင်းအတွက်ဘဲ ကိုယ်အရင်သတိရတယ်။
ပေးဖို့ ကလွဲဖို့  ဘာမှမယူလိုတဲ့ အချစ်..
ပြောပြရင်..ထူးဆန်းအံ့ဖွယ်လား..
ရီစရာ..ကြောင်တောင်တောင်ဟာသအလား.
သူတပါး ခံစား သိတတ်ဖို့ မလွယ်..
ကိုယ့်ဝမ်းနာ ကိုယ်သာဘဲသိတယ်။
မင်း အတွက်ဆို
အနစ်ခံလျှက်..ကိုယ်ချစ်နိုင်ပါတယ်။
မင်း အတွက်ဆို
အဝေးမှနေလျှက်..အလွမ်းနဲ့ ချစ်နိုင်ပါတယ်။
မင်း အတွက်ဆို
ထာဝရတသက်..ဆက်ချစ်နိုင်ပါတယ်။
မင်း ချစ်ဖူးပါရဲ့လား..
မင်း အချစ်ခံဖူး ပါရဲ့လား..
ကိုယ်လေ ချစ်ဖူးပါတယ်။
ကိုယ် အချစ်တော့ မခံဖူးပါ။
ဒီ လိုအပ်စွာ တမ်းတဆန္ဒ
ကိုယ်ဆုတောင်းမပြည့်ရလည်း
မင်းအတွက်ကျ ပြည့်စုံစေ။
ခံစားကြည့်ပါ။
အချစ်ခံရတာ..ဘယ်လိုမျိုးပါလဲ..
မြည်းစမ်းကြည့်ပါ.
အချစ်ဆိုတဲ့ အရသာ။
မ
No comments:
Post a Comment