Saturday, April 9, 2016

ကိုယ်တိုင် ထိမှ..ကိုယ်ချင်းစာ..

တနေ့ က လေး..
ကျမ အလည်လွန် အိမ်ပြန်နောက်ကျ..
သူက စိတ်ပူပူနဲ့ ဒေါပွ..
“အပြင်သွားရင်..နောက်ကျမယ်
ဘာရယ် ညာရယ်.တခုခု ပြောထားခဲ့ပါလား
ဒီမှာ ရင်တွေ ပူ၊ ဆူလောင်လွမ်းလျှ
နေမထိ ထိုင်မရ”
တဲ့
ဟွန်း..သူ မို့ ပိုတယ်..
သူဘဲ ချွဲတတ်တယ်။
ကျမ မျက်စောင်းထိုးဖူးတယ်။

တစ်ညကလေး..
သူ နေမကောင်းလို့ 
မတွေ့ ရတဲ့ အခါ..
ကျမ လေ..စိုးတထိတ်ထိတ်
နှလုံးခုန်သံ တဒိတ်ဒိတ်..
သူများ အသစ်တွေ့ နေသလား..
တညလုံး ထိုင်စောင့်..
မတွေ့ တာနဲ့  ရင်မှာအောင့်။
နှုတ်ခမ်းလည်းဆူ ခြေဆောင့်။

ခုတော့
ကျမ သိသွားပြီ။
ကိုယ်ချင်းစာလည်း.တတ်ခဲ့ပြီ။
မောင့်လိုဘဲ ကျမလည်းချစ်သည်။

မ (၁၁။ ၁၂။၂၀၀၈)

No comments:

 
/* EOT ----------------------------------------- */