Saturday, April 9, 2016

ဆေးပေါင်းခတဲ့ ည။

တိမ်စင် ရွှမ်းပ
တန်ဆောင်မုန်းည..
ခဝဲပန်းတို့ ပွင့်ကြတဲ့အခါ.
ကောင်းကင်ဆီ ကြယ်တာရာစုံညီ
တန်ဆောင်ပွဲ နွဲကြပြန်ပြီ။

နှင်းလေအလာမှာ လှုပ်လှီလှဲ့ 
ဖယောင်းမီးစာ..ဘယ်ယိမ်း ညာနွဲ့ 
ချစ်သူနဲ့  တွေ့ ရမဲ့ရက်..
ရေတွက်..အဖြေခက်..
ပြက္ခဒိန်သာ..တရွက်ပြီး တစ်ရွက်
ဆုတောင်းရင်း မျက်ရည်သက်တယ်..
ချစ်သူနဲ့ နက္ခတ်သဘင်ပွဲ.တူတူ နွဲချင်တယ်။

ဆေးပေါင်းခတဲ့ ညကလေး..
မယ်ဇလီဖူးသုတ် ကလေး..
သူ့ ဖို့ ချန်ထားတယ်။
နောက်နှစ်ကျ..ဒို့ တူတူစားမယ်။

တနေ့ မှာဆုံ..ကြုံရမဲ့ မျှော်လင့်ချက်..
အနေကြာတာ..မြန်မြန်ကုန်စေဖို့ 
ပုဒ္ဓမာ ကြာပန်းလှူဆုတောင်းတယ်..
မောင်ရယ်..
နီးကြဖို့ ..တွေးရင်းတောင် မျက်ရည်စို့ ။

မ(၁၁။၁၂။၂၀၀၈)

No comments:

 
/* EOT ----------------------------------------- */