Saturday, April 9, 2016

ဒီပုံပြင်ရဲ့ အဆုံးသပ်

အလိုတကျ ဆန္ဒအတိုင်း
ဖြစ်မလာတဲ့ လောကဓံတွေကို
အံကြိတ်ဖြတ်ကျော်ရင်း..
မချစ်သူနဲ့ နေရခြင်း..
ချစ်ခင်သူနဲ့ ဝေးကွာခြင်း
ငိုကြွေးချင်းအတိ
အလွမ်းတွေ ပင်လယ်ထဲမျှောရင်း
ဘ၀ကိုချင်းနင်းခဲ့တာ..
တစ်ဝက်တောင် ကျိုးတော့မယ်။

လူဆိုတာ ပုထုဇဉ်..
ချစ်သူကိုရင်မှာထွေး
တီတီတာတာလေး ပြောချင်တယ်။
ပုခုံးစွန်းပေါ် ပါးကပ်
ဘ၀တောင် ပုံအပ်ချင်တယ်။

ဘယ်လောက်ချစ်တယ် စာစီရေး.
တိုးတိုးကလေး ဆိုချင်တယ်။
မောင့်ကို ကျမချစ်တယ်။

ကျမရဲ့ မျက်လုံးကလေးတွေ
မောင်ရယ် မနမ်းလိုက်ပါနဲ့ 
မောင်အချစ်ကြောင့်ကြည်နူးလို့ ကျတဲ့
မျက်ရည်ရဲ့ အရသာ..
မောင် မခံစားစေချင်ပါ။

ပျော်ရွှင်မဲ့နိဂုံးရဲ့ ပုံပြင်ထဲ
တသက်လုံး ရှာဖွေမောရတဲ့ ရွှေမင်းသား..
ကံကောင်းသူမို့  ရှာတွေ့ တယ်။
ကျမတို့ ရဲ့ ဒဏ္ဍာရီ
ပြောမယုံ..နှစ်ယောက်ထဲဘဲသိတယ်။


မ (၁၁။ ၁၂။၂၀၀၈)
.

No comments:

 
/* EOT ----------------------------------------- */